Local News

အာဆီယံကတော့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ ချွေတာစုဆောင်းပြီး အသင့်ပြင်ထားရပါတော့မယ်(မြန်မာပြည်ကြီး ကံကောင်းပါစေ)

အာဆီယံကတော့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ ချွေတာစုဆောင်းပြီး အသင့်ပြင်ထားရပါတော့မယ်(မြန်မာပြည်ကြီး ကံကောင်းပါစေ)

အာဆီယံကတော့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ သဘောကတော့ ဒီဘက်ကလဲ အထူးကိုယ်စားလှယ်နဲ့ အမေစုတို့ကို ဘာဖြစ်ဖြစ် လုံးဝပေးမတွေ့ဘူးဆိုတာပါပဲ။ အာဆီယံကလဲ ဒီအတွက် ပေးမတက်ဘူး ဖြစ်သွားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေအပြင် အာဆီယံ-အမေရိကန်၊ အာဆီယံ-တရုတ် အစရှိတဲ့ သီးသန့်အစည်းအဝေးတွေလဲ ရှိပါတယ်။ အာဆီယံက ဒီ ၁၀ နှစ်အတွင်းမှာ အလျင်အမြန် ကြီးထွားလာတာပါ။

သမ္မတအိုဘားမားလက်ထက်မှာ သူကိုယ်တိုင် အမြဲလာတက်သလို တရုတ်သမ္မတ ရှိီလဲ လာတက်တဲ့အထိ အရေးပါလာပါတယ်။ အခု အာဆီယံဆုံးဖြတ်ချက်အရ မြန်မာပြည်မှာ ဘက်ပေါင်းစုံပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးက ပိတ်သွားပါပြီ။ ၂ ဖက်လုံးက နောက်မဆုတ်တမ်း သွားကြတော့မယ့်သဘောပါပဲ။

အဲဒီတော့ အာဆီယံက သူတို့ရဲ့ သဘောတူညီချက် ၅ ရပ်ကို ဘယ်လိုရှေ့ဆက်မလဲ။ သူတို့ မဖြေရှင်းနိုင်ပါဘူးဆိုပြီး ကုလကိုပဲ ပြန်လွှဲပေးလိုက်တော့မလား။ စောင့်ကြည့်ရတော့မှာပါ။

အဓိက Key player ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်မှာ တရုတ်က တခွန်းမှကို ဝင်မပြောတော့ပါဘူး။ သူတို့ရဲ့ ကိုယ်စားလှယ် ဆွန်ကော့ရှန် ပြန်သွားထဲကပါ။

အစက သူတို့က အတော်ကြိုးစားခဲ့ပေမယ့် အခုတော့ နယ်စပ်ဂိတ်တွေပါ ပိတ်ထားလိုက်ပါတယ်။ ဒီတော့ လက်ရှိမှာ အမေရိကန်ကပဲ ဝင်ကစားနေပါတယ်။ ဘလင်ကန်ရဲ့မနေ့က ဆွေးနွေးမှုတွေက ဒါကို မြင်တွေ့ရစေပါတယ်။

ဗြိတိန်ကလဲ စာတွေထုတ်လာသလို အမေရိကန်နဲ့ ဗြိတိန်တို့ ပါတဲ့ AUKUS အဖွဲ့က ပိုလှူပ်ရှားဖွယ်ရှိကြောင်း သံရုံးထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

မြန်မာပြည်အရေးကတော့ ပိုမိုရှုပ်ထွေးသွားပြီး စကားဝိုင်းထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရမယ့် နည်းလမ်းကတော့ မဖြစ်နိုင်သလို ဖြစ်သွားပါပြီ။ ပိုပြီး ခက်ခဲကြမ်းတမ်းမယ့် လောကဓံတွေ၊

စီးပွားရေးကျဆင်းမှုတွေ၊ ဆင်းရဲငတ်မွတ်မှုတွေ၊ စစ်ပွဲတွေအတွက်ပဲ ကျနော်တို့ ပြည်သူတွေက ချွေတာစုဆောင်းပြီး အသင့်ပြင်ထားရပါတော့မယ်။

မြန်မာပြည်ကြီး ကံကောင်းပါစေ။

Credit to Nay Thway

About the author

admin

Add Comment

Click here to post a comment