Local News

အာဆီယံကို အပြစ်တင်ပြောဆိုပြီးကာမှ ပြန်ချော့တဲ့ စစ်ကောင်စီ

အာဆီယံကို အပြစ်တင်ပြောဆိုပြီးကာမှ ပြန်ချော့တဲ့ စစ်ကောင်စီ

အာဆီယံ ထိပ်သီးဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ထုတ်ပြောထားပြီးပေမဲ့ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် ၅ ရပ်ရဲ့ လုပ်ငန်းစဥ်တွေကိုတော့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ့ ထပ်မံကြေညာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကနေ စစ်ကောင်စီ ခေါင်းဆောင်အစား နိုင်ငံရေးကိုယ်စားမပြုသူကိုသာ အခုလကုန်ပြုလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေးဖိတ်ဖို့ ဆုံးဖြတ်ကြောင်း အာဆီယံက တရားဝင်ကြေညာပြီးတဲ့နောက် ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ခက်ခဲကြောင်း စစ်ကောင်စီဘက်က ကြေညာချက်တွေထုတ်ပြီး တုံ့ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ယမန်နေ့ကလည်း အာဆီယံဥက္ကဋ္ဌသည် အဖွဲ့၀င်နိုင်ငံများ၏ ပြည်တွင်းရေးမစွက်ဖက်ရ မူကို ဆန့်ကျင်နေကြောင်း၊ မိမိတို့အနေဖြင့် လိုက်နာရန် ခက်ခဲကြောင်း၊ အစည်းအဝေးတက်ရောက်ရန် အခွင့်အ‌ရေး အပြည့်အ၀ရှိကြောင်း၊ မျှတမှုမရှိ မူဘောင်ကျော်လွန်သည့် ဥက္ကဋ္ဌ၏ လုပ်ဆောင်မှုများကို လက်မခံကြောင်း ပြင်းထန်စွာထုတ်ပြန်ထားပါသေးတယ်။

ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံ သဘောတူညီချက် ၅ ရပ်ကို ဆက်ပြီးပူးပေါင်းမယ့်အကြောင်းအပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ပြီး ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

အာဆီယံ ဘုံသဘောညီချက် ၅ ရပ်မှာ အထူးသံတမန် မြန်မာနိုင်ငံလာရောက်ရေးပါဝင်ပြီး လာရောက်ရေးအကောင်အထည်ဖော်ရာမှာတော့ အာဆီယံ သံတမန်ဘက်က တွေ့ဆုံလိုသူတွေ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး မပြေမလည် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကြေညာထားတဲ့ ရှေ့လုပ်ငန်းစဥ် ၅ ရပ်အတိုင်း ဆက်ပြီးဆောင်ရွက်မယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ၅ ရပ်ရဲ့ နောက်ဆုံးအဆင့်ဟာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ပါတီကို တာဝန်လွှဲအပ်မယ့်အဆင့်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Zawgyi

အာဆီယံကို အျပစ္တင္ေျပာဆိုၿပီးကာမွ ျပန္ေခ်ာ့တဲ့ စစ္ေကာင္စီ

အာဆီယံ ထိပ္သီးဖိတ္ၾကားမႈ အာဆီယံဆုံးျဖတ္ခ်က္ကို သေဘာမတူေၾကာင္း ထုတ္ေျပာထားၿပီးေပမဲ့ ျမန္မာ့အေရး အာဆီယံ သေဘာတူညီခ်က္ ၅ ရပ္ရဲ႕ လုပ္ငန္းစဥ္ေတြကိုေတာ့ အတတ္နိုင္ဆုံး ပူးေပါင္းေဆာင္႐ြက္သြားမယ္ဆိုၿပီး စစ္ေကာင္စီက ဒီကေန႕ ထပ္မံေၾကညာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က အာဆီယံ နိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အထူးအစည္းအေဝးကေန စစ္ေကာင္စီ ေခါင္းေဆာင္အစား နိုင္ငံေရးကိုယ္စားမျပဳသူကိုသာ အခုလကုန္ျပဳလုပ္မယ့္ အာဆီယံထိပ္သီး အစည္းအေဝးဖိတ္ဖို႔ ဆုံးျဖတ္ေၾကာင္း အာဆီယံက တရားဝင္ေၾကညာၿပီးတဲ့ေနာက္ ျပင္းထန္စြာကန့္ကြက္ေၾကာင္းနဲ႕ ဆုံးျဖတ္ခ်က္ကို လိုက္နာဖို႔ ခက္ခဲေၾကာင္း စစ္ေကာင္စီဘက္က ေၾကညာခ်က္ေတြထုတ္ၿပီး တုံ႕ျပန္ခဲ့ၿပီးျဖစ္ပါတယ္။

ယမန္ေန႕ကလည္း အာဆီယံဥကၠ႒သည္ အဖြဲ႕၀င္နိုင္ငံမ်ား၏ ျပည္တြင္းေရးမစြက္ဖက္ရ မူကို ဆန႔္က်င္ေနေၾကာင္း၊ မိမိတို႔အေနျဖင့္ လိုက္နာရန္ ခက္ခဲေၾကာင္း၊ အစည္းအေဝးတက္ေရာက္ရန္ အခြင့္အေရး အျပည့္အ၀ရွိေၾကာင္း၊ မွ်တမႈမရွိ မူေဘာင္ေက်ာ္လြန္သည့္ ဥကၠ႒၏ လုပ္ေဆာင္မႈမ်ားကို လက္မခံေၾကာင္း ျပင္းထန္စြာထုတ္ျပန္ထားပါေသးတယ္။

ဒီကေန႕ ထုတ္ျပန္ခ်က္မွာေတာ့ အာဆီယံ သေဘာတူညီခ်က္ ၅ ရပ္ကို ဆက္ၿပီးပူးေပါင္းမယ့္အေၾကာင္းအျပင္ နိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ဆက္ဆံေရး နိုင္ငံျခားေရးမူဝါဒအတိုင္း ဆက္ၿပီး ေဆာင္႐ြက္မယ္လို႔လည္း ဆိုပါတယ္။

အာဆီယံ ဘုံသေဘာညီခ်က္ ၅ ရပ္မွာ အထူးသံတမန္ ျမန္မာနိုင္ငံလာေရာက္ေရးပါဝင္ၿပီး လာေရာက္ေရးအေကာင္အထည္ေဖာ္ရာမွာေတာ့ အာဆီယံ သံတမန္ဘက္က ေတြ႕ဆုံလိုသူေတြ ေတာင္းဆိုမႈနဲ႕ ပတ္သက္ၿပီး မေျပမလည္ ျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီက ေၾကညာထားတဲ့ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အတိုင္း ဆက္ၿပီးေဆာင္႐ြက္မယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီ ၅ ရပ္ရဲ႕ ေနာက္ဆုံးအဆင့္ဟာ ေ႐ြးေကာက္ပြဲက်င္းပၿပီး အနိုင္ရတဲ့ပါတီကို တာဝန္လႊဲအပ္မယ့္အဆင့္ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

About the author

admin

Add Comment

Click here to post a comment