Local News

အာဆီယံအနေနဲ့ သူတို့အဖွဲ့ကိုပဲပြောမနေဘဲ NUG၊ CRPH ကိုလည်းပြောဖို့လိုသေးတယ်လို့ ကြေးတိုက်

အာဆီယံအနေနဲ့ သူတို့အဖွဲ့ကိုပဲပြောမနေဘဲ NUG၊ CRPH ကိုလည်းပြောဖို့လိုသေးတယ်လို့ ကြေးတိုက်

NUG၊ CRPH အဖွဲ့တွေကြောင့် အကြမ်းဖက်၊ လုယက်၊ သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူကမှ ပြောဆို ဟန့်တားတာမရှိဘဲ စစ်ကောင်စီအဖွဲ့ကိုသာ တောင်းဆိုနေတာတွေရှိနေပြီး စစ်ကောင်စီအဖွဲ့ကသာ ဒီပြဿနာတွေကို ဖြေရှင်းနေရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်ပါတယ်။

အာဆီယံ အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားတာမခံသလို မြန်မာက နိုင်ငံရေးသမားမဟုတ်သူကို အစည်းအဝေး တက်ခွင့်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့အပေါ် ” အခုတလော မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံ ဆက်ဆံရေးအခြေ အနေတွေ နဲ့ ပတ်သက်ပြီး ကျွန်တော်အသိပေးလိုပါတယ်၊

ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်း အဝေးမှာ မူအားဖြင့် ဘုံသဘောတူညီချက် (၅)ခု ရရှိခဲ့ပါတယ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ

ဩဂုတ်လ (၄) ရက်နေ့မှာ ဘရူးနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော် တို့သဘောတူခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter တွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်၊ အဲ့ဒီ (၅) ချက်ထဲက ပထမအချက်ကအရေးအကြီးဆုံးဖြစ်ပါတယ်၊

အကြမ်းဖက်မှုတွေအမြန်ဆုံး ရပ်ဆိုင်းရန် နဲ့ အားလုံးကထိန်းသိမ်းကြပ်မတ်ခြင်းဖြစ် အတတ်နိုင်ဆုံးဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ကြေငြာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ CRPH နဲ့ NUG တို့ရဲ့ လှုံ့ဆော်မှု၊

EAO အချို့ရဲ့ ပါဝင် ပတ်သက်မှု အားပေးမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်၊ ဒါကို ကျွန်တော်တို့ ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲဖြစ်ပါတယ်။

သူတို့အကြမ်းဖက် လုယက် သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာမတွေ့ရပါဘူး၊ ကျွန်တော်တို့ကိုပဲ တောင်းဆို မှုတွေ ပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာ ဖြစ်ပါတယ်။ ဒါကိုအာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုတယ်”လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်နေတယ် ဆိုတာကြေငြာထားပြီးဖြစ်ပါတယ်၊ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းပြီးမရနိုင်တာတွေရှိပါတယ်၊ ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံအပေါင်း အစည်းအဝေးတွေကိုလည်း အာဆီယံရဲ့ အခြေခံမူတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်”လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

Ref MC TV Club

About the author

admin

Add Comment

Click here to post a comment