Local News

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို အမေရိကန်က လက်နက်ရောင်းချခွင့် ပိတ်ပင်

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို အမေရိကန်က လက်နက်ရောင်းချခွင့် ပိတ်ပင်

၀ါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၁

မျိုးဆက်(VOM)

တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကို အမေရိကန်က လက်နက်ရောင်းချမှုပိတ်ပင်တဲ့ အရေးယူပိတ်ဆို့မှုတရပ်ကို ဒီဇင်ဘာ ၈ ရက်မှာ ချမှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအပေး ဖိအားပေးဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာ ကမ္ဘောဒီးယားအပေါ် အခုလို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ဒေသတွင်းလုံးခြုံရေးကို ခြိမ်းခြောက် ပျက်ပြားစေတဲ့ တရုတ်စစ်ဘက်ရဲ့ နက်ရှိုင်းတဲ့သြဇာလွှမ်းမိုးမှုကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘောဒီးယားအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေကို အမေရိကန်ကုန်သွယ်ရေးဌာနက ချမှတ်လိုက်တာဖြစ်ပါတယ်။

လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့အတူ အဲဒီအစီအမံဟာ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ စစ်ထောက်လှမ်းရေးဆိုင်ရာ ၀န်ဆောင်မှုတွေကိုလည်း ကန့်သတ်သွားမှာဖြစ်ပါတယ်။

ထိုင်းပင်လယ်ကွေ့တလျှောက်မှာ ကမ္ဘောဒီးယားရေတပ်အခြေစိုက်စခန်းရဲ့ အစိတ်အပိုင်းတွေကို တရုတ်စစ်ဘက်ကို သီးသန့်အသုံးပြုခွင့်အတွက် တရုတ်နိုင်ငံနဲ့လျှို့ဝှက်စွာ လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ ကမ္ဘောဒီးယားတို့အကြား ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။

Ref: Bangkok Post

Photo: Reuters

Zawgyi

အာဆီယံအလွည့္က်ဥကၠဌ ကေမ႓ာဒီးယားကို အေမရိကန္က လက္နက္ေရာင္းခ်ခြင့္ ပိတ္ပင္

၀ါ႐ွင္တန္၊ ဒီဇင္ဘာ-၉-၂၀၂၁

မ်ိဳးဆက္(VOM)

တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ႏြယ္ေနတဲ့ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ အာဆီယံအလွည့္က်ဥကၠဌျဖစ္တဲ့ ကေမ႓ာဒီးယားႏိုင္ငံကို အေမရိကန္က လက္နက္ေရာင္းခ်မႈပိတ္ပင္တဲ့ အေရးယူပိတ္ဆို႔မႈတရပ္ကို ဒီဇင္ဘာ ၈ ရက္မွာ ခ်မွတ္လိုက္ပါတယ္။

ျမန္မာႏိုင္ငံအေပး ဖိအားေပးဖို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး ဘလင္ကင္ရဲ႕ အေ႐ွ႕ေတာင္အာ႐ွ ခရီးစဥ္မတိုင္မီ ရက္ပိုင္းအလိုမွာ ကေမ႓ာဒီးယားအေပၚ အခုလို အေရးယူပိတ္ဆို႔လိုက္တာျဖစ္ပါတယ္။

ေဒသတြင္းလုံးျခဳံေရးကို ၿခိမ္းေျခာက္ ပ်က္ျပားေစတဲ့ တ႐ုတ္စစ္ဘက္ရဲ႕ နက္႐ိႈင္းတဲ့ၾသဇာလႊမ္းမိုးမႈကို တုံ႔ျပန္တဲ့အေနနဲ႔ ကေမ႓ာဒီးယားအေပၚ ပို႔ကုန္ထိန္းခ်ဳပ္မႈေတြကို အေမရိကန္ကုန္သြယ္ေရးဌာနက ခ်မွတ္လိုက္တာျဖစ္ပါတယ္။

လက္နက္ေရာင္းခ်မႈ ပိတ္ပင္ျခင္းနဲ႔အတူ အဲဒီအစီအမံဟာ စစ္ဘက္ဆိုင္ရာ ပစၥည္းေတြနဲ႔ စစ္ေထာက္လွမ္းေရးဆိုင္ရာ ၀န္ေဆာင္မႈေတြကိုလည္း ကန္႔သတ္သြားမွာျဖစ္ပါတယ္။

ထိုင္းပင္လယ္ေကြ႕တေလွ်ာက္မွာ ကေမ႓ာဒီးယားေရတပ္အေျခစိုက္စခန္းရဲ႕ အစိတ္အပိုင္းေတြကို တ႐ုတ္စစ္ဘက္ကို သီးသန္႔အသုံးျပဳခြင့္အတြက္ တ႐ုတ္ႏိုင္ငံနဲ႔လွ်ိဳ႕ဝွက္စြာ လက္မွတ္ေရးထိုး သေဘာတူခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့တဲ့ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း အေမရိကန္နဲ႔ ကေမ႓ာဒီးယားတို႔အၾကား ဆက္ဆံေရးတင္းမာေနခဲ့ပါတယ္။

Ref: Bangkok Post

Photo: Reuters

Recent Comments

No comments to show.