International News

အာဏာသိမ်းမှုကို စွန့်လွှတ်ပြီး အရင်အစိုးရကို အာဏာပြန်လွှဲအပ်

အာဏာသိမ်းမှုကို စွန့်လွှတ်ပြီး အရင်အစိုးရကို အာဏာပြန်လွှဲအပ်

ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်လက စစ်တပ်၏ အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အရပ်ဘက်ခေါင်းဆောင်များကို ပြန်လည်လွှတ်ပေးရန် နှင့် ဝန်ကြီးချုပ် အဗ္ဗဒယ်လာဟမ်းဒေါ့အား

အစိုးရအဖွဲ့ကို ပြန်လည်ဦးဆောင်ခွင့်ပေးရန် ဆူဒန်စစ်တပ်၏ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ်ဘာဟန်နှင့် ဝန်ကြီးချုပ်ဟမ်းဒေါ့တို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟု ကြားဝင်စေ့စပ်ပေးသူများက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဟမ်ဒေါ့ခ်ဟာ နည်းပညာရှင်တွေပါဝင်တဲ့ လွတ်လပ်သော အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာဖြစ်ကြောင်းနဲ့ စစ်တပ်နဲ့ အရပ်ဖက်ပါတီတွေအကြား ရရှိခဲ့တဲ့ သဘောတူညီချက်တစ်ခုအရ

ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးသွားမှာဖြစ်တယ်လို့ Umma ပါတီ အကြီးအကဲ ဖက်ဒလာ ဘားမားနာရှားက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ နာရှားဟာ အဆိုပါ သဘောတူညီချက် ရရှိရေး စေ့စပ်ဆွေးနွေးမှုများမှာ ပါဝင်ခဲ့သူဖြစ်တစ်ဦးပါတယ်။

“ ဟမ်းဒေါ့ကို ဝန်ကြီးချုပ်ရာထူးနေရာ ပြန်ပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့အတွက် ဗိုလ်ချုပ်ကြီး ဘာဟန်၊ ဟမ်းဒေါ့၊ နိုင်ငံရေးအင်အားစုတွေ နဲ့

လူမှုရေး အဖွဲ့အစည်းတွေအကြား နိုင်ငံ ရေး သဘောတူညီချက်ရရှိခဲ့ပါတယ် ” ဟု ဖက်ဒလာ ဘားမားနာရှားက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

နယ်ပယ်အရပ်ရပ်မှ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့် နိုင်ငံရေးသမားများပါဝင်သည့် ဆူဒန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်ကတည်းက

ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် သဘောတူညီချက်ရရှိ ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ယင်းသဘောတူညီချက်၏ အဓိက အချက်များမှာ ဟမ်းဒေါ့ကို ဝန်ကြီးချုပ်နေရာ ပြန်လည်ပေးအပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ပြန်လွှတ်ပေးရန်၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားရေးနှင့် နိုင်ငံ ရေးတွင် အများသဘောဆန္ဒဖြင့် အသွင်ကူး ပြောင်းရေးကာလကို ပြန်လည်အုပ်ချုပ်ရန် အစရှိသည့် အချက်များပါဝင်ခဲ့သည်။

စစ်တပ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးဘာဟန်သည် အောက်တိုဘာ ၂၅ ရက်က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ကာ အရပ်ဘက် ခေါင်းဆောင်များကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ တက်ကြွလှုပ်ရှားအဖွဲ့တွေကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ လုံးလုံးထွက်ခွာဖို့ တောင်းဆိုခဲ့ကြပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဟမ်ဒေါ့ခ်ဟာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဆူဒန်ပြည်သူတွေရဲ့ ပြင်းထန်လှတဲ့ ဆူပူထကြွမှုတွေကြောင့် စစ်တပ်က ပြီးခဲ့တဲ့ ၃ ပတ်လောက်ထဲကစပြီး အာဏာသိမ်းတာကို စွန့်လွှတ်ပြီး အာဏာပြန်လွှဲပြောင်းပေးဖို့ ကြိုးစားနေတယ်လို့ ဆူဒန်နိုင်ငံရေးသမားတွေက ပြောပါတယ်။

မကြာခင် အချိန်အတွင်းမှာ ဆူဒန်စစ်တပ်က အာဏာသိမ်းတာကို စွန့်လွှတ်ကြောင်းနဲ့ အရင်အစိုးရကို အာဏာပြန်အပ်နှင်းကြောင်း တရားဝင်ကြေညာချက်ထွက်ပေါ်လာလိမ့်မယ်လို့ ကြားဝင်စေ့စပ်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ကပြောပါတယ်။

အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်းက ပြည်သူတွေ ထကြွ ဆန္ဒပြမှုတွေဖြစ်လာပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၄၀ ခန့် သေဆုံးခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာ နိုင်ငံရဲ့ သက်တမ်းရှည် အာဏာရှင် အိုမာ အယ်ဘာရှားကို ဖြုတ်ချခဲ့အပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက်ဟာ အာဏာသိမ်းမှုကြောင့် နှောင့်နှေးခဲ့ရပါတယ်။

Credit

About the author

admin

Add Comment

Click here to post a comment