Local News

အားငယ်နေရင် ဇော်မဲလုံးနဲ့ BBC အင်တာဗျူးကို ကြည့်လို့ဆိုလိုက်တဲ့ ပန်ဆယ်လို

အားငယ်နေရင် ဇော်မဲလုံးနဲ့ BBC အင်တာဗျူးကို ကြည့်လို့ဆိုလိုက်တဲ့ ပန်ဆယ်လို

အားငယ်နေရင် ဇော်မဲလုံးနဲ့ BBC အင်တာဗျူးကို ကြည့်။ ၁၁ လတာကာလအတွင်း မအိမ်လုံး လေသံအပျော့ဆုံးပဲ။

ဆန္ဒပြပွဲတွေဖြစ်လာမှာ မျှော်လင့်ပြီးသားပေမယ့် PDF လို လက်နက်ကိုင်တိုက်မယ့်သူတွေ အခုလောက်ပေါ်လာမယ်လို့ ကြိုတင်မမျှော်လင့်ထားပါဘူးတဲ့။

ပြည်သူကို စောက်ထင်သေးခဲ့တာ။ ဒီမျိုးဆက်ကို လျှော့တွက်ခဲ့တာ။ ဆီမစွပ်ဘဲ သဲကြမ်းပက်ဗျင်းမှ ဟဲ့… ကောင်လေးတွေ၊ သများ မမျှော်လင့်ထားဘူး၊ မလုပ်နဲ့တွေဘာတွေ လာညုနေတာ။

သူတို့ဘက်မှာလည်း အခက်အခဲတွေ ရှိပါတယ်တဲ့။ ရှိမှာပေါ့။ ထောင်ချီ ငရဲဗီဇာရနေမှတော့ မခက်ခဲရအောင် စစ်ခွေးဆိုတာ စောက်ခေါမဘုတ်ဘုတ်ထဲက ဆွဲထုတ်တိုင်း ထွက်နေတာမှ မဟုတ်တာ။

တစ်နှစ်ပြည့်တော့မယ်၊ တော်လှန်ရေး မအောင်သေးဘူးလို့ အားငယ်ရမယ့် အခြေအနေမဟုတ်ဘူး။ တစ်နှစ်ပြည့်တော့မယ်၊ မအုပ်ချုပ်နိုင်သေးဘူးလို့ အားတက်ရမယ့် အခြေအနေ။

အာဏာသိမ်းချိန်မှာ စကစက ၁၀၀ ဆိုရင် ပြည်သူက Zero ပဲ။ အခုအခြေအနေမှာ 50-50 မက ဖြစ်လာပြီ။ တစ်နှစ်မပြည့်ခင်မှာကို သူတို့ဘက်က ငါတို့ရှုံးတော့မလားလို့ သွေးပျက်စေတဲ့အထိ ဖိအားပေးနိုင်တဲ့ တော်လှန်ရေး။

PDF တွေကုန်မှ ပြန်ရမယ်ဆိုတဲ့ တပ်ဘဲလည်း စစ်ကိုင်းမှာ အရိုးဆွေးတော့မယ်။ သုံးလအတွင်းအပြီးတို့၊ စက်တင်ဘာ ဂိတ်ကုန်ပဲတို့ အာပွပြီး ဘာမှဖြစ်မလာဘဲ ဒယ်လစ်နေတာလည်း ဒင်းတို့ပဲ။

တစ်လောကလုံးကို ပထွေးတော်ထားရလို့ ဘုတောနေတဲ့လေသံနဲ့ ငမဲလုံးတောင် အမှန်တွေဘာတွေ ပြောတတ်လာပြီဆိုတော့ကာ

ဒင်း ရှမ်းပျိုမယ်တွေ ခိုးသောက်ပြီး ရာသီမှန်နေတာပဲ ဖြစ်ရမယ်။
😌

About the author

admin

Add Comment

Click here to post a comment