Local News

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မြန်မာနိုင်ငံသို့ လာရောက်ကာ စစ်ကောင်စီနှင့်တွေ့ဆုံမည်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မြန်မာနိုင်ငံသို့ လာရောက်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်Harsh Vardhan Shringla သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ် ယနေ့(ဒီဇင်ဘာ ၂၂ ရက်)လာရောက်မည်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အတွင်းဝန်၏နှစ်ရက်ကြာခရီးစဉ်အတွင်း စစ်ကောင်စီ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

အဆိုပါခရီးစဉ်သည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချခဲ့ပြီး စစ်တပ်က အာဏာသိမ်း ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အိန္ဒိယမှ အဆင့်မြင့်အရာရှိတစ်ဦး ပထမဆုံးလာရောက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ဆက်စပ်တဲ့ကိစ္စရပ်တွေ၊ လုံခြုံရေးနဲ့ အိန္ဒိယ-မြန်မာနယ်စပ်အရေးတွေနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးကြမှာပါ”ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော်လည်း အခြားနိုင်ငံများ၏ ဒီမိုကရေစီရေးကို ပံ့ပိုးထောက်ကူမှုမပြုခြင်းက ၎င်း၏နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက မှတ်ချက်ပြုသည်။

“ဒါပေမဲ့ခုအဆင့်မြင့်အရာရှိတစ်ယောက်လာတာကတော့ အတော့်ကိုထူးခြားတယ်ဆိုရမယ်။ မြန် မာနဲ့ကနယ်စပ်ချင်းကလည်းထိစပ်နေတာကြောင့်လည်းအဓိကဖြစ်မယ်။ ပြီးတော့အရင်မြန်မာရဲ့ စစ်အာဏာသိမ်းပွဲကခပ်မြန်မြန်ပဲပြီးသွားပြီးစစ်တပ်ကထိန်းချုပ်သွားတာကိုး။ ခုမအလရဲ့အာဏာသိမ်းပွဲက အဲလိုမဟုတ်ဘူး။

ပြည်သူလူထုကလက်နက်ကိုင်လမ်းစဉ်ကိုပါ လိုလားထောက်ပံ့ပြီး အာဏသိမ်းစစ်တပ်ကို ဆန့်ကျင်တွန်းလှန်နေတော့ မြန်မာ့နွေဦးတော်လှန်ရေးအရှိန်ကအားကောင်းလာနေတယ်။ ဒီအရှိန်ရဲ့ဂယက်က ဒေသတွင်းကိုအပြင်အိမ်နီးချင်းအိန္ဒိယကိုပါ သက်ရောက်မှုတွေကရှိကိုရှိလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အတွင်းဝန်၏ ခရီးစဉ်တွင် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပြန်တည့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းကိစ္စကို ရှေ့တန်းတင်ထားသော်လည်း အိန္ဒိယ-မြန်မာ နယ်စပ်အရေးက အဓိကဖြစ်နိုင်ကြောင်း ယင်းနိုင်ငံရေးလေ့လာသူက သုံးသပ်သည်။

ထို့အပြင် အိန္ဒိယသည် စစ်ကောင်စီနှင့် dealing(အပေးအယူ)လုပ်ရန်မဟုတ်ဘဲ လက်ရှိ ပြဿ နာများကို ပြေလည်အောင်ဖြေရှင်းရန် ဖိအားပေးရန် လာရောက်ခြင်းဆိုပါက စစ်ကောင်စီကို တရားဝင်မှုပေးမည့်ခရီးစဉ်ဟု ပြောမရကြောင်း ၎င်းက ဆက်ပြောသည်။

“ဘယ်လိုဆက်ဆံထိတွေ့တာလဲဆိုတဲ့အချက်ကအရေးကြီးမယ်ထင်ပါတယ်။ နောက်တစ်ခုကစကစအနေနဲ့ အိန္ဒိယလာတာကိုအသုံးချပြီး တက်ဖို့လောက်ထိ ကမ္ဘာကြီးကလည်းခွင့်မပြုလောက်ဘူး။ ဒီဘက်ခေတ်မှာ ဒါမျိုးဝါဒဖြန့်တာမျိုးကမရတော့ပါဘူး”ဟု ၎င်းက ဆိုသည်။

People’sSpring

Zawgyi

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနအတြင္းဝန္ ျမန္မာႏိုင္ငံသို႔ လာေရာက္

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန အတြင္းဝန္Harsh Vardhan Shringla သည္ ျမန္မာႏိုင္ငံသို႔ ႏွစ္ရက္ၾကာခရီးစဥ္ ယေန႔(ဒီဇင္ဘာ ၂၂ ရက္)လာေရာက္မည္ျဖစ္ၿပီး အာဏာသိမ္းစစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လိႈင္ႏွင့္ ေတြ႕ဆုံမည္ျဖစ္သည္။

အတြင္းဝန္၏ႏွစ္ရက္ၾကာခရီးစဥ္အတြင္း စစ္ေကာင္စီ၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ အရပ္ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဌာနက ထုတ္ျပန္သည္။

အဆိုပါခရီးစဥ္သည္ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ခံအရပ္သားအစိုးရကိုျဖဳတ္ခ်ခဲ့ၿပီး စစ္တပ္က အာဏာသိမ္း ခဲ့သည့္ ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပိုင္း အိႏၵိယမွ အဆင့္ျမင့္အရာ႐ွိတစ္ဦး ပထမဆုံးလာေရာက္ျခင္းျဖစ္သည္။

“ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာမႈအကူအညီေပးေရးနဲ႔ဆက္စပ္တဲ့ကိစၥရပ္ေတြ၊ လုံျခဳံေရးနဲ႔ အိႏၵိယ-ျမန္မာနယ္စပ္အေရးေတြနဲ႔ ျမန္မာ့ႏိုင္ငံေရးအေျခအေနေတြကို ေဆြးေႏြးၾကမွာပါ”ဟု အိႏၵိယႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဆိုသည္။

အိႏၵိယသည္ ကမ႓ာ့အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံႀကီးျဖစ္ေသာ္လည္း အျခားႏိုင္ငံမ်ား၏ ဒီမိုကေရစီေရးကို ပံ့ပိုးေထာက္ကူမႈမျပဳျခင္းက ၎၏ႏိုင္ငံျခားေရးမူဝါဒျဖစ္ေၾကာင္း ႏိုင္ငံေရးေလ့လာသူ တစ္ဦးက မွတ္ခ်က္ျပဳသည္။

“ဒါေပမဲ့ခုအဆင့္ျမင့္အရာ႐ွိတစ္ေယာက္လာတာကေတာ့ အေတာ္႕ကိုထူးျခားတယ္ဆိုရမယ္။ ျမန္ မာနဲ႔ကနယ္စပ္ခ်င္းကလည္းထိစပ္ေနတာေၾကာင့္လည္းအဓိကျဖစ္မယ္။ ၿပီးေတာ့အရင္ျမန္မာရဲ႕ စစ္အာဏာသိမ္းပြဲကခပ္ျမန္ျမန္ပဲၿပီးသြားၿပီးစစ္တပ္ကထိန္းခ်ဳပ္သြားတာကိုး။ ခုမအလရဲ႕အာဏာသိမ္းပြဲက အဲလိုမဟုတ္ဘူး။

ျပည္သူလူထုကလက္နက္ကိုင္လမ္းစဥ္ကိုပါ လိုလားေထာက္ပံ့ၿပီး အာဏသိမ္းစစ္တပ္ကို ဆန္႔က်င္တြန္းလွန္ေနေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးအ႐ွိန္ကအားေကာင္းလာေနတယ္။ ဒီအ႐ွိန္ရဲ႕ဂယက္က ေဒသတြင္းကိုအျပင္အိမ္နီးခ်င္းအိႏၵိယကိုပါ သက္ေရာက္မႈေတြက႐ွိကို႐ွိလာႏိုင္တယ္” ဟု ၎က ဆိုသည္။

အတြင္းဝန္၏ ခရီးစဥ္တြင္ ျမန္မာႏိုင္ငံကို ဒီမိုကေရစီ လမ္းေၾကာင္းျပန္တည့္ေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈလုပ္ငန္းကိစၥကို ေ႐ွ႕တန္းတင္ထားေသာ္လည္း အိႏၵိယ-ျမန္မာ နယ္စပ္အေရးက အဓိကျဖစ္ႏိုင္ေၾကာင္း ယင္းႏိုင္ငံေရးေလ့လာသူက သုံးသပ္သည္။

ထို႔အျပင္ အိႏၵိယသည္ စစ္ေကာင္စီႏွင့္ dealing(အေပးအယူ)လုပ္ရန္မဟုတ္ဘဲ လက္႐ွိ ျပႆ နာမ်ားကို ေျပလည္ေအာင္ေျဖ႐ွင္းရန္ ဖိအားေပးရန္ လာေရာက္ျခင္းဆိုပါက စစ္ေကာင္စီကို တရားဝင္မႈေပးမည့္ခရီးစဥ္ဟု ေျပာမရေၾကာင္း ၎က ဆက္ေျပာသည္။

“ဘယ္လိုဆက္ဆံထိေတြ႕တာလဲဆိုတဲ့အခ်က္ကအေရးႀကီးမယ္ထင္ပါတယ္။ ေနာက္တစ္ခုကစကစအေနနဲ႔ အိႏၵိယလာတာကိုအသုံးခ်ၿပီး တက္ဖို႔ေလာက္ထိ ကမ႓ာႀကီးကလည္းခြင့္မျပဳေလာက္ဘူး။ ဒီဘက္ေခတ္မွာ ဒါမ်ိဳးဝါဒျဖန္႔တာမ်ိဳးကမရေတာ့ပါဘူး”ဟု ၎က ဆိုသည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment