Local News

အိန္ဒိယ Vaibhav ကုမ္ပဏီက မြန်မာ့ကျောက်မျက်ကို အရောင်းစာရင်းမှ ဖယ်ရှာ

အိန္ဒိယစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Vaibhav Global Limited က မြန်မာနိုင်ငံမှ တင်သွင်းရောင်းချသည့် ကျောက်မျက်ရတနာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေစဉ် အရောင်းစာရင်းမှ ဖယ်ရှားထားသည်ကို Justice For Myanmar (JFM) က ကြိုဆိုလိုက်သည်။

အာဏာသိမ်းပြီးနောက်တွင် မြန်မာ့ကျောက်မျက်ရတနာများကို ဆက်လက်တင်သွင်းနေပြီး နာမည်ကြီး အမေရိကန်အွန်လိုင်းဈေးကွက်များအပါအဝင် လက်လီလက်ကားရောင်းချနေခြင်းသည် စစ်ကောင်စီကို အကျိုးအမြတ်ရစေသည်ဟု JFM က ယမန်နေ့(နိုဝင်ဘာ ၂၄) က ထုတ်ပြန်ပြီးနောက်တွင် Vaibhav Global ကုမ္ပဏီက ထိုသို့ ကြေညာလိုက်ခြင်းဖြစ်သည်။

“ဒီစုံစမ်းစစ်ဆေးမှုက အမှီအခိုကင်းပြီး ပွင့်လင်းမြင်သာရမဲ့အပြင် မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ အကြံဉာဏ်ရယူမှုတွေ ပါဝင်သင့်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

ထိုကုမ္ပဏီသည် ဟောင်ကောင်နှင့် ဘန်ကောက်ရှိ လက်အောက်ခံကုမ္ပဏီနှစ်ခုမှတစ်ဆင့် မြန်မာ့ကျောက်မျက်ကို အဓိကရယူနေပြီး စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီနှင့် ဇွန်တွင် ပတ္တမြားတင်သွင်းမှု ၈ ကြိမ်၊

ဧပြီတွင် ကျောက်စိမ်းတင်သွင်းမှု ၂ ကြိမ်ရှိခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအချက်အလက်ကုမ္ပဏီ Panjiva ကို ကိုးကား၍ JFM က ပြောသည်။

Vaibhav Global က ကျောက်စိမ်းနှင့် ကျောက်မျက်များကို ကိုယ်ပိုင်ဝက်ဆိုက်နှင့် အခြားအင်တာနက်စာမျက်နှာများမှ ရောင်းချသည့်ပြင် မေနှင့် ဇူလိုင်လလယ်တွင် အမရိကန်ဈေးကွက်ကို ပစ္စည်းတင်ပို့မှု ၈ ခုရှိခဲ့သည်ဟုလည်း JFM ၏ မှတ်တမ်းက ဆိုသည်။

မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် ကျောက်မျက်များမှာ ပြပွဲတွင် ရောင်းချသည်များကို အဓိကထားရသည် ဖြစ်၍ စစ်ကောင်စီက ထိုအရောင်းအဝယ်များမှ အခွန်အခ အကျိုးအမြတ်များရမည်မှာ မလွဲဧကန်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

အာဏာသိမ်းပြီးချိန်တွင် အမေရိကန်နှင့် ဗြိတိန်က မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို ပိတ်ဆို့ထားသောကြောင့် မြန်မာဘက်က တရုတ်နှင့် အာရှဈေးကို ပိုမိုအလေးထားလာပြီး အထူးစိတ်ဝင်စားသည့်ထဲတွင် အိန္ဒိယလည်းပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“(ပြည်တွင်း၌ တရားဝင်ပြုလုပ်သည့်) ကျောက်မျက်ပြပွဲတွေဆိုရင်လေ။ ကျောက်စိမ်းအပြင် တခြား ကျောက်မျက်တွေကို အိန္ဒိယက စိတ်ဝင်စားတာကို အဲဒီတော့လာတယ်” ဟု ထိုလုပ်ငန်းရှင်က ပြောသည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို စီးပွားရေးပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းထားသည့် အမေရိကန်သည်ပင်လျှင် တင်သွင်းခွင့်ကို ပိတ်ပင်ခြင်းမရှိ၍ အမေရိကန်အခြေစိုက် Amazon, Walmart, Overstock တို့တွင် ဆက်လက်ရောင်းချနေသည်ဟု JFM က ဝေဖန်သည်။

ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာလုပ်ငန်းသည် စစ်အုပ်စု၏ အကြီးမားဆုံးငွေအရင်းအမြစ်တစ်ခု ဖြစ်ကာ ၎င်းတို့ ကျူးလွန်းနေသော ရက်စက်ကြက်ကြုတ်မှုများအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေကြောင်း Justice For Myanmar က ဆိုသည်။

စစ်ကောင်စီသည် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၏ ကျောက်မျက်ရောင်းချမှု၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၏ ကျောက်မျက်လုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ရေးလိုင်စင်များမှလည်း အကျိုးအမြတ်များရနေကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

အမေရိကန်ကွန်ဂရက်လွှတ်တော်၌ အောက်တိုဘာတွင် တင်သွင်းထားသည့် Burma Act 2021 အမည်ရှိ ဥပဒေ၏ ပုဒ်မ ၂၀၃ အရ မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်ပို့မှု ကန့်သတ်နိုင်မည်ဖြစ်၍ အမြန်ဆုံးပြဋ္ဌာန်းရန် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ယူရိုငွေ၊ ကျပ်ငွေတို့ဖြင့် ရောင်းချသည့် ကျောက်စိမ်းနှင့် ကျောက်မျက် အရောင်းပြပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိသည်။

၂၀၁၉-၂၀၂၀ အတွင်း နှစ်လယ်ကျောက်မျက်ပွဲမှ ယူရို ၄၃၉ သန်းကျော်၊ ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲမှ ကျပ်သန်း ၄၇၃၆၀ ကျော်ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီး သုံးလအကြာ ဧပြီလတွင် စစ်ကောင်စီက နေပြည်တော်၌ ကျပ်ငွေဖြင့် ရောင်းသည့် ကျောက်မျက်ပြပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသော်လည်း ဝင်ငွေမည်မျှရသည်ကို ထုတ်ပြန်ခြင်းမရှိပေ။

အလားတူပင် နိုင်ငံခြားငွေဖြင့် ရောင်းချမည့်ပြပွဲကို ဒီဇင်ဘာလအတွင်း နေပြည်တော်၌ပင် ပြုလုပ်ရန် စီစဉ်နေကြောင်း ကျောက်မျက်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

Zawgyi

အိႏၵိယစေတာ့အိတ္ခ်ိန္းစာရင္းဝင္ကုမၸဏီ Vaibhav Global Limited က ျမန္မာႏိုင္ငံမွ တင္သြင္းေရာင္းခ်သည့္ ေက်ာက္မ်က္ရတနာႏွင့္ ပတ္သက္၍ စုံစမ္းစစ္ေဆးေနစဥ္ အေရာင္းစာရင္းမွ ဖယ္႐ွားထားသည္ကို Justice For Myanmar (JFM) က ႀကိဳဆိုလိုက္သည္။

အာဏာသိမ္းၿပီးေနာက္တြင္ ျမန္မာ့ေက်ာက္မ်က္ရတနာမ်ားကို ဆက္လက္တင္သြင္းေနၿပီး နာမည္ႀကီး အေမရိကန္အြန္လိုင္းေဈးကြက္မ်ားအပါအဝင္ လက္လီလက္ကားေရာင္းခ်ေနျခင္းသည္ စစ္ေကာင္စီကို အက်ိဳးအျမတ္ရေစသည္ဟု JFM က ယမန္ေန႔(ႏိုဝင္ဘာ ၂၄) က ထုတ္ျပန္ၿပီးေနာက္တြင္ Vaibhav Global ကုမၸဏီက ထိုသို႔ ေၾကညာလိုက္ျခင္းျဖစ္သည္။

“ဒီစုံစမ္းစစ္ေဆးမႈက အမွီအခိုကင္းၿပီး ပြင့္လင္းျမင္သာရမဲ့အျပင္ ျမန္မာအရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) တို႔ရဲ႕ အၾကံဉာဏ္ရယူမႈေတြ ပါဝင္သင့္ပါတယ္” ဟု JFM ေျပာေရးဆိုခြင့္႐ွိသူ မရတနာေမာင္က ဆိုသည္။

ထိုကုမၸဏီသည္ ေဟာင္ေကာင္ႏွင့္ ဘန္ေကာက္႐ွိ လက္ေအာက္ခံကုမၸဏီႏွစ္ခုမွတစ္ဆင့္ ျမန္မာ့ေက်ာက္မ်က္ကို အဓိကရယူေနၿပီး စစ္အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီႏွင့္ ဇြန္တြင္ ပတၱျမားတင္သြင္းမႈ ၈ ႀကိမ္၊

ဧၿပီတြင္ ေက်ာက္စိမ္းတင္သြင္းမႈ ၂ ႀကိမ္႐ွိခဲ့ေၾကာင္း ကမ႓ာ့ကုန္သြယ္ေရးအခ်က္အလက္ကုမၸဏီ Panjiva ကို ကိုးကား၍ JFM က ေျပာသည္။

Vaibhav Global က ေက်ာက္စိမ္းႏွင့္ ေက်ာက္မ်က္မ်ားကို ကိုယ္ပိုင္ဝက္ဆိုက္ႏွင့္ အျခားအင္တာနက္စာမ်က္ႏွာမ်ားမွ ေရာင္းခ်သည့္ျပင္ ေမႏွင့္ ဇူလိုင္လလယ္တြင္ အမရိကန္ေဈးကြက္ကို ပစၥည္းတင္ပို႔မႈ ၈ ခု႐ွိခဲ့သည္ဟုလည္း JFM ၏ မွတ္တမ္းက ဆိုသည္။

ျမန္မာႏိုင္ငံမွ ျပည္ပတင္ပို႔သည့္ ေက်ာက္မ်က္မ်ားမွာ ျပပြဲတြင္ ေရာင္းခ်သည္မ်ားကို အဓိကထားရသည္ ျဖစ္၍ စစ္ေကာင္စီက ထိုအေရာင္းအဝယ္မ်ားမွ အခြန္အခ အက်ိဳးအျမတ္မ်ားရမည္မွာ မလြဲဧကန္ျဖစ္ေၾကာင္း အမည္မေဖာ္လိုသည့္ ျပည္တြင္းလုပ္ငန္း႐ွင္တစ္ဦးက သုံးသပ္သည္။

အာဏာသိမ္းၿပီးခ်ိန္တြင္ အေမရိကန္ႏွင့္ ၿဗိတိန္က ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းကို ပိတ္ဆို႔ထားေသာေၾကာင့္ ျမန္မာဘက္က တ႐ုတ္ႏွင့္ အာ႐ွေဈးကို ပိုမိုအေလးထားလာၿပီး အထူးစိတ္ဝင္စားသည့္ထဲတြင္ အိႏၵိယလည္းပါဝင္ေၾကာင္း ၎က ဆက္ေျပာသည္။

“(ျပည္တြင္း၌ တရားဝင္ျပဳလုပ္သည့္) ေက်ာက္မ်က္ျပပြဲေတြဆိုရင္ေလ။ ေက်ာက္စိမ္းအျပင္ တျခား ေက်ာက္မ်က္ေတြကို အိႏၵိယက စိတ္ဝင္စားတာကို အဲဒီေတာ့လာတယ္” ဟု ထိုလုပ္ငန္း႐ွင္က ေျပာသည္။

သို႔ေသာ္ အာဏာသိမ္းစစ္ေကာင္စီ၏ ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းကို စီးပြားေရးပိတ္ဆို႔သည့္ စာရင္းတြင္ ထည့္သြင္းထားသည့္ အေမရိကန္သည္ပင္လွ်င္ တင္သြင္းခြင့္ကို ပိတ္ပင္ျခင္းမ႐ွိ၍ အေမရိကန္အေျခစိုက္ Amazon, Walmart, Overstock တို႔တြင္ ဆက္လက္ေရာင္းခ်ေနသည္ဟု JFM က ေဝဖန္သည္။

ေက်ာက္စိမ္းႏွင့္ ေက်ာက္မ်က္ရတနာလုပ္ငန္းသည္ စစ္အုပ္စု၏ အႀကီးမားဆုံးေငြအရင္းအျမစ္တစ္ခု ျဖစ္ကာ ၎တို႔ က်ဴးလြန္းေနေသာ ရက္စက္ၾကက္ၾကဳတ္မႈမ်ားအတြက္ ဘ႑ာေငြေထာက္ပံ့ေပးေနေၾကာင္း Justice For Myanmar က ဆိုသည္။

စစ္ေကာင္စီသည္ ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္း၏ ေက်ာက္မ်က္ေရာင္းခ်မႈ၊ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္လီမီတက္၏ ေက်ာက္မ်က္လုပ္ငန္းမ်ား၊ ေက်ာက္မ်က္တူးေဖာ္ေရးလိုင္စင္မ်ားမွလည္း အက်ိဳးအျမတ္မ်ားရေနေၾကာင္း ထိုအဖြဲ႕က ထုတ္ျပန္ထားသည္။

အေမရိကန္ကြန္ဂရက္လႊတ္ေတာ္၌ ေအာက္တိုဘာတြင္ တင္သြင္းထားသည့္ Burma Act 2021 အမည္႐ွိ ဥပေဒ၏ ပုဒ္မ ၂၀၃ အရ ျမန္မာ့ေက်ာက္မ်က္မ်ား အေမရိကန္သို႔ တင္ပို႔မႈ ကန္႔သတ္ႏိုင္မည္ျဖစ္၍ အျမန္ဆုံးျပ႒ာန္းရန္ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို တိုက္တြန္းထားသည္။

ျမန္မာႏိုင္ငံတြင္ ယူ႐ိုေငြ၊ က်ပ္ေငြတို႔ျဖင့္ ေရာင္းခ်သည့္ ေက်ာက္စိမ္းႏွင့္ ေက်ာက္မ်က္ အေရာင္းျပပြဲမ်ားကို ႏွစ္စဥ္က်င္းပေလ့႐ွိသည္။

၂၀၁၉-၂၀၂၀ အတြင္း ႏွစ္လယ္ေက်ာက္မ်က္ပြဲမွ ယူ႐ို ၄၃၉ သန္းေက်ာ္၊ က်ပ္ေငြျဖင့္ေရာင္းခ်သည့္ပြဲမွ က်ပ္သန္း ၄၇၃၆၀ ေက်ာ္ရေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းက သတင္းထုတ္ျပန္ထားသည္။

အာဏာသိမ္းၿပီး သုံးလအၾကာ ဧၿပီလတြင္ စစ္ေကာင္စီက ေနျပည္ေတာ္၌ က်ပ္ေငြျဖင့္ ေရာင္းသည့္ ေက်ာက္မ်က္ျပပြဲတစ္ရပ္ ျပဳလုပ္ခဲ့ေသးေသာ္လည္း ဝင္ေငြမည္မွ်ရသည္ကို ထုတ္ျပန္ျခင္းမ႐ွိေပ။

အလားတူပင္ ႏိုင္ငံျခားေငြျဖင့္ ေရာင္းခ်မည့္ျပပြဲကို ဒီဇင္ဘာလအတြင္း ေနျပည္ေတာ္၌ပင္ ျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း ေက်ာက္မ်က္လုပ္ငန္း႐ွင္အသိုင္းအဝိုင္းထံမွ သိရသည္။