အိမ်မှာဘဲ လုပ်စားမလား ရောင်းမလား ဝက်သားတုတ်ထိုးလုပ်နည်းလေး

အိမ်မှာဘဲ လုပ်စားမလား ရောင်းမလား ဝက်သားတုတ်ထိုးလုပ်နည်းလေး

၀က်သားတုတ်ထိုး လုပ်ရန်အတွက် အူမကြီး၊အူချို၊ အူပိတ်၊အသည်း၊ကျောက်ကပ်၊နှလုံး၊နားရွက်၊ဝက်ပါး၊မျက်လုံး၊ လျှာ အားလုံးတို့ကို မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။

ဝက်သားတုတ်ထိုးထဲမှာ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။

ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။
အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။

ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။

ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။

နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့် အသင့်အတင့် ထည့်ပြီး နူးအောင်တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့် စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။

အုန်းစိမ်းရေ အနည်းငယ် ထည့်လျှင် ဝက်အူပိတ်၊အူချို နှင့်ကလီဇာများ ပျော့အိအိမဖြစ်ပဲ တောင့်တောင့် တင်းတင်းလေးဖြစ်ကာ ဝက်အညှီနံ့ကိုလုံးဝပျောက်ပါတယ်။ အရသာလည်း ကွာပါတယ်။အုန်းစိမ်းရေ မထည့် လျှင် ဝက်အူပိတ်၊အူချိုများ ပျော့အိအိဖြစ်ပြီး စားမကောင်းဖြစ်တက်ပါတယ်။

ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ပါ။ ပြုတ်ပြီးသား ကြက်ဥများကို ပွက်ပွက်ဆူနေသော ဝက်သားတုတ်ထိုးအိုးထဲသို့ အခွံခွါ၍ မိနစ်အနည်းငယ်ခန့်ထည့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။

ဝက်ကလီဇာများအားလုံး နူးလျှင် ကြိုက်နှစ်သက်သလို လှီး၍ တုတ်ထိုးအချဉ်ချဉ် ရည်လေးဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။အချဉ်ရည်
မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီလောက်ကြိုစိမ်ထားပါ။

မကျည်းရည်ထဲသို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်
ပါ။ ထန်းညက်ခဲ အသင့်အတင့်ကို ရေနွေးဖြင့်ကျိုပြီး ထည့်ပါ။ညက်အောင် ထောင်းထားသော ဂျင်း၊

ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကိုမကျည်းရည်ထဲသို့ နှံ့အောင် ရောမွှေပေးပါ။ အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။

Credit ဒေါ်ပုလက်ရာ

အိမ္မွာဘဲ လုပ္စားမလား ေရာင္းမလား ဝက္သားတုတ္ထိုးလုပ္နည္းေလး

၀က်သားတုတ်ထိုး လုပ္ရန္အတြက္ အူမႀကီး၊အူခ်ိဳ၊ အူပိတ္၊အသည္း၊ေက်ာက္ကပ္၊ႏွလုံး၊နား႐ြက္၊ဝက္ပါး၊မ်က္လုံး၊ လွ်ာ အားလုံးတို႔ကို မက်ည္းသီးမွည့္ အနည္းငယ္ျဖင့္ ေရအထပ္ထပ္ေဆးထားပါ။

ဝက္သားတုတ္ထိုးထဲမွာ ဝက္အူပိတ္က စားရတာအရသာရွိၿပီး လုပ္နည္းက အနည္းငယ္လက္ဝင္ပါတယ္။အထပ္ထပ္ အရစ္ ေလးေတြျဖစ္ ေအာင္ အူပိတ္ကို အတြင္းဖက္သို႔လွန္ကာ ရွာလကာရည္ျဖင့္ ေရေသခ်ာေဆးပါ။

ေရေဆးရာ၌ ရွာလကာရည္မ်ား မ်ားသြားလွ်င္ ဝက္အူမ်ားေပါက္ၿပဲတက္ပါသည္။အနည္းငယ္သာ သုံးပါ။
အတြင္းသားကို အျပင္ဖက္သို႔ ႏွစ္ထပ္ျဖစ္သည္အထိ ျပန္လွန္ၿပီး အတြင္းထဲကို ထိုးထည့္ေပးရပါတယ္။

ဥပမာ ၁၀ လက္မေလာက္ရွိတဲ့ အူပိတ္ဟာ အတြင္းဘက္ကေန အျပင္ဘက္ကိုျပန္လွန္သည့္ အတြက္ႏွစ္ထပ္ျဖစ္ကာ ၅ လက္မေလာက္ပဲ အရွည္ရွိပါေတာ့တယ္။

ခ်က္မည့္ အိုးထဲသို႔ဆီပါတယ္ ဆို႐ုံသာထည့္ ပါ။ သၾကားကို ဝက္ကလီစားမ်ားေပၚ မူတည္ၿပီး အခ်ိန္အဆမွန္း၍ အသင့္အတင့္ကို ေၾကာ္ပါ။ ေက်ာက္ကပ္မွလြဲ၍ က်န္ကလီဇာမ်ား အားလုံးကိုထည့္ ၿပီးေၾကာ္ေပးပါ။

ႏွံ႕ေအာင္ေမႊၿပီးလွ်င္ ဓားျပားရိုက္ထားေသာ ဂ်င္း၊ၾကက္သြန္ျဖဴ ႏွင့္ ေရ၊ဆား၊ပဲငံျပာရည္အပ်စ္၊နာနတ္ပြင့္ အသင့္အတင့္ ထည့္ၿပီး ႏူးေအာင္တည္ထားပါ။ ျပဳတ္လွ်င္ ရွာလကာရည္ထည့္ စရာမလိုပါ။ ႏူးၿပဲကုန္ပါ လိမ့္ မည္။

အုန္းစိမ္းေရ အနည္းငယ္ ထည့္လွ်င္ ဝက္အူပိတ္၊အူခ်ိဳ ႏွင့္ကလီဇာမ်ား ေပ်ာ့အိအိမျဖစ္ပဲ ေတာင့္ေတာင့္ တင္းတင္းေလးျဖစ္ကာ ဝက္အညွီနံ႕ကိုလုံးဝေပ်ာက္ပါတယ္။ အရသာလည္း ကြာပါတယ္။အုန္းစိမ္းေရ မထည့္ လွ်င္ ဝက္အူပိတ္၊အူခ်ိဳမ်ား ေပ်ာ့အိအိျဖစ္ၿပီး စားမေကာင္းျဖစ္တက္ပါတယ္။

ဓားျပားရိုက္ထားေသာ ဂ်င္း၊ၾကက္သြန္ျဖဴ ႏွင့္ ေရ၊ဆား၊ပဲငံျပာရည္အပ်စ္၊နာနတ္ပြင့္တို႔ျဖင့္ ေက်ာက္ကပ္ကို သက္သက္ခြဲၿပီး က်က္ေအာင္ ျပဳတ္ပါ။ ျပဳတ္ၿပီးသား ၾကက္ဥမ်ားကို ပြက္ပြက္ဆူေနေသာ ဝက္သားတုတ္ထိုးအိုးထဲသို႔ အခြံခြါ၍ မိနစ္အနည္းငယ္ခန့္ထည့္ျပဳတ္ၿပီး ျပန္ဆယ္ထားပါ။

ဝက္ကလီဇာမ်ားအားလုံး ႏူးလွ်င္ ႀကိဳက္ႏွစ္သက္သလို လွီး၍ တုတ္ထိုးအခ်ဥ္ခ်ဥ္ ရည္ေလးျဖင့္တြဲဖက္၍ သုံးေဆာင္နိုင္ပါတယ္ရွင္။အခ်ဥ္ရည္
မက်ည္းသီးမွည့္ ကိုေရႏြေးျဖင့္ ၁ နာရီေလာက္ႀကိဳစိမ္ထားပါ။

မက်ည္းရည္ထဲသို႔ ငံျပာရည္၊င႐ုတ္ဆီအခ်ဥ္ ထည့္
ပါ။ ထန္းညက္ခဲ အသင့္အတင့္ကို ေရႏြေးျဖင့္က်ိဳၿပီး ထည့္ပါ။ညက္ေအာင္ ေထာင္းထားေသာ ဂ်င္း၊

ၾကက္သြန္ျဖဴ၊င႐ုတ္သီးစိမ္း၊င႐ုတ္သီးအေရာင္တင္မႈန့္၊နံနံပင္ တို႔ကိုမက်ည္းရည္ထဲသို႔ ႏွံ႕ေအာင္ ေရာေမႊေပးပါ။ အေပါ့အငံျမည္းၾကည့္ၿပီး လိုအပ္မွ ဆားထည့္ပါ။

Credit ေဒၚပုလက္ရာ

Leave a Reply

Your email address will not be published.