Local News

အိုးဘိုထောင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုပေး

အိုးဘိုထောင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုပေး

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမယ့် အမှု ၂ မှုကို ထပ်မံရွှေ့ဆိုင်း

စကားပြောစက်တွေ နေအိမ်မှာ တွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့အမှု တွေအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမယ့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။

ဒီနေ့မှာ အမိန့်ချ ဖို့ ရှိတာဖြစ်ပြီး တရားသူကြီးက အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ ထပ်မံရွှေ့ဆိုင်းလိုက်တာပါ။

ကနဦးက ဒီအမှုကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အမိန့်ချဖို့သတ်မှတ်ခဲ့ပေမယ့် ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်ကိုရွှေ့ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့မှာလည်းအမိန့်မချဖြစ်ဘဲ လာမယ့်နှစ် ဇန်နဝါရီလ ၁၀ ရက်ကိုချိန်းလိုက်တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေထိုင်တဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတာပါ။

အဲဒီအမှု ၂ ခုလုံးရဲ့ ပြစ်ဒဏ်ပြဌာန်းချက်အရ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်လောက်အထိချနိုင်တာကိုတွေ့ရပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းချိုးဖောက်မှုနဲ့ ဆူပူအောင်လှုံဆော်မှုတို့နဲ့ ဒီဇင်ဘာလ ၆ ရက်က ထောင်ဒဏ် ၄ နှစ်ချထားပါတယ်။ ဒါပေမယ့် ညတွင်းချင်း ထောင်ဒဏ် ၂ နှစ်လျော့ချခဲ့တာရှိပါတယ်။

ဒီနေ့တရားခွင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်စည်းကမ်းချိုးဖောက်မှုနဲ့စွဲထားတဲ့အမှုကို စစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အိုးဘိုထောင်ကနေ အွန်လိုင်းကတဆင့် သက်သေထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ခွင့်ရလိုက်ပြီး ကျန်းမာရေးလည်းကောင်းမွန်ကြတယ်လို့သိရပါတယ်။

People’sSpring

Zawgyi

အိုးဘိုေထာင္ထဲကေန ေဒၚေအာင္ဆန္းစုၾကည္အတြက္ ေဒါက္တာေဇာ္ျမင့္ေမာင္ သက္ေသထြက္ဆိုေပး

ေဒၚေအာင္ဆန္းစုၾကည္ကို အမိန္႔ခ်မယ့္ အမႈ ၂ မႈကို ထပ္မံေ႐ႊ႕ဆိုင္း

စကားေျပာစက္ေတြ ေနအိမ္မွာ ေတြ႕တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ စြဲဆိုထားတဲ့အမႈ ေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အမိန္႔ခ်မယ့္ရက္ကို ထပ္မံေ႐ႊ႕ဆိုင္းလိုက္တယ္လို႔သိရပါတယ္။

ဒီေန႔မွာ အမိန္႔ခ် ဖို႔ ႐ွိတာျဖစ္ၿပီး တရားသူႀကီးက အေၾကာင္းျပခ်က္တစ္စုံတစ္ရာမေပးဘဲ ထပ္မံေ႐ႊ႕ဆိုင္းလိုက္တာပါ။

ကနဦးက ဒီအမႈကို ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ အမိန္႔ခ်ဖို႔သတ္မွတ္ခဲ့ေပမယ့္ ဒီေန႔ ဒီဇင္ဘာလ ၂၇ ရက္ကိုေ႐ႊ႕ထားတာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေန႔မွာလည္းအမိန္႔မခ်ျဖစ္ဘဲ လာမယ့္ႏွစ္ ဇန္နဝါရီလ ၁၀ ရက္ကိုခ်ိန္းလိုက္တယ္လို႔သိရပါတယ္။

စစ္တပ္အာဏာသိမ္းတဲ့ေန႔က ေနျပည္ေတာ္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေနထိုင္တဲ့အိမ္မွာ ဆက္သြယ္ေရးစကားေျပာစက္ေတြ ေတြ႕တယ္ဆိုၿပီး ပို႔ကုန္သြင္းကုန္ဥပေဒ ၊ ဆက္သြယ္ေရးဥပေဒေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကိုတရားစြဲထားတာပါ။

အဲဒီအမႈ ၂ ခုလုံးရဲ႕ ျပစ္ဒဏ္ျပဌာန္းခ်က္အရ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္ေလာက္အထိခ်ႏိုင္တာကိုေတြ႕ရပါတယ္။

စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္မႈနဲ႔ ဆူပူေအာင္လႈံေဆာ္မႈတို႔နဲ႔ ဒီဇင္ဘာလ ၆ ရက္က ေထာင္ဒဏ္ ၄ ႏွစ္ခ်ထားပါတယ္။ ဒါေပမယ့္ ညတြင္းခ်င္း ေထာင္ဒဏ္ ၂ ႏွစ္ေလ်ာ့ခ်ခဲ့တာ႐ွိပါတယ္။

ဒီေန႔တရားခြင္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္မႈနဲ႔စြဲထားတဲ့အမႈကို စစ္ေဆးခဲ့ၿပီး မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က အိုးဘိုေထာင္ကေန အြန္လိုင္းကတဆင့္ သက္ေသထြက္ဆိုခဲ့တယ္လို႔သိရပါတယ္။

ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ တစ္ဦးနဲ႔တစ္ဦးႏႈတ္ဆက္ခြင့္ရလိုက္ၿပီး က်န္းမာေရးလည္းေကာင္းမြန္ၾကတယ္လို႔သိရပါတယ္။

People’sSpring

About the author

admin

Add Comment

Click here to post a comment