Local News

အီတလီနိူင်ငံအစည်းအဝေးပွဲတတ်ရောက်တော့မည်ဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး

အီတလီနိူင်ငံအစည်းအဝေးပွဲတတ်ရောက်တော့မည်ဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး

အီတလီနိုင်ငံ၊ ပါးမားမြို့၌ လုပ်မည့် မြန်မာ့အရေး ရက်သတ္တပတ်ကြာ ဆွေးနွေးပွဲကို အီတလီနိုင်ငံသို့ NUG မှ ဒေါက်တာဇော်ဝေစိုး တက်ရောက်မည်

အီတလီနိုင်ငံ၊ ပါးမားမြို့မှာ ကျင်းပပြုလုပ်မယ့် “ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း – မြန်မာနိုင်ငံဒီမိုကရေစီ အရေး” ဆွေးနွေးပွဲသို့ ပြီးခဲ့သည့်လက အီတလီနိုင်ငံသို့ နိုင်ငံရေး ခိုလှုံခွင့်ရရှိရန် ရောက်ရှိနေသည့် NUG မှ ဒေါက်တာ ဇော်ဝေစိုး တက်ရောက်မည်ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံက သိရပါတယ်။

အဆိုပါ မြန်မာ့အရေးဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ရက်သတ္တ ပတ်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ပါးမားမြို့တော် (Celvi Institute) နဲ့ အီတလီ-မြန်မာ မိတ်ဆွေအဖွဲ့ (Giuseppe Malpeli) တို့က ဦးစီး ကျင်းပတာဖြစ်ပြီး ပါးမားတက္ကသိုလ်အပါအဝင် အဖွဲ့အစည်းအများအပြားနဲ့ အီတလီရောက် မြန်မာတွေ ပါဝင်ကျင်းပကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲ စတင်ကျင်းပတဲ့ ၁၅ ရက်နေ့မှာတော့ အီတလီမြောက်ပိုင်းက Emilia – Romagna ပြည်နယ်နဲ့ မြန် မာနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို ဆွေးနွေးကြမှာဖြစ်ပြီး ၁၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံ မှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။

၁၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်အခြေအနေတွေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေ အကြောင်း ဆွေးနွေးကြမှာဖြစ်ပြီး ၁၈ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိမိလွတ်မြောက်ခွင့်ကို မြန် မာနိုင်ငံလွတ်လပ်ရေးအတွက် အသုံးချဖို့အပါအဝင် မိန့်ခွန်းတွေ၊ ကဗျာတွေနဲ့ လူငယ်အဖွဲ့တွေရဲ့ Burma Road အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပကြမှာပါ။

နောက်ဆုံးနေ့ဖြစ်တဲ့ ၁၉ ရက်နေ့မှာတော့ အီတလီနိုင်ငံ၊ ပါးမားမြို့နဲ့ မြန်မာနိုင်ငံတို့ရဲ့ချစ်ကြည်ရင်းနှီးမှုတွေ အကြောင်း ဟောပြောပွဲတွေနဲ့ Piazza Garibaldi ရင်ပြင်မှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို အီတလီအစိုးရပိုင်းက တာဝန်ရှိသူတွေအပါအဝင် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Tom Andrews နဲ့ NUG က ဒေါက်တာ ဇော်ဝေစိုးတို့လည်း ပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။

Credit