ဦးဂျင်မီနဲ့ ‌ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်အမိန့်ကို လက်တွေ့အကောင်ထည်ဖော်မယ်ဆိုရင် …see more

ဦးဂျင်မီနဲ့ ‌ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်အမိန့်ကို လက်တွေ့အကောင်ထည်ဖော်မယ်ဆိုရင် …see more

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ‌ဦးဖြိုးဇေယျာသော်တို့အပေါ် စစ်ကောင်စီရဲ့စစ်ခုံရုံးကချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို

လက်တွေ့အကောင်ထည်ဖော်မယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် Myanmar Defense Force (MDF) က ဇွန်လ ၄ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

သေဒဏ်ချမှတ်ခံရသူ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့ အယူခံကို ပယ်ချခဲ့ပြီး သေဒဏ်ကို လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်လုပ်ဆောင်ဖို့ အတည်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတာပါ။

ဒါနဲ့ပတ်သတ်ပြီး MDF ကာကွယ်ရေးတပ်ဖွဲ့က “ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမိန့်ပေးတာ စစ်ကိုင်းတိုင်းဘက် PDF တိုင်းစေ့ကြားပြီးပြီ။ တကယ် Action ပါယူခဲ့ရင်တော့ ကျနော်တို့‌ကျင့်သုံးနေတဲ့ ကိုဓဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမယ်။

အပြောမဟုတ်ဘူး စစ်ကိုင်းတိုင်းဘက်က အရင်လက်တွေ့ပြစေချင်တယ်ဆိုလည်း ဖြစ်တယ်။ သိပ်မခက်ခဲလှဘူး” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီရဲ့ စစ်ခုံရုံးက ပုဒ်မ ၄၉ (က) / ၅၀ (ဈ) / ၅၀ (ည) အမှုတွေနဲ့ စွဲချက်တင် သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သေဒဏ်အတည်ပြုခံရတဲ့အထဲမှာ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.