ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီကြေညာ

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီကြေညာ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့်

ကျန်နှစ်ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင့် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ကျန်နှစ်ဦးမှာ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ဖြစ်ပြီး လေးဦးလုံးအား စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသူများဖြစ်သည်။

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ပဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာပေးတွေ့ခဲပြီးနောက် ၎င်းတို့ကို အင်းစိန်ထောင်တွင်ပင်ကွပ်မျက်ခဲ့ကြောင်း သိရှိရသည်။

ကွပ်မျက်သည့် အခြေအနေအသေးစိတ်ကို မသိရသော်လည်း ကွပ်မျက်မှုအား ဇူလိုင်လ ၂၃ စနေနေ့မနက်တွင် ပြုလုပ်ခဲ့ကြောင်း Myanmar Now ၏သတင်းရင်းမြစ်ကပြောဆိုသည်။

မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် “သူ့အကြောင်းတရားနဲ့သူလာတာ။ သူတရားထိုင်တယ်။ သူတရားနဲ့သူနေတယ်” ဟု ဦးဂျင်မီက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မိသားစုဝင်များအား ထောင်မှပြန်ခါနီးတွင် အကျဥ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု အကျဥ်းထောင်အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published.