ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်တို့ ရဲ့ မိသားစုဝင်အချို့ ထောင်အာဏာပိုင် တွေနဲ့မေးမြန်းဖို့ အင်းစိန်ထောင် တွင်းရောက်ရှိ

ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်တို့ ရဲ့ မိသားစုဝင်အချို့ ထောင်အာဏာပိုင် တွေနဲ့မေးမြန်းဖို့ အင်းစိန်ထောင် တွင်းရောက်ရှိ

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါ ၄ဦး ကို ပြစ်ဒဏ်စီရင်လိုက်ပြီလို့ စစ် ကောင်စီက ကြေညာခဲ့တဲ့နောက်မှာ မိသားစုဝင်အချို့က ရန်ကုန် အင်း က စိန်ထောင်ကို ဒီကနေ့ ဇူလိုင် ၂၅ရက်မ နက် အစောပိုင်းကရောက်ရှိကြပြီး မနက်၉နာရီကျော်မှာ ထောင် အာဏာပိုင်တွေကိုမေးမြန်းဖို့ အကျဉ်းထောင်ကိုရောက်နေပါတယ်။

” ကိုဂျင်မီရော ကိုဖြိုးဇေယျာ်သော် မိသားစုဝင်အချို့ရော ထောင်ဗူးဝမှာ စောင့်နေတယ်၊ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သူတို့ထောင်အာဏာပိုင် တွေကိုမေးစရာတွေရှိလာတယ်။ ဒါ တွေအတွက် မိသားစုရှေ့နေ နဲ့ အတူ သွားကြတယ်၊ အခုထောင်ဝင်းထဲဝင် သွားပြီ ” လို့ နီးစပ်သူတစ်ဦးကပြောပြ ” ပါတယ်။

စစ်ကောင်စီရဲ့ အခုလိုကြေညာလာတဲ့ အပေါ်မှာ ရှေ့နေတွေနဲ့ ဥပဒေ အသိုင်းအဝိုင်းက ဝေဖန်မှုတွေမြင့် တက်နေပြီးစစ်ကောင်စီ ရဲ့လုပ်ရပ်ဟာ ဥပဒေတွေကို ကျော်လွန်လုပ်ဆောင် တာလို့ ဝေဖန်ကြပါတယ်။

“ဒါစစ်ကြေညာလိုက်ပြီ။ ဘာမဆိုလုပ် မယ်၊ ဘယ်သူ့မှဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ။ သူ့ဆရာတွေမလုပ်ခဲ့ တာတောင် လုပ်ပြတဲ့သဘောပဲ။

ဥပဒေအရဆိုရင် သေဒဏ်ကျင့်သုံးတဲ့ နိုင်ငံက အနည်းငယ်ပဲရှိတယ်၊ဒါတွေ က နိုင်ငံရေးသမားတွေကိုကြိုးပေး တာ မရှိဘူး။

အင်မတန်ရက်စက်တဲ့ လူသတ်သမားတွေ၊ ပြစ်မှုကျူးလွန် သူတွေကိုလုပ်တာ။ ကမ္ဘာ့နိုင်ငံတွေ ကျင့်သုံးတဲ့ လူ့အခွင့်အရေးစံချိန်တွေ လည်း ဘာမှမမီဘူး။

မြန်မာဥပဒေ အရဆိုရင် လည်း ဒါက ဘာမှဥပဒေနဲ့ မညီဘူး”လို့ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။

Leave a Reply

Your email address will not be published.