Local News

အင်တာနက်ရှိရာကို မိုင်ပေါင်းများစွာဖြတ်ကျော်လာကာ ကောလဟာလတွေကို ကိုယ်တိုင်ပြန်ဖြေရှင်း

အင်တာနက်ရှိရာကို မိုင်ပေါင်းများစွာဖြတ်ကျော်လာကာ ကောလဟာလတွေကို ကိုယ်တိုင်ပြန်ဖြေရှင်းပြီ

ဒေါက်တာငြိမ်းကို လူတိုင်းသိကြမှာပါ။ သူမဟာ ပရဟိတဝါသနာအလွန်ပါသူဖြစ်ပြီး စစ်အာဏာသိမ်းစဉ်ကတည်းက ဒဏ်ရာရတဲ့ပြည်သူတွေကိုဘအန္တရာယ်ကြားထဲကနေ ကူညီကယ်တင်ခဲ့သူလည်းဖြစ်ပါတယ်။

မန္တလေးသူတစ် ဦးဖြစ်ပြီး ချစ်ရတဲ့ ခင်ပွန်းနဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ယခုအခါ ဒေါက်တာငြိမ်းက လူသူအရောက်အပေါက်နည်းပြီး စစ်ဘေးရှောင် ပြည်သူတွေရှိတဲ့ ချင်းတောင်းမှာ ကိုယ်ကျိုးမငဲ့ပဲ ပရဟိတလုပ်ကိုင်ဘနေသူတစ်ဦးဖြစ်ပါတယ်။ ပကာသနတွေမပါပဲ ရိုးရှင်းတဲ့သူမရဲ့အပြုံးလေးတွေကလည်း ဘယ်လောက်ပင်ပန်းနေပါစေ အမြဲ ချိုမြနေပါတယ်။

ယခုလိုကိုယ်ကျိုးစွန့်ပြီး ပရဟိတလုပ် ကိုင်နေတဲ့ ဒေါက်တာငြိမ်းကို မတရားအာဏာသိမ်းထားတဲ့ဘစစ်ကောင်စီက ဖမ်းဆီးရန်အမိန့်ထုတ်လိုက်ပါတယ်။ စစ်ကောင်စီက အပြစ်မရှိတဲ့ ပြည်သူများစွာကို ဖမ်းစီးသတ်ဖြတ်မှု တွေများစွာပြူလုပ်ခဲ့ရုံသာမက အခုလိုအများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပီး ပရဟိတသမားတွေကိုပါဖမ်းစီးဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။

ယနေ့မှာတော့ သူနဲ့ပါတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလဟာလတွေကိုဖြေရှင်းဖို့ မိုင်ပေါင်းများးစွာအဝေးကနေ အင်တာနက်ရရနေရာဆီ လာပြီး သူမရဲ့ ဖေ့ဘွတ်အကောင့်ကနေ ပြောကြားခဲ့တာပါ။

“ ကျွန်တော်ရှိကိုရှိနေရမယ်လို့ ဘယ်သူမှ သတ်မှတ်မထားတဲ့နေရာမှာ လုပ်ကိုလုပ်ရမယ်လို့ ဘယ်သူမှ တာဝန်ပေးမထားတဲ့အလုပ်တွေကိုဆက်လုပ်နေဆဲပါ အမှန်တရားမဟုတ်တဲ့ မလိုအပ်တဲ့ ကောလဟာလတွေကို လိုက်ရှင်းနေရရင် အချိန်ကုန်သလို နောက်ဆက်တွဲပြသနာလည်းရှိနိုင်တာကြောင့် အခုချိန်ကစပြီး ကြိုက်သလောက်သာပြောကြပါ ကျွန်တော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေမှာပါပဲ ” ဟု ဒေါက်တာငြိမ်းက ပြောဆိုလာပါတယ်။

“ အရာအားလုံးပြီးသွားတဲ့အခါ အဲ့ဒီနေ့ကျ ကျွန်တော်မရှိတော့တဲ့အခါ ကျွန်တော့်နာမည်ကိုလူ၃မျိုးက မှတ်မိစေချင်တယ် သူငါတို့နှောင့်ယှက်တဲ့ကြားက လုပ်နိုင်ခဲ့သားပဲဆိုတဲ့ ရန်သူတွေရယ် သူအများကြီးလုပ်ခဲ့တာပဲဆိုတဲ့ မိတ်ဆွေတွေရယ် ဒေါက်တာငြိမ်းလို့ ခေါ်ကြတဲ့ ချင်းကလေးလေးတွေရယ် ” ဆိုပြီး သူမ မရှိတော့တဲ့အချိန်ကျရင် လူတွေမှတ်မိနေစေချင်တဲ့ပုံစံကို ဖွင့်ဟခဲ့ပါသေးတယ်။

ဒါ့အပြင် “ ကျွန်တော်ပြောချင်တာကတော့ ကောလဟာလတွေယုံချင်လည်းယုံပါ ကျွန်တောိကတော့ဖြေရှင်းမှာမဟူတ်ပါ အလှူငွေဘုန်းတယ်လို့အသံထွက်လာလိူ့ ယုံချင်ရင် ဟုတ်တယ် သူဘုန်းတယ်လို့ပဲယုံကြည်လိုက်ပါ USA ထွက်ပြေးတယ်လို့ကြားရလို့ယုံချင်ရင် ဟုတ်တယ် သူပြေးသွားပြီလို့ပဲယုံလိုက်ပါ

ပြီးရင် ကျွန်တော့်acc ကို follow ဖြုတ် or block လုပ်လိုက်ပါ အဲ့ဒါခင်ဗျားအတွက်စိတ်သက်သာရာရပါလိမ့်မယ် ကျွန်တော့် acc ကတော့ ကျွန်တော်မဟူတ်တဲ့ လိုင်းရတဲ့နေရာက ကလေးတယောက်သုံးနေမှာမို့ အမြဲမီးစိမ်းနေပါလိမ့်မယ် ” ဟု ဒေါက်တာငြိမ်းက အသိပေးပြောဆိုလာပါသေးတယ်။

CDF Mindat တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုရောမန်ကလည်း… ဒေါက်တာငြိမ်းနဲ့ပတ်သက်ပြီး ပြောဆို ဖြေရှင်းခဲ့ပါသေးတယ်။

“ ဒေါက်တာငြိမ်းက သိန်းထောင်နဲ့ချီပြီး မင်းတပ်ကို လှူတယ်။ လူ‌တွေထင်ထားတာထက် အများကြီး ပိုလှုပါတယ်။ ခုလိုချိန်မှာ အဖွဲ့အစည်းတစ်ခုက သူ့ရဲ့ ဝင်ငွေထွက်ငွေ စာရင်းဇယားနဲ့ အတိအကျကို ကိုယ့်သေတွင်းကိုယ်တူးပြီး လူထုကို ချပြမှာမဟုတ်ဘူး။

အခုဆို ဒေါက်တာငြိမ်းရဲ့ မိဘတွေပါ ဒုက္ခရောက်နေတာ အားလုံးအသိပါ။ အခုလို မဟုတ်မမှန် သတင်းမှားတွေနဲ့ စွပ်စွဲတဲ့လူ‌တွေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် တာဝန်ယူမှာလား၊ တာဝန်ခံမှာလား သိချင်ပါတယ်။

ပြီးတော့လည်း စာရင်းဇယားတွေ မချပြတာကို အခွင့်ကောင်းယူပြီး.. အောက်ခြေကလူတွေမသိဘူးဆိုပြီး ပြဿနာလုပ်လို့မရပါဘူး။ အောက်ခြေက လူတစ်ဦးချင်းစီကတော့ စာရင်းဇယား‌တွေ သိမှာမဟုတ်ဘူး။

ပြည်သူတွေကို ငတ်စေချင်၊ ဒုက္ခပိုရောက်စေချင်တာလား သို့မဟုတ် တော်လှန်ရေးကိုကျဆုံးစေချင်တာလား။ သူတပါးအပြစ်ကို နွားလော့ဟုမ်းလိုလို အမျိုးမျိုး စူးစမ်းရှာဖွေပြီး ပေါက်ကရ လောဂျစ်တွေနဲ့သုံးသပ်တင်ပြ မဟုတ်မမှန် စွပ်စွဲနေတာက.. ကိုယ့်ကိုယ်ကိုယ် အာဏာရှင်အားပေးဖြစ်‌နေပြီဆိုတာလည်း သတိပြုကြပါဦး။

အဲဒီပေါက်ကရသတင်းတွေယုံပြီး ကိုယ့်ကိုလာသတိပေးတဲ့ အသိတွေကိုလည်း သနားရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ စွန့်လွှတ်နိုင်သမျှ စွန့်လွှတ်ပြီး တစိမ်းမြေဖြစ်တဲ့ ကျွန်တော်တို့ဆီကို ကူညီဖို့လာခဲ့တာ.. ပြီးတော့ ပြောရမယ်ဆိုရင် ဒေါက်တာငြိမ်း အနေထားက ကျွန်တော်တို့လက်ခုပ်ထဲကရေ။

နောက်ဆုံး‌အနေနဲ့.. ကျွန်တော်တို့ မအားဘူးခင်ဗျ။ အမြစ်တွယ်နေတဲ့ အကြမ်းဖက် အာဏာရှင်ကို ဖြုတ်ချနေကြတာ။ မဖြစ်နိုင်တာကို မဖြစ်ဖြစ်အောင် ဝိုင်းလုပ်နေကြတာ။ ” ဟု ကိုရောမန်က စိတ်မကောင်းစွာနဲ့ အဖြစ်မှန်ကို ရှင်းပြခဲ့တာပါ။

ဒေါက်တာငြိမ်းတစ်ယောက် အန္တာရာယ်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit