Local News

ဦးဖြိုးမင်းသိန်းနှင့် ၎င်းတို့ မိသားစုများ၏အသက်ကို အာမ,မခံအပြစ်ပေးဆောင်ရွက်မှုများ လုပ်ဆောင်သွားမယ် PDF အဖွဲ့များ ထုတ်ပြန်

ဦးဖြိုးမင်းသိန်းနှင့် ၎င်းတို့ မိသားစုများ၏အသက်ကို အာမ,မခံအပြစ်ပေးဆောင်ရွက်မှုများ လုပ်ဆောင်သွားမယ် PDF အဖွဲ့များ ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၏ အမှုရုံးချိန်းတွင် သက်သေအဖြစ်ထွက်ဆိုခဲ့ပြီးနောက် ဦးဖြိုးမင်းသိန်းနှင့် ၎င်းတို့ မိသားစုများ၏အသက်ကို အာမခံမည်မဟုတ်သည့်အပြင် အပြစ်ပေးအရေးယူဆောင်ရွက်မှုများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း PDF အဖွဲ့များက ထုတ်ပြန်လာပါတယ်။

အထက်ပါကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Yangon) အဖွဲ့နှင့် လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-HlenGu) စသည့် PDF အဖွဲ့များက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယင်းနေ့အမှုရုံးချိန်းတွင် ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်ချက်သည် အသားထဲမှ လောက်ထွက်ကာ ဒေါ်အောင်ဆန်းစုကြည်အား သိက္ခာကျစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

မိမိတို့အနေဖြင့် ယင်းသို့ထွက်ဆိုမည်ဟု မထင်ထားခဲ့ကြောင်း၊ အဆိုပါကဲ့သို့ သက်သေထွက်ဆိုခြင်းသည် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာဖောက်ဖျက်ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့များ၏ ထုတ်ပြန်ချက်တွင်ပါ ရှိပါတယ်။

ဦးဖြိုးမင်းသိန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်အား သိက္ခာကျစေရန် ဆောင်ရွက်ခဲ့ကြောင့် ၎င်း၏ ဇနီးဒေါ်ခင်မိမိကြွယ်နှင့် ၎င်း၏ ဆွေမျိုးများကို လှည်းကူးမြို့အတွင်းသို့ အခြေချသွားလာလှုပ်ရှားမှုများကို

ပြုလုပ်ခွင့်ပေးမည်မဟုတ်ကြောင်း ယင်းအပြင် ဒီမိုကရေစီ သစ္စာတရားကင်းမဲ့မှုကြောင့် ၎င်းနှင့် မိသားစု ဝင်များကို ထိရောက်စွာ အပြစ်ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ပါရှိချက်အရ သိရပါတယ်။

Ref Peoplemedia