ဧရာမ ဂြိုဟ်သိမ်ကြီး ကမ္ဘာနားမှ ဖြတ်သန်းသွားမည်…ဘာတွေဖြစ်ဦးမလဲ

ဧရာမ ဂြိုဟ်သိမ်ကြီး ကမ္ဘာနားမှ ဖြတ်သန်းသွားမည်…ဘာတွေဖြစ်ဦးမလဲ

မော်စကို၊ မေ ၂၃

ယခုနှစ်တွင်လူသိများ​သော အပိုလို ဂြိုလ်သိမ်ဂြိုလ်မွှားများအနက် အကြီးဆုံးဂြိုလ်သိမ်အုပ်စုသည် မေ ၂၇ ရက်နေ့တွင် ကမ္ဘာနားမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း ကယ်ဒီရှ် အသုံးချသင်္ချာဌာန က ပြောကြားခဲ့သည်။

ရုရှားသိပ္ပံအကယ်ဒမီ၏ ကယ်ဒီရှ် အသုံးချသင်္ချာဌာနက (၁၉၈၉ ဂျေအေ) အမည်ရှိ ဂြိုဟ်ငယ်၏ ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့သည်။

“ လူသိများတဲ့ ဂြိုလ်သိမ်တွေထဲမှ အကြီးဆုံးဟာ (အချင်း ၁.၅ ကီလိုမီတာခန့်) ရှိပြီး ၎င်းကို ၂၀ စင်တီမီတာ ရှိတဲ့ အဝေးကြည့် မှန်ပြောင်းဖြင့်ပင် မြင်တွေ့နိုင်သည်ဟုလည်းဟု တက္ကသိုလ်က ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါ ဂြိုလ်သိမ်ဂြိုလ်မွှားသည် မေလ ၂၇ ရက်နေ့ ​မော်စကိုအချိန် ညနေ ၅ နာရီ ၂၆ မိနစ်( မြန်မာစံ​တော်ချိန် ည ၈ နာရီ ၅၆ မိနစ်)တွင် ကမ္ဘာနှင့် အနီးဆုံး အနေအထား ဖြစ်သည့် ကီလိုမီတာ ၄သန်း အကွာ​ဝေးက​နေ ဖြတ်သွားမည် ဖြစ်သည်။

၎င်းသည် တစ်စက္ကန့်လျှင် ၁၃ ကီလိုမီတာနှုန်းဖြင့် သွားလာနေကြောင်းနှင့် ကမ္ဘာဂြိုလ်အား အန္တရာယ် မပြုနိုင်ကြောင်း ရုရှအာကာသ​ကော်ပို​ရေးရှင်း က ​ဖော်ပြထားသည်။

Source: Tass Russian News Agency


မော်စကို၊ မေ ၂၃







Leave a Reply

Your email address will not be published.