Local News

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလှည့်အပြောင်းတွေ ဖြစ်လာမယ်လို့ အာရှ-ပစိဖိတ် ပါမောက္ခ သုံးသပ်

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလှည့်အပြောင်းတွေ ဖြစ်လာမယ်လို့ အာရှ-ပစိဖိတ် ပါမောက္ခ သုံးသပ်

ဇန်နဝါရီ ၈ ၊ ၂၀၂၂

လက်ရှိ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအလှည့်အပြောင်းတွေဖြစ်လာလိမ့်မယ်လို့ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာဌာန ပါမောက္ခလည်းဖြစ် အမေရိကန်နိုင်ငံစစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီးလည်းဖြစ်တဲ့ ဒေါ်မီမီဝင်းဘတ်က မှတ်ချက်ပြုပြောကြား ထားပါတယ်။

“ဆိုတော့ ၂၀၂၂ မကြာခင်မှာပဲ turning point ရောက်သွားမယ်။ ဘယ်လ ဘယ်မှာဆိုတာတော့ ပြောလို့တော့မရဘူး။ ဒါပေမယ့် ၂၀၂၂ မှာ turning point ရောက်လိမ့်မယ်လို့ ကျမသုံးသပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီဘက်က ပြည်သူလူထုရဲ့ အားသာချက် စစ်တပ်က အားနည်းချက်တွေရယ် ဆိုတော့ ကျမထင်တယ် ၂၀၂၂မှာ turning point ရောက်မယ်။” လို့ DVB သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်မီမီဝင်းဘတ်က ထည့်သွင်းပြောကြားထားတာပါ။

အကြမ်းဖက်စစ်တပ်အနေနဲ့ အောက်ခြေက သတင်းအမှားပေးတာမျိုးတွေကြောင့် အချက်အလက်အမှားများစွာရနေကြောင်းနဲ့ လူအင်အားနည်းနေတဲ့ အကြမ်းဖက်စစ်တပ်အဖွဲ့ လက်နက်ကြီးသာ အားကိုပြီး တိုက်ခိုက်နေရတာဖြစ်တယ်လို့လည်း မှတ်ချက်ပြု ထားပါတယ်။

“ကရင်နီတို့ စစ်ကိုင်းတို့ တချို့နေရာတွေဆိုရင် တော်တော်များများမှာ ကျမသိရတာက သူတို့ administrative တွေကို Local တွေ က အားလုံး Control လုပ်ထားနိုင်တယ်။ စစ်တပ်ဘက်က တော်တော်များများနေရာတွေမှာ response မရှိ တော့ဘူး။” လို့ပြော ကြားထားပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုတွေလုပ်နေပေမယ့်လည်း ပြည်သူတွေရဲ့ ဒီမိုကရေလိုလားမှုနဲ့ လွတ်လပ်မှုကို လိုချင်တဲ့ ဆန္ဒတွေက လပေါင်းများစွာကြာတဲ့တိုင်အောင် လျော့ကျမသွားဘူးလို့ ပြောထားပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုလိုလားတဲ့ စိတ်ကို ချီးကျူးကြောင်းနဲ့ ဒီနှစ်အတွင်းမှာပဲ မြန်မာပြည်သူတွေ ဒီမိုကရေစီပြန်ရဖို့ အတွက်လည်း ဆုတောင်းပေးနေကြောင်း အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာဌာန ပါမောက္ခလည်းဖြစ် အမေရိကန်နိုင်ငံစစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီးလည်းဖြစ်တဲ့ ဒေါ်မီမီဝင်းဘတ်က ပြောကြားထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Zawgyi

၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ အလွည့္အေျပာင္းေတြ ျဖစ္လာမယ္လို႔ အာ႐ွ-ပစိဖိတ္ ပါေမာကၡ သုံးသပ္

ဇန္နဝါရီ ၈ ၊ ၂၀၂၂

လက္႐ွိ ၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအလွည့္အေျပာင္းေတြျဖစ္လာလိမ့္မယ္လို႔ အာ႐ွ-ပစိဖိတ္ လုံျခဳံေရးဆိုင္ရာဌာန ပါေမာကၡလည္းျဖစ္ အေမရိကန္ႏိုင္ငံစစ္တပ္ရဲ႕ အၿငိမ္းစား ဒုဗိုလ္မႉးႀကီးလည္းျဖစ္တဲ့ ေဒၚမီမီဝင္းဘတ္က မွတ္ခ်က္ျပဳေျပာၾကား ထားပါတယ္။

“ဆိုေတာ့ ၂၀၂၂ မၾကာခင္မွာပဲ turning point ေရာက္သြားမယ္။ ဘယ္လ ဘယ္မွာဆိုတာေတာ့ ေျပာလို႔ေတာ့မရဘူး။ ဒါေပမယ့္ ၂၀၂၂ မွာ turning point ေရာက္လိမ့္မယ္လို႔ က်မသုံးသပ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဒီဘက္က ျပည္သူလူထုရဲ႕ အားသာခ်က္ စစ္တပ္က အားနည္းခ်က္ေတြရယ္ ဆိုေတာ့ က်မထင္တယ္ ၂၀၂၂မွာ turning point ေရာက္မယ္။” လို႔ DVB သတင္းဌာနနဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ေဒၚမီမီဝင္းဘတ္က ထည့္သြင္းေျပာၾကားထားတာပါ။

အၾကမ္းဖက္စစ္တပ္အေနနဲ႔ ေအာက္ေျခက သတင္းအမွားေပးတာမ်ိဳးေတြေၾကာင့္ အခ်က္အလက္အမွားမ်ားစြာရေနေၾကာင္းနဲ႔ လူအင္အားနည္းေနတဲ့ အၾကမ္းဖက္စစ္တပ္အဖြဲ႕ လက္နက္ႀကီးသာ အားကိုၿပီး တိုက္ခိုက္ေနရတာျဖစ္တယ္လို႔လည္း မွတ္ခ်က္ျပဳ ထားပါတယ္။

“ကရင္နီတို႔ စစ္ကိုင္းတို႔ တခ်ိဳ႕ေနရာေတြဆိုရင္ ေတာ္ေတာ္မ်ားမ်ားမွာ က်မသိရတာက သူတို႔ administrative ေတြကို Local ေတြ က အားလုံး Control လုပ္ထားႏိုင္တယ္။ စစ္တပ္ဘက္က ေတာ္ေတာ္မ်ားမ်ားေနရာေတြမွာ response မ႐ွိ ေတာ့ဘူး။” လို႔ေျပာ ၾကားထားပါတယ္။

အၾကမ္းဖက္စစ္တပ္က ျပည္သူေတြကို ႏွိပ္စက္ညႇင္းပန္းသတ္ျဖတ္မႈေတြလုပ္ေနေပမယ့္လည္း ျပည္သူေတြရဲ႕ ဒီမိုကေရလိုလားမႈနဲ႔ လြတ္လပ္မႈကို လိုခ်င္တဲ့ ဆႏၵေတြက လေပါင္းမ်ားစြာၾကာတဲ့တိုင္ေအာင္ ေလ်ာ့က်မသြားဘူးလို႔ ေျပာထားပါတယ္။

ျမန္မာျပည္သူေတြရဲ႕ ဒီမိုကေရစီကိုလိုလားတဲ့ စိတ္ကို ခ်ီးက်ဴးေၾကာင္းနဲ႔ ဒီႏွစ္အတြင္းမွာပဲ ျမန္မာျပည္သူေတြ ဒီမိုကေရစီျပန္ရဖို႔ အတြက္လည္း ဆုေတာင္းေပးေနေၾကာင္း အာ႐ွ-ပစိဖိတ္ လုံျခဳံေရးဆိုင္ရာဌာန ပါေမာကၡလည္းျဖစ္ အေမရိကန္ႏိုင္ငံစစ္တပ္ရဲ႕ အၿငိမ္းစား ဒုဗိုလ္မႉးႀကီးလည္းျဖစ္တဲ့ ေဒၚမီမီဝင္းဘတ္က ေျပာၾကားထားပါတယ္။

#SpringRevolution
#PVTV
#PVTVNews

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.