
၅၀၅ က နဲ့ အချုပ်ကျနေတဲ့ အမျိုးသမီး ၁ ဦးကို တာဝန်ကျ ရဲက ခိုးပြေး♥️♥️❤️
VOM
မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့ ၊မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို
မနေ့ ဇူလိုင် ၁၀ရက်က တာဝန်ကျ ရဲတယောက်ကနေ ခိုးယူထွက်ပြေးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။
” အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၀(ည)နဲ့ အချုပ်ကျနေတဲ့ ကောင်မလေးက ကိုမောင်တူးရဲ့သမီး မအိသန္တာအောင်ဆိုသူဖြစ်တယ် ၊
မနေ့က အပြင်ထုတ်တဲ့အချိန်မှာ တာဝန်ကျ ရဲတပ်သား စိုးပိုင်က ခိုးယူထွက်ပြေးသွားတယ် ၊ ကောင်မလေးက သော့တန်းလန်းကြီးနဲ့ ပါသွားတာ ၊
ခေါ်ဆောင်ပြေးတဲ့ ရဲက မလှိုင်သားပါ ၊ လက်နက်မဲ့နဲ့ပြေးတာပါ ၊ အစောကတည်း က သူတို့ အကြံအစည်ရှိဟန်တူတယ်”လို့ မန္တလေး ရဲအသိုင်းအဝိုင်းက ပြောပါတယ်။