Local News

❝ပိုက်လုံးမကျိုးခင် လိမ္မာလိုက်သင့်ပြီ မောင်ကျင်ရေ❞ လို့ဆိုလိုက်တဲ့ ပန်ဆယ်လို

❝ပိုက်လုံးမကျိုးခင် လိမ္မာလိုက်သင့်ပြီ မောင်ကျင်ရေ❞ လို့ဆိုလိုက်တဲ့ ပန်ဆယ်လို

ချိနက ရှင်းတယ်။ ဒင်းတို့က စီးပွါးရေးသမား။ မြန်မာပြည်သူတွေရဲ့ အသ က်တွေ ဘဝတွေကို စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာ သူ့စီးပွါးပဲ။ ဒီနိုင်ငံမှာ သူစီးပွါးရှာလို့ရဖို့ပဲ လိုတယ်။

မအလ အာဏာသိမ်းတာကို ချိနက ကြိုက်တယ်။ ပေါ်တင်အားပေးတယ်။ ပေါ်တင် ကာဘာပေးတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ကိုကိုကျင်တို့ လုံးဝမချောင်ဘူး။ သူခိုးစျေးမရဘူး၊ ခေါင်းပုံဖြတ်လို့မရဘူး။ တန်ရာတန်ကြေးပေးရတော့ အကျင်တို့ ရင်ထဲမချိဘူး။ ဒါ့ကြောင် အာဏာသိမ်းဖို့ ကျောထောက်နောက်ခံပေးခဲ့တာ။

ဥာဏ်ပုလေး အာဏာသိမ်းတာ Fail ဖြစ်တယ်။ ၇လကျော်ပြီ။ အုပ်ချုပ်လို့ မရဘူး။ အုပ်ချုပ်ဖို့ မပြောနဲ့ ထိန်းချုပ်လို့ကို မရတာ။ စီနီယာအဆက်ဆက် အာဏာသိမ်းခဲ့တာ ရက်ပိုင်း၊လတိုတိုနဲ့ အငြိမ်းပဲ။ ဥာဏ်ပုလေးက လူသာသ တ်ပြနေတာ၊ ပုနေတာနဲ့တင် ဘယ်သူမှ မကြောက်ဘူး။

ငြိမ်သွားဖို့နေနေသာသာ PDFဆိုတာကြီး ပေါ်လာလိုက် ၊ D-Day က ခေါ်လာလိုက်နဲ့ မအလတို့ စအိုရှုံ့နေလိုက်တာ ချီးပေါက်ချိန် တောင်ရှိဟန်မတူတော့ဘူး။အာဏာ သိမ်း ၇လကျော်မှာ ကိုကိုကျင်တို့လည်း ငမွဲပုလေးကို ငွေထုတ်ချေးရတာပဲ အဖက်တင်တယ်။ ဘာအလုပ်မှ လုပ်မရဘူး။

ကိုကိုကျင်က စီးပွါးရေးသမား။ မိလှိုင်မ -ျင်ပေးထားလည်း စိတ်မဝင်စားလှဘူး။ ၇လကျော်ပြီ ကမ။ နင်စအသုံးကိုမကျဘူးဆိုပြီး လှိမ့်ကန်ချင်နေပြီ။ ၇လမကလို့ ၇နှစ်လည်း သုံးစားရမယ့်ဟာ မဟုတ်ဘူးဆိုတာ သိလာပြီ။

စီးပွါးရေးကောင်းမလားလို့ ဂျပုမ အာဏာသိမ်းတာမှာ ဝင်ဖျင်ယားမိပါတယ်၊ ဘာအလုပ်မှ လုပ်မရတဲ့အပြင် တာဝါတိုင် တအုန်းအုန်းကိုမြင်လိုက် ပိုက်လုံးကြီး ပြေးသတိရလိုက် ရင်ဘတ်လေးဖိလိုက်နဲ့ လခွမ်းတွေ ဖြစ်နေပြီ။

အရင် ဟိုအန်တီလက်ထက်ကမှ အလုပ်လေး ဘာလေး လုပ်လို့ရသေးတယ်၊ ဂျပုမ အားကိုးမိတာ ငါးပါးတင်မက သံဃာစဉ်ပါ မှောက်ကရော။ အုပ်ချုပ်မခံတဲ့ ပြည်သူရဲ့အုံကြွမှုကို ထိန်းနိုင်တာ ဘွားတော်ပဲရှိတယ်ဆိုတာ သဘောပေါက်လာပြီ။

သဘောပေါက်လာပြီဆိုတော့ ဘာဖြစ်လဲ။ ကူးပြီလေ။ ပေါ်တင်ကို ကူးတာ။ အပုလေးကို ပလစ်ပြီ။ အပုလေးခဗျာ ယူကြုံးမရ ဘူလုံးကြွပြီး လင်ကြီးသဝန်တိုအောင် လင်ငယ်ငပူတင်းနဲ့ ပလူးပြလည်း ကိုကိုကျင့်နှလုံးသားက ပြတ်သားနေလေရဲ့ပေါ့။ အမ်မျေး… ဒရာမာတွေ

သာတဲ့ဘက် ဝင်ထိုင်တတ်တဲ့ မောင်ကျင်ငတိဟာ မစ္စတာဒန်နဲ့တောင် သဘောတူညီချက်တွေ ဘာတွေရလို့။ မအလ အားနည်းချက်က တာဝါတိုင်ဆို ကိုကိုကျင်ရဲ့ အားနည်းချက်က ဘာဖြစ်နိုင်လဲ။

ပိုက်လုံးမကျိုးခင် လိမ္မာလိုက်သင့်ပြီ မောင်ကျင်ရေ။

ပန်ဆယ်လို