Local News

❝ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာ နောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ❞…wow

❝ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာ နောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ❞…wow

လစာတွေလအကုန်မှာရောက်မလာတော့အလှကမ္ဘာကယူနီဖောင်းလေးဟာခဏတာတော့ဂျူတီပြောင်းရတာပေါ့ ။

တချို့ငွေသော်တာလေးတွေကအိမ်မှာသာပြီး တချို့ဥယျာဉ်မှူးလေးတွေကခြံထဲဆင်းတယ် ။မြေဖြူကိုင်တဲ့လက်လေးတချို့ကဈေးရောင်းပြီး

ကျောင်းမသွားဖြစ်တဲ့ စလစ်ပါအပါးလေးတချို့ကမီးဖိုချောင်ထဲဝင်ကြတယ် ။ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာနောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ ။

လောကဓံကို ကြံ့ကြံ့ခံရင်းရောဂါဒဏ်ကို ကြံ့ကြံ့ခံရင်းပိုကြံ့ခိုင်ဖို့ကြိုးစားနေတဲ့ကာယသင်ခန်းစာထဲကကြံ့ခိုင်ရေးနည်းပြလေးပါ ။

ကိုယ့်စိတ်နဲ့ကိုယ်ပိတ်ထားတဲ့ကျောင်းလေးပြန်ဖွင့်မှ
ဆရာမလေးဟာဆရာမလေးနဲ့ ပြန်တူမယ် တဲ့ ။
(လေးစားရသောဆရာမလေးများ သို့)

Oscar. Ohankhing

Zawgyi







Oscar. Ohankhing