International News

တွန်ဂါ ရေအောက် မီးတောင်ပေါက်ကွဲ မှု ကမ္ဘာတစ်ဝန်း ရိုက်ခတ် ပြီး ဆူနာမီ သတိပေးချက် တွေ ထုတ်ပြန်ခဲ့…..

တွန်ဂါ ရေအောက် မီးတောင်ပေါက်ကွဲ မှု ကမ္ဘာတစ်ဝန်း ရိုက်ခတ် ပြီး ဆူနာမီ သတိပေးချက် တွေ ထုတ်ပြန်ခဲ့…..

တောင်ပစိဖိတ် ကျွန်းနိုင်ငံ တွန်ဂါ မှာ စနေ နေ့ က ရေအောက် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာ မီ လှိုင်းလုံးတွေကြောင့်

ထိခိုက် ဒဏ်ရာရသူအရေအတွက်ကိုမသိရသေးပေမယ့် ဒီမီးတောင်ပေါက်ကွဲမှု အရှိန် အဟုန် ကို ကမ္ဘာတစ်ဝန်း ကသိရှိခံစားခဲ့ရပါတယ်။ ဆက်သွယ်ရေး လိုင်းတွေ အနှောင့်အယှက်ဖြစ်ပြီး သတင်းအချက်အလက် နှောင့်နှေးနေတာကြောင့် ထိခိုက်သူ

စာရင်းကို မသိရသေးပေမယ့် ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် လေးပေလောက်မြင့်တဲ့ ပင်လယ်လှိုင်း တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဟန်ဂါ တွန်ဂါ ဟန်ဂါ ဟာအာပိုင် မီးတောင်ဟာ ဒေသစံတော်ချိန် ညနေ ၅နာရီ ၁၀ မိနစ်မှာ ပေါက်ကွဲခဲ့ပြီး ဆူနာမီ လှိုင်းတွေ ဖြစ်ပေါ်ခဲ့တာ တွေ့ရတယ်လို့ သြစတေးလျ မိုးလေဝသ ဌာန ကပြောကြားပါတယ်။ ဂျပန် နိုင်ငံရဲ့ ပစိဖိတ် ကမ်းရိုးတန်းမှာ

လှိုင်း အနည်းငယ် ထန်ခဲ့ပြီး အမာမီ အိုရှီမာ ဒေသမှာ လေပေလောက် မြင့် တဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဂျပန် မိုးလေ ဝသ ဌာန ကပြောကြားပါတယ်။

ကမ်းရိုးတန်းဒေသ တွေ ကို တစ်မီတာ ထက်ပိုမြင့်တဲ့ လှိုင်းလုံးတွေ ရိုက်ခတ် နေတာကြောင့် ဂျပန် နိုင်ငံသား ထောင် ပေါင်းများစွာ ကို ဘေးလွတ် ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ လှိုင်းလေ ပြင်းထန်တာကြောင့်

ဂျပန် နိုင်ငံတောင်ပိုင်း ကိုချီ ဒေသ မှာ လှေ ၁၀ စီး တိမ်းမှောက် မှု လည်းဖြစ် ပွား ခဲ့ ပါတယ်။ ဂျပန် လေကြောင်းလိုင်းကလည်း နိုင်ငံ တစ်ဝန်း လေကြောင်း ခရီးစဉ် ၂၇ ခု ကိုဖျက်သိမ်း ခဲ့ရပါတယ်။

သြစတေးလျ မှာလည်း လှိုင်းလုံးတွေ တစ်မီတာ ကျော် အထိမြင့်တက် ခဲ့တာကြောင့် ဆူနာမီ သတိပေးချက် တွေ ထုတ်ပြန်ခဲ့ရပါတယ်။ တွန်ဂါ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့

ရေအောက်မီးတောင်ပေါက်ကွဲမှု နဲ့ ဆူနာမီ လှိုင်းလုံးများကြောင့် အသက်ဆုံးရှုံးရသူ ရှိသလား ဆိုတာကိုပြောဖို့ စောနေသေးကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆန်ဒ် အာဒင် ကပြောကြား ပြီး

လိုအပ် ရင် အသုံးပြုနိုင်အောင် ရေတပ် သင်္ဘော တစ်စီး ချပေး ထားတယ်လို့ ပြောကြားပါတယ်။ တွန်ဂါ နိုင်ငံ က ရေအောက်မီးတောင် ပေါက်ကွဲမှု ကို

ဂျပန် နိုင်ငံ ကနေ အမေရိကန် နိုင်ငံ အထိ ကမ္ဘာ တစ်ဝန်း က ခံစားသိရှိခဲ့ကြ တယ်လို့ အမေရိကန် မိုးလေဝသ ဌာ နက ပြောကြားပါတယ်။

crd-