Local News

စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကြောင့် တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍ ပြည်သူများ စစ်ရေးသတိရှိရန် ULA/AA ကထုတ်ပြန်

စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကြောင့် တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍ ပြည်သူများ စစ်ရေးသတိရှိရန် ULA/AA ကထုတ်ပြန်

Western News – ဒီဇင်ဘာ၊ ၁၀ ရက်

ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးရေးအတွက်‌ ကျေးရွာများအတွင်းသွားလာကာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေခြင်း၊ တပ်အပြောင်းအရွေ့များ ဆက်တိုက်လုပ်ဆောင်နေခြင်းကို

ရက္ခိုင့်တပ်တော် အနေဖြင့် စောင့်ကြည့်လျက်ရှိကာ နှစ်ဖက် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေး သတိရှိရန် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ULA မှ ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲကျင်းပရန်စီစဉ်နေမှုတွင် စစ်ကောင်စီမှ လမ်းပြုပြင်ရေး လုံခြုံရေးအကြောင်းပြကာ ဝင်ရောက်ခြယ်လှယ်မှုများဆက်လက်ရှိနေပါက ဘုရားပွဲသို့သွားရောက်ကြမည့် မိဘပြည်သူများ ဆင်ခြင်သုံးသပ်ကြရန်လည်း အကြံပြုထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များမှ ကျေးရွာတွင်းဝင်ရောက်မှု၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်စားသောက် ကုန်ပစ္စည်းများနှင့် နေ့စဉ်ဘဝအတွက် လိုအပ်ချက်ရှိသည်များကို သယ်ယူပို့ဆောင်ရေးလုပ်မှုများကို တားမြစ်ပိတ်ပင်ခြင်း၊

ရန်စသောအပြုမှုများကို လုပ်ဆောင်ခြင်းတို့ကြောင့် နှစ်ဖက်တင်းမာမှုကို မြင့်တက်စေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သည့် အနေအထားသို့ရောက်ရှိနေသည်ဟု ရေးသားဖော်ပြထားသည်။

Western News-WN

Zawgyi

စစ္ေကာင္စီတပ္၏ လႈပ္႐ွားမႈမ်ားေၾကာင့္ တိုက္ပြဲမ်ားအခ်ိန္မေ႐ြးျဖစ္လာႏိုင္၍ ျပည္သူမ်ား စစ္ေရးသတိ႐ွိရန္ ULA/AA ကထုတ္ျပန္

Western News – ဒီဇင္ဘာ၊ ၁၀ ရက္

ယခုရက္ပိုင္းအတြင္းတြင္ စစ္ေကာင္စီတပ္မွ နယ္ေျမစိုးမိုးေရးအတြက္‌ ေက်း႐ြာမ်ားအတြင္းသြားလာကာ စစ္ေရးလႈပ္႐ွားမႈမ်ားျပဳလုပ္ေနျခင္း၊ တပ္အေျပာင္းအေ႐ြ႕မ်ား ဆက္တိုက္လုပ္ေဆာင္ေနျခင္းကို

ရကၡိဳင့္တပ္ေတာ္ အေနျဖင့္ ေစာင့္ၾကည့္လ်က္႐ွိကာ ႏွစ္ဖက္ တိုက္ပြဲမ်ား အခ်ိန္မေ႐ြးျဖစ္လာႏိုင္သည့္အတြက္ ျပည္သူမ်ား စစ္ေရး သတိ႐ွိရန္ ယေန႔ ဒီဇင္ဘာ ၁၀ ရက္ေန႔တြင္ ULA မွ ထုတ္ျပန္လိုက္သည္။

ထုတ္ျပန္ခ်က္တြင္ သမိုင္းဝင္ ဆံေတာ္႐ွင္ဘုရားပြဲက်င္းပရန္စီစဥ္ေနမႈတြင္ စစ္ေကာင္စီမွ လမ္းျပဳျပင္ေရး လုံျခဳံေရးအေၾကာင္းျပကာ ဝင္ေရာက္ျခယ္လွယ္မႈမ်ားဆက္လက္႐ွိေနပါက ဘုရားပြဲသို႔သြားေရာက္ၾကမည့္ မိဘျပည္သူမ်ား ဆင္ျခင္သုံးသပ္ၾကရန္လည္း အၾကံျပဳထားသည္။

ထို႔အျပင္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားမွ ေက်း႐ြာတြင္းဝင္ေရာက္မႈ၊ ျပည္သူမ်ား၏ အေျခခံလိုအပ္ခ်က္စားေသာက္ ကုန္ပစၥည္းမ်ားႏွင့္ ေန႔စဥ္ဘဝအတြက္ လိုအပ္ခ်က္႐ွိသည္မ်ားကို သယ္ယူပို႔ေဆာင္ေရးလုပ္မႈမ်ားကို တားျမစ္ပိတ္ပင္ျခင္း၊

ရန္စေသာအျပဳမႈမ်ားကို လုပ္ေဆာင္ျခင္းတို႔ေၾကာင့္ ႏွစ္ဖက္တင္းမာမႈကို ျမင့္တက္ေစၿပီး တိုက္ပြဲမ်ားအခ်ိန္မေ႐ြးျဖစ္ပြားႏိုင္သည့္ အေနအထားသို႔ေရာက္႐ွိေနသည္ဟု ေရးသားေဖာ္ျပထားသည္။

Western News-WN

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.