Local News

(၁) လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်၂ ထောင်ကျော် သေဆုံး ဟု ထုတ်ပြန်

(၁) လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်၂ ထောင်ကျော် သေဆုံး ဟု ထုတ်ပြန်

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကောက်ယူထားသော စာရင်းအရ ၁ လတာကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် သေဆုံးကြောင်း သိရသည်။

အဆိုပါ စာရင်းမှာ NUG အစိုးရမှ အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် တတိယမြောက်လအတွင်း သေဆုံးသည့်စာရင်း ဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလ ၆ ရက်ထိ ၁ လတာ ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီဘက်မှ သေ ဆုံးသူ၂၁၁၇ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၆၈၂ ဦးရှိခဲ့ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

အဆိုပါ ၁ လတာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲ ၄၁၇ ကြိမ်၊ ဗုံးပေါက်ကွဲမှု ၃၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖြစ် စစ်ကိုင်းတိုင်းတွင် ၁၇၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်းတွင် ၄၁ ကြိမ်၊ ရန်ကုန်တိုင်းတွင် ၃၂ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၅ ကြိမ်၊ မန္တလေးတိုင်းတွင် ၂၂ ကြိမ်၊ ကချင်ပြည်နယ်တွင် ၂၂ကြိမ်၊ ကရင်ပြည်နယ်တွင် ၂၁ ကြိမ်နှင့် မွန်ပြည်နယ်တွင် အကြိမ်ရေ ၂၀ ဖြစ်ပွားခဲ့ကြောင်းသည်။

ယင်းပြင် ချင်းပြည်နယ်တွင် အကြိမ် ၂၀ ၊ ပဲခူးတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ် ၊ ကယားပြည်နယ်တွင် ၁၁ ကြိမ်၊ တနင်္သာရီတိုင်းတွင် ၆ကြိမ် ၊ ရခိုင်ပြည်နယ်တွင် ၅ ကြိမ်နှင့် ဧရာဝတီတိုင်းတွင် ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit. မြန်မာ့သတင်း

Zawgyi

(၁) လအတြင္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္၂ ေထာင္ေက်ာ္ ေသဆုံး ဟု ထုတ္ျပန္

အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) ၏ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနက ေကာက္ယူထားေသာ စာရင္းအရ ၁ လတာကာလအတြင္း အာဏာသိမ္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၂၀၀၀ ေက်ာ္ ေသဆုံးေၾကာင္း သိရသည္။

အဆိုပါ စာရင္းမွာ NUG အစိုးရမွ အေရးေပၚအေျခအေနအျဖစ္ ေၾကညာၿပီးေနာက္ တတိယေျမာက္လအတြင္း ေသဆုံးသည့္စာရင္း ျဖစ္သည္။

ႏိုဝင္ဘာလ ၇ ရက္မွ ဒီဇင္ဘာလ ၆ ရက္ထိ ၁ လတာ ကာလအတြင္း အာဏာသိမ္း စစ္ေကာင္စီဘက္မွ ေသ ဆုံးသူ၂၁၁၇ ဦးႏွင့္ ထိခိုက္ဒဏ္ရာရသူ ၆၈၂ ဦး႐ွိခဲ့ေၾကာင္း NUG ျပည္ထဲေရးႏွင့္ လူဝင္မႈ ႀကီးၾကပ္ေရးဝန္ႀကီးဌာန ထုတ္ျပန္သည္။

အဆိုပါ ၁ လတာအတြင္း ျပည္သူ႕ကာကြယ္ေရးတပ္မ်ားႏွင့္ စစ္ေကာင္စီတို႔ၾကား တိုက္ပြဲ ၄၁၇ ႀကိမ္၊ ဗုံးေပါက္ကြဲမႈ ၃၇၀ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး၊ တိုက္ပြဲျဖစ္ပြားမႈ အမ်ားဆုံးအျဖစ္ စစ္ကိုင္းတိုင္းတြင္ ၁၇၁ ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မေကြးတိုင္းတြင္ ၄၁ ႀကိမ္၊ ရန္ကုန္တိုင္းတြင္ ၃၂ ႀကိမ္၊ ႐ွမ္းျပည္နယ္တြင္ ၂၅ ႀကိမ္၊ မႏၲေလးတိုင္းတြင္ ၂၂ ႀကိမ္၊ ကခ်င္ျပည္နယ္တြင္ ၂၂ႀကိမ္၊ ကရင္ျပည္နယ္တြင္ ၂၁ ႀကိမ္ႏွင့္ မြန္ျပည္နယ္တြင္ အႀကိမ္ေရ ၂၀ ျဖစ္ပြားခဲ့ေၾကာင္းသည္။

ယင္းျပင္ ခ်င္းျပည္နယ္တြင္ အႀကိမ္ ၂၀ ၊ ပဲခူးတိုင္းတြင္ တိုက္ပြဲျဖစ္ပြားမႈ ၁၇ ႀကိမ္ ၊ ကယားျပည္နယ္တြင္ ၁၁ ႀကိမ္၊ တနသၤာရီတိုင္းတြင္ ၆ႀကိမ္ ၊ ရခိုင္ျပည္နယ္တြင္ ၅ ႀကိမ္ႏွင့္ ဧရာဝတီတိုင္းတြင္ ၄ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Credit. ျမန္မာ့သတင္း

About the author

admin

Add Comment

Click here to post a comment