Local News

မုံရွာအ​ခြေစိုက် နမခဝန်းကိုအ​ဝေးပစ်လက်နက်ဖြင့်တိုက်ခိုက်မှု စစ်​ကောင်စီတပ် ၂ဦး ‌သေ

မုံရွာအ​ခြေစိုက် နမခဝန်းကိုအ​ဝေးပစ်လက်နက်ဖြင့်တိုက်ခိုက်မှု စစ်​ကောင်စီတပ် ၂ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ဝင်း အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်​နေ့(ဒီဇင်ဘာလ ၂၂ရက်နေ့ ) ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းကို PDF မဟာမိတ် ၇ဖွဲ့က အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကြောင်း အဆိုပါ PDF တပ်ဖွဲ့များက အသိပေးသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် Ninja(ဘုတလင်)၊ လျှပ်စီး(ဘုတလင်)၊ ဒုံးပျံ(ဘုတလင်)၊ Three Tiger (ဘုတလင်)၊ ယမ်းဘီးလူး(ဘုတလင်)နှင့် လှော်တက်အင် အားစု (126)(အရာတော်)၊

Zero Fighter (ဒီပဲယင်း)စသည့် PDF မဟာ မိတ် (၇)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများတင်ဆက်နေသည့် Regional News Agency က ဖော်ပြသည်။

တပ်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီးနောက်
မုံရွာ-ရေဦးကားလမ်းများကို ပိတ်ပင်တားဆီးစစ်ဆေးခဲ့ကြောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ယမ်းငွေ့များထခဲ့ကြောင်းဒေသခံအချို့က ပြောသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်များကို အရှိန်မြှင့်တိုက်ခိုက်​တော့မည်ဖြစ်၍ ပြည်သူများအ​နေဖြင့် မလိုအပ်လျှင်အပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်​ရေးတပ်များက ယခင်အပါတ်က ​မေတ္တာရပ်ခံထားသည်။

(အာဏာသိမ်းစစ်​ကောင်စီ၏ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် ၏လက်​​မောင်းတံဆပ်)

People’sSpring

Zawgyi

မုံ႐ြာအ​ေျခစိုက္ နမခဝန္းကိုအ​ေဝးပစ္လက္နက္ျဖင့္တိုက္ခိုက္မႈ စစ္​ေကာင္စီတပ္ ၂ဦးေသ

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕႐ွိ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္(နမခ)ဝင္း အေဝးပစ္လက္နက္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရကာ စစ္သား ၂ဦးေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယမန္​ေန႔(ဒီဇင္ဘာလ ၂၂ရက္ေန႔ ) ညေန ၃ နာရီခန္႔က စစ္ကိုင္းတိုင္း မုံ႐ြာအေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ဝင္းကို PDF မဟာမိတ္ ၇ဖြဲ႕က အေဝးပစ္လက္နက္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး စစ္သား ၂ဦးေသဆုံးေၾကာင္း အဆိုပါ PDF တပ္ဖြဲ႕မ်ားက အသိေပးသည္။

ယင္းတိုက္ခိုက္မႈျဖစ္စဥ္တြင္ Ninja(ဘုတလင္)၊ လွ်ပ္စီး(ဘုတလင္)၊ ဒုံးပ်ံ(ဘုတလင္)၊ Three Tiger (ဘုတလင္)၊ ယမ္းဘီးလူး(ဘုတလင္)ႏွင့္ ေလွာ္တက္အင္ အားစု (126)(အရာေတာ္)၊

Zero Fighter (ဒီပဲယင္း)စသည့္ PDF မဟာ မိတ္ (၇)ဖြဲ႕က ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္း သတင္းမ်ားတင္ဆက္ေနသည့္ Regional News Agency က ေဖာ္ျပသည္။

တပ္အတြင္းသို႔ လက္နက္ႀကီးျဖင့္ပစ္ခတ္ခံရၿပီးေနာက္
မုံ႐ြာ-ေရဦးကားလမ္းမ်ားကို ပိတ္ပင္တားဆီးစစ္ေဆးခဲ့ေၾကာင္း၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ဝင္းအတြင္း ယမ္းေငြ႕မ်ားထခဲ့ေၾကာင္းေဒသခံအခ်ိဳ႕က ေျပာသည္။

မုံ႐ြာၿမိဳ႕တြင္ အၾကမ္းဖက္စစ္​ေကာင္စီတပ္မ်ားကို အ႐ွိန္ျမႇင့္တိုက္ခိုက္​ေတာ့မည္ျဖစ္၍ ျပည္သူမ်ားအ​ေနျဖင့္ မလိုအပ္လွ်င္အျပင္မထြက္ၾကရန္ ျပည္သူ႕ကာကြယ္​ေရးတပ္မ်ားက ယခင္အပါတ္က ​ေမတၱာရပ္ခံထားသည္။

(အာဏာသိမ္းစစ္​ေကာင္စီ၏ အ​ေနာက္​ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ၏လက္​​ေမာင္းတံဆပ္)

People’sSpring