Local News

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၏ လက်နက်များနှင့် စစ်ကားတစ်စီးကို KIA သိမ်းဆည်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၏ လက်နက်များနှင့် စစ်ကားတစ်စီးကို KIA သိမ်းဆည်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွတ်ရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့၍ လက်နက်၊ စစ်အသုံးအဆောက်နှင့် စစ်ကားတစ်စီးကို ဖမ်းဆီးသိမ်းယူခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေ ရှဒူးဇွပ်ရွာအနီး လမ်းဆုံ၌ ဒီဇင်ဘာ ၂၇ရက် နံနက် ၁၀နာရီကျော်အချိန်၌ KIAနှင့် စစ်ကောင်စီ လက်ပါးစေပြည်သူ့စစ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ပြည်သူ့စစ်များ KIA နယ်မြေ စခန်းသို့ တိုးချဲ့ဝင်လာ၍ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်များ၏ လက်နက်၊ စစ်အသုံးအဆောင် X4Wစစ်ကားတစ်စီးကိုလည်း ဖမ်းဆီးသိမ်းယူခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက ဖော်ပြသည်။

KIAအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးကောင်းမြို့နယ် ဆားမှော်ဒေသ ကညှင်မြိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခမရ (၃၈၃) တပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက် မှုရှိခဲ့ပြီး စစ်လက်နက်အသုံးအဆောင်များ ရရှိခဲ့သည်။

People’s Spring

Zawgyi

စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႕စစ္တပ္ဖြဲ႕၏ လက္နက္မ်ားႏွင့္ စစ္ကားတစ္စီးကို KIA သိမ္းဆည္း

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ႐ွဒူးဇြတ္႐ြာအနီးတပ္စြဲထားသည့္ စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႕စစ္ တပ္ႏွင့္တိုက္ပြဲျဖစ္ပြားခဲ့၍ လက္နက္၊ စစ္အသုံးအေဆာက္ႏွင့္ စစ္ကားတစ္စီးကို ဖမ္းဆီးသိမ္းယူခဲ့သည္ဟု ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA) သတင္းႏွင့္ျပန္ၾကားေရးဌာနက သတင္းေဖာ္ျပသည္။

KIA တပ္မဟာ(၂) တပ္ရင္း(၁၄)နယ္ေျမ ႐ွဒူးဇြပ္႐ြာအနီး လမ္းဆုံ၌ ဒီဇင္ဘာ ၂၇ရက္ နံနက္ ၁၀နာရီေက်ာ္အခ်ိန္၌ KIAႏွင့္ စစ္ေကာင္စီ လက္ပါးေစျပည္သူ႕စစ္မ်ား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဖာ္ျပထားသည္။

အဆိုပါ ျပည္သူ႕စစ္မ်ား KIA နယ္ေျမ စခန္းသို႔ တိုးခ်ဲ႕ဝင္လာ၍ တိုက္ခိုက္ေခ်မႈန္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပည္သူ႕စစ္မ်ား၏ လက္နက္၊ စစ္အသုံးအေဆာင္ X4Wစစ္ကားတစ္စီးကိုလည္း ဖမ္းဆီးသိမ္းယူခဲ့ေၾကာင္း KIA သတင္းႏွင့္ ျပန္ၾကားေရးဌာန Kachinnet Burmeseက ေဖာ္ျပသည္။

KIAအေနျဖင့္ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေဒသ ကညႇင္ၿမိဳင္႐ြာ၌ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္၏ ခမရ (၃၈၃) တပ္ကို တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေသဆုံးထိခိုက္ မႈ႐ွိခဲ့ၿပီး စစ္လက္နက္အသုံးအေဆာင္မ်ား ရ႐ွိခဲ့သည္။

People’s Spring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.