Day: May 13, 2022

Local News

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖိနပ်နဲ့အပေါက်ခံရ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖိနပ်နဲ့အပေါက်ခံရ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်နေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ကိုထောက်ခံသူတွေနဲ့ မေလ ၁၁ ရက်က လမ်းမတစ်ခုပေါ်မှာ တွေ့ဆုံနှုတ်ဆက်နေစဉ်မှာ ဖိနပ်နဲ့ အပေါက်ခံခဲ့ရပါတယ်။ လှုမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ရုပ်သံဖိုင်မှာ ဟွန်ဆန်နဲ့ ဆယ်ဖီရိုက်နေသူရဲ့ ဖုန်းကိုတောင် ဖိနပ်ကထိခဲ့တာပါ။ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ သူ့ကို အမေရိကန်ရောက် မြန်မာတချို့နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဖိနပ်နဲ့ ပေါက်ခဲ့သူကို ကမ္ဘောဒီးယားလူမှုကွန်ရက်တွေမှာ’ဖိနပ်ပျံ သူရဲကောင်း’ လို့ တင်စားနေကြပါတယ်။ မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေကလည်း ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လူမှုကွန်ရက်စာမျက်နှာအောက်မှာ ဖိနပ်နဲ့အပေါက်ခံရတဲ့ ပုံကို ဖော်ပြပြီးလှောင်ပြောင်နေကြပါတယ်။ ဟွန်ဆန်ဟာ နိုင်ငံတကာကသံတမန်ရေးအရ ဖိအားပေးနေတဲ့ကြားက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ […]

Read More
Local News

မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ကြရမယ်လို့ နစကဥက္ကဋ္ဌ…see more

မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ကြရမယ်လို့ နစကဥက္ကဋ္ဌ…see more နိုင်ငံအရေးမှာ ကိုယ့်ပြည်တွင်းအရေးမှာ ပြည်ပက ပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ဆိုတာ တော်တော်ခက်ပါတယ်လို့ မေလ၁၂ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ နစကကောင်စီအစည်းအဝေး (၄/၂၀၂၂)မှာ နစကဥက္ကဋ္ဌကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ “မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တခြားပြည်ပနိုင်ငံတွေကနေပြီးတော့ ဝင်ရောက်စွက်ဖက်ပြီး ဆုံးဖြတ်ရအောင် ဆောင်ရွက်ပေးလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်မယ်”လို့ နစကဥက္ကဋ္ဌကပြောပါတယ်။ လက်ရှိမှာတော့ ကိုယ့်အားနဲ့ကိုယ်ပဲရအောင် ဆွေးနွေးပြီးတော့မှ သွားချင်တဲ့၊ ပြည်သူကနေသွားချင်တဲ့ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ကို မရောက်ရောက်အောင် ကျွန်တော်တို့ ချီတက်မယ်လို့လည်း ကောင်စီအဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေကိုထည့်သွင်းပြောကြားခဲ့တာလည်းတွေ့ရပါတယ်။ ငြိမ်းချမ်းရေးနဲ့ပါတ်သတ်ပြီးNCA လက်မှတ် ရေးထိုးပြီးတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ NCA လက်မှတ် ရေးထိုးခြင်းမပြုသေးတဲ့ အဖွဲ့ ၃ ဖွဲ့ က လာရောက်မှာဖြစ်ပြီး ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ […]

Read More
Local News

အညာဒေသက မီ းတင် ရှို့ခံရတဲ့ ရွာတွေက စစ်ဘေးရှောင်တွေအတွက် ဒီပတ္တမြားတစ်…see more

အညာဒေသက မီ းတင် ရှို့ခံရတဲ့ ရွာတွေက စစ်ဘေးရှောင်တွေအတွက် ဒီပတ္တမြားတစ်ဆက် အညာဒေသက မီ းတင် ရှို့ခံရတဲ့ ရွာတွေက စစ်ဘေးရှောင်တွေအတွက် ဒီပတ္တမြားတစ်ဆက်စာလေးရောင်းပါရစေ။ ကြိုး၊ ဟန်းချိန်း၊ နားကပ်၊ လက်စွပ်နှစ်ကွင်းပါ။ ပစ္စည်းက အခြားနိုင်ငံတစ်ခုမှာမို့ ဓါတ်ပုံလှလှရိုက်ပြလို့ မရလို့ပါ။ ပို့ရတာခက်လို့ တစ်ဆက်စာလုံး တွဲယူပေးပါနော်။ လေလံလည်း လုပ်ဖို့ စိတ်မပါတော့ဘူး။ ကြိုက်သလောက်စျေးနဲ့ ပေးပါ။ ကြိုက်စျေးရရင် ရောင်းပါ့မယ်။ ရရှိငွေအားလုံးကို စစ်ဘေးရှောင် သီးသန့် ပို့ပါမယ်။ ပို့ပေးမယ့်အဖွဲ့နဲ့လည်း ချိတ်ပြီးပါပြီ။ ပြီးစီးတဲ့အခါ ဓါတ်ပုံသက်သေသာဓကနဲ့တကွ တင်ပြပေးပါ့မယ်။ မိုးတွေရွာနေပါတယ်။ အမိုးလည်း မလုံဘူး။ စားစရာလည်း မရှိကြဘူး။ နေစရာအိမ်တွေလည်း မရှိတော့ဘူး။ ပြည်သူအချင်းချင်း မေတ္တာနဲ့ ဖေးမကြရအောင်ပါ။ ခေါင်မိုးပေါက်ကိုပဲ ပြင်မယ်။ မိုးရေလိုက်မသုတ်တော့ဘူး တွေးခဲ့ပေမယ့် […]

Read More