Day: June 18, 2022

Local News

အမှတ်နဲ့နိုင်ပြီးသားကို အလဲထိုးမှဆိုတော့လည်း အတွဲလိုက်လွှတ်ပြကြရုံပေါ့ လို့ဆိုတဲ့ မင်းကိုနိုင်

အမှတ်နဲ့နိုင်ပြီးသားကို အလဲထိုးမှဆိုတော့လည်း အတွဲလိုက်လွှတ်ပြကြရုံပေါ့ လို့ဆိုတဲ့ မင်းကိုနိုင် လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီ အထုပ်လိုက်ထွက်ကျလာတာအမှတ်တမဲ့ ပြီးသွားမယ်ထင်နေလား။ ကြမ္မာဆိုးဝင်ရင် ကြိုးကိုမြွေမြင်သလိုပဲ လူသတ်ကောင်ဟာကိုယ်တိုင်ဆဲလ်ဖီရိုက်ကူးခဲ့တယ်။ကိုယ်တိုင်ဖြောင့်ချက်ပေးခဲ့တယ်။ကမ္ဘာကျော်ဆဲလ်ဖီပဲ။ ဒါစစ်ကြောရေးမှာနှိပ်စက်ညှင်းပမ်းလို့လိမ်လည်ထွက်ဆိုရတာမျိုးမဟုတ်ဘူးထန်းရည်မူးကျွဲခိုးပေါ်တာ။ ကျူးလွန်ချင်လို့ကျူးလွန်တာဆိုတဲ့သရုပ်မှန် စိတ်အမှန်တွေကိုလှန်ပြလိုက်တာ။မြန်မာပြည်အာဏာလုစစ်တပ်ရဲ့အဆင့်အတန်းကိုလှန်ပြလိုက်တာ။ အပြစ်မဲ့ပြည်သူကိုသတ်ဖြတ်ရတာဂုဏ်ဆာနေတဲ့ အာဏာလုစစ်အုပ်စုရဲ့အဆင့်ကိုလှန်ပြလိုက်တာ။ ကြမ္မာဆိုးကရိုက်ကူးရုံမပြီးဘူး။ပြုတ်ကျလိုက်တယ်။ကောက်ရသူကသာမာန်ပြည်သူ၊ ဒါပေမဲ့ပြည်သူတော်လှန်ရေးဆိုတော့သိတဲ့အတိုင်းပဲပေါ့။ လိုင်းမရတဲ့စစ်ကိုင်းကနေ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအရောက် ဘေးမသီရန်မခ အဆင့်ဆင့်ပို့ဆောင်တာဝန်ကျေခဲ့ကြတယ်။ ပြည်သူ့တော်လှန်ရေးစစ်စစ်ဆိုတာဒါပဲ။စစ်အုပ်စုသိချိန်မှာထပ်ကံဆိုးပြန်ပြီ။ လက်ခံယူသူသတင်းသမားတွေဟာနိုင်ငံရေးအကျဉ်း သားဟောင်းတွေပါ။ မျိုးဆက်ဟောင်းကမီဒီယာသမားအဖြစ် ဒီတော်လှန်ရေးမှာရှိနှင့်ပြီးသား။ မျိုးဆက်အလိုက်ကျရာတာဝန်မှန်သမျှ အမိမြေအပေါ်ချစ်ခြင်းများ၊ ဥာဏ်ပညာများနဲ့ ထမ်းဖို့ကျေဖို့စုဖွဲ့ထားတဲ့နွေဦးတော်လှန်ရေးပါ။ သူတို့အားစိုက်တင်ပြဖို့အချက်အလက်မေးမြန်းစရာရှာတဲ့အခါ ပြည်သူ့ရင်ခွင်ခိုလှုံလာသူစီဒီအမ် ဗိုလ်ကြီးထံရောက်ပြန်တယ်။ သူကမျိုးဆက်သစ်ပါ။ မျိုးဆက်တွေပေါင်းစုမှုဟာရလဒ်အနေနဲ့ ဒီကမ္ဘာကျော်လူသတ်ပွဲကို အထင်အရှားသက်သေခိုင်မာစေခဲ့ပါတယ်။ ဆဲလ်ဖီကလစ်နဲ့အတူအပြစ်မဲ့ပြည်သူတွေရဲ့မျက်ရည်နဲ့ကျိမ်စာဟာအာဏာလုစစ်အုပ်စုကိုလောင်မြိုက်စေပါပြီ။ ဗီဒီယိုထဲကဖြောင့်ချက်ရှင်တွေကြမ္မာဘာဖြစ်လာမလဲ။လောလောဆယ်တော့ဓာတ်ပုံပေါင်း ၁၄၄ပုံနဲ့ ၁၀မိနစ်ခွဲအကြာဗီဒီယိုဖိုင်ဟာမီးတုတ်ကိုင်ပြီးကမ္ဘာကြီးကိုပတ်နေပါပြီ။ ဒီမီးတုတ်ကိုနိုင်ငံတကာအစိုးရများလွှတ်တော်များနှင့်အဖွဲ့အစည်းစုံကမ္ဘာ့ပြည်သူများထံအရောက်ပို့ခဲ့ကြသူတွေဟာဘယ်သူတွေပါလဲ။ တော်လှန်သောမြန်မာ ပြည်သူများပါပဲ။ ပြည်သူ့တော်လှန်ရေးဆိုတာဒါပါပဲ။စစ်ကောင်စီသိချိန်မှာနှောင်းခဲ့ပါပြီ။ဆယ်လ်ဖီဆွဲဖြောင့်ချက်ပေးသူတွေကိုစစ်တပ်ကအလွတ်မခံဘဲအသည်းအမဲလိုက်နေသလိုပြည်သူကလဲသူတို့ဇာတိနောက်ကြောင်းရာဇဝင်နှင့်တကွတပ်ထဲဝင်ခဲ့တဲ့နှစ်ကအစကွန်ယက်ဖွဲ့ပြီးလိုက်နေကြပါပြီ။ စစ်အုပ်စုဟာမုဆိုးကသားကောင်ဖြစ်မယ့်အလှည့်ပါ။စစ်အုပ်စုအတွက်ပြည်သူ့တော်လှန်ရေးဟာဘယ်တော့မှလက်သီးတလုံးတည်းမလာပါဘူး။အတွဲလိုက်လာပါတယ်။ခုတခါတွဲလက်သီးအဖြစ်နောက်တလုံးဆက်လာပါပြီ။ နိုင်ငံတော်လျှို့ဝှက်ချက်ရောင်းစားမှုအဖြစ် မိုင်တဲလ်အကျိုးစီးပွါးအတွက်ပေးခဲ့တဲ့ တပ်တွင်းစစ်သည်တွေတည်ရှိစာရင်း ခုပေါက်ပြီးထွက်လာပါပြီ။ တော်လှန်ရေးဟာ အရေခြုံမျက်နှာဖုံးတွေ ဆွဲခွါပြီး […]

Read More
Local News

အဆိုတော် R ဇာနည်က အမှန်တရားဘက်တော်သားတွေအတွက် ရင်နာနာနဲ့…see more

အဆိုတော် R ဇာနည်က အမှန်တရားဘက်တော်သားတွေအတွက် ရင်နာနာနဲ့…see more ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ဟာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် လက်ရှိမှာ ဘေးကင်းရာကို ‌ရှောင်တိမ်းနေရတာပဲ ဖြစ်ပါတယ်။ ဘေးကင်းရာကို တိမ်းရှောင်နေရင်း လူမူ့ကွန်ယက်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတာလဲ ဖြစ်ပါတယ်။ အဆိုတော် R ဇာနည် က လူမူ့ကွန်ယက်မှတစ်ဆင့် တတ်နိုင်တဲ့ဘက်မှ အမှန်တရားအတွက် ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတာပါ။ အဆိုတော် R ဇာနည် ကတော့ သေဒဏ်ပေးခံရမယ့်သူတွေအတွက် အရမ်းကိုစိတ်မကောင်းဖြစ်နေပါတယ်။ ဒါအပြင် အနုပညာလမ်းကို အတူတူစတင်လျှောက်လှမ်းခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဖြိုးဇေယျာသော်အတွက်လဲ အရမ်းကိုစိုးရိမ်ပူနောကြောင့် “အန္တရယ်ကင်း ဘေးရှင်းကြပါစေ “ဆိုပြီး R ဇာနည် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ဆုတောင်းပေးထားတာကို […]

Read More
Local News

အရင်တုန်းက စာရင်းတက်လာရင် အမြဲ ၂နဲ့စားပြီး လျှော့တွက်တယ် အခုက ၂နဲ့မြှောက် တွက်ရတော့မယ်

အရင်တုန်းက စာရင်းတက်လာရင် အမြဲ ၂နဲ့စားပြီး လျှော့တွက်တယ် အခုက ၂နဲ့မြှောက် တွက်ရတော့မယ် သတိထားမိတာ ကြာပြီ။ ထောက်ပို့နေကျ အဖွဲ့တွေ တိုက်ပွဲသတင်းတွေ လာကြွားကြတဲ့အခါ “အမ… မြေပြင်မှာ ဒီ့ထက်ပိုများတယ်၊ ဒီလောက်ပဲ သတင်းထုတ်ရမယ်ဆိုလို့” လို့ ပြောပြောသွားကြတာ သုံးလေးဖွဲ့ရှိပြီ။ စစ်ခွေးတွေ အရမ်းအထိနာပြီဆို အဲ့ဒေသကို အဖိများလို့ သက်ဆိုင်ရာဒေသအကြီးအကဲတွေက သတင်းလျှော့ထုတ်ပြန်ခိုင်းတယ်ထင်တာပဲ။ ဒါလည်း တမျိုးကောင်းပါတယ်။ မီဒီယာမှာ အများကြီး ပါမလာရင် အပေါ်က အဘတွေ သိမှာမဟုတ်ဘူး။ အောက်ကအဆင့်တွေကလည်း အထောင်းခံရမှာစိုးလို့ အုပ်ထားမှာ။ အဲ့လို သတင်းလျှော့ထုတ်နေတဲ့ကြားက မနေ့က ၁၀၃ ကောင်ဒွမ်တဲ့။ အရင်တုန်းက စာရင်းတက်လာရင် အမြဲ ၂နဲ့စားပြီး လျှော့တွက်တယ်။ အခုက ၂နဲ့မြှောက် တွက်ရတော့မယ် ထင်တယ်။ တေဂျင်းဇိုးတွေ ဒွမ်ချက်နှယ်😬 […]

Read More
Local News

တန်ရာ တန်ရာမှ ပြန်မပေးနိုင်ရင် သစ္စာရှိမှုဟာ ဒီလောကနဲ့ မတန်ဘူး ဆိုတဲ့ပန်ဆယ်လို

တန်ရာ တန်ရာမှ ပြန်မပေးနိုင်ရင် သစ္စာရှိမှုဟာ ဒီလောကနဲ့ မတန်ဘူး ဆိုတဲ့ပန်ဆယ်လို ဒီနှစ် ဆယ်တန်းအောင်စာရင်းမှာ အောင်လို့ ဂုဏ်ထူးပါလို့ ဂုဏ်ဆာနေတဲ့ ကျွန်ပေါက်စလေးတွေကို တစ်ခုတော့ ပြောချင်တယ်။ စစ်ဖိနပ်အောက်မှာ ဘယ်သူမှ အနာဂတ် မရှိဘူးဆိုတာပဲ။ နောင်တစ်ချိန်ကျ ဘယ်နှစ်က ဆယ်တန်းအောင်တာလဲမေးလို့ ၂၀၂၂ ကဆိုရင် အသေနှိမ်မှာ။ ဂေါင်းသေးလေးတို့ ဘာတွေ မျှော်လင့်နေကြတာလဲ။ ကိုယ်ကတော့ ခပ်ဂျစ်ဂျစ်ပဲနော်။ ကိုယ်သာ အခွင့်အာဏာရှိရင် ၂၀၂၁-၂၀၂၂ မှာ ဆယ်တန်းအောင်တဲ့၊ ပေတရာပေါ် သွေးမခြောက်သေးခင် လောက်ကောင်လုပ်တဲ့ ဟာတွေ လုံးဝကို ကျောင်းပြန်ပေးမတက်ဘူး။ တက်ချင်သပဖို့ တက်လေ။ သူငယ်တန်းက ပြန်စတက်ခိုင်းမယ်။ အချောင်လိုချင်စိတ်ဟာ မကောင်းဘူးဆိုတာကို သူငယ်တန်းကနေ ပြန်စသင်ပေးမှ တတ်မယ့်ဟာတွေ။ အချောင်သမား အောက်တန်းစား လောက်ကောင်ပါခင်ဗျာဆို ရင်ဘတ်မှာ ရင်ထိုးတပ်ပေးထားဦးမှာ။ […]

Read More