Month: July 2022
Local News
နာကျင်တယ် နာကျင်လို့ပြီးမလား…ပြိုလဲ​နေမှာလား ဆိုပြီး ကိုယ့်ကို ကိုယ် မာန်တင်းလိုက်တဲ့ ချစ်သူဝေ
Read More
Local News
နိုင်ငံရေးအခြေအနေကြောင့် မထုတ်ဖြစ်ခဲ့တဲ့ ဇေယျာသော် နောက်ဆုံးဆိုခဲ့တဲ့ သီချင်း
နိုင်ငံရေးအခြေအနေကြောင့် မထုတ်ဖြစ်ခဲ့တဲ့ ဇေယျာသော် နောက်ဆုံးဆိုခဲ့တဲ့ သီချင်း စစ်ကောင်စီရဲ့ မတရားအပြစ်ပေးမှုနဲ့ သေမိန့်ကျခံပြီးသွားပြီဖြစ်တဲ့ ဇေယျာသော် နောက်ဆုံးဆိုသွားခဲ့တဲ့ သီချင်းလေးကို သူငယ်ချင်းဖြစ်တဲ့ ACID အဖွဲ့က ရန်ရန်ချမ်းက ချပြလာခဲ့ပါတယ်။ ရန်ရန်ချမ်းက “ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။ အမှန်ကဒီသီချင်းလေးမှာတစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့်ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမဲ့ ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ယူစတာရော ဒီသီချင်းလေးကိုဝိုင်းclick ရာကရတဲ့ငွေတွေကိုတော်လှန်ရေးအတွက်အသုံးပြုချင်တာရောကြောင့်ထုတ်ဖြစ်ခဲ့ပါတယ်။ ” ဆိုပြီး ဇေယျာသော်ရဲ့ နောက်ဆုံးသီချင်း “ငါတို့ဒဏ္ဍာရီ” သီချင်းကို မျှဝေလာတာဘဲဖြစ်ပါတယ်။ Source: Yan Yan Chan
Read More
Local News
သစ္စာအဓိဌာန်ပြုကြမည် ဆိုပြီး အဓိဌာန်ပြု လိုက်တဲ့ ဦးဂျင်မီရဲ့ ဇနီး မနီလာသိန်း
Read More
International news
ထောင်တွင်းမှ နောက်ဆုံး ရေးသားပေးပို့ထားသည့် ဇေယျာသော်ရဲ့ကဗျာ 😢
ထောင်တွင်းမှ နောက်ဆုံး ရေးသားပေးပို့ထားသည့် ဇေယျာသော်ရဲ့ကဗျာ 😢 ကြားလား မြင်လား မဝေဝါးနဲ့ သူငယ်ချင်း ငါပြောတာကို မင်းကြားပါစ ဒါမှ မဟုတ် ငါ့စကားဟာ နားခါးစေတာမို့မကြားသလိုများ နေ နေလိုက်တာလား သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘ၀ ချွတ်ခြုံကျဒုက္ခတွေက အထွေထွေ ဒီအမှန်တရားတွေကို မကြားဘဲ မနေလိုက်ပါနဲ့ သူငယ်ချင်း မြင်အောင်ကြည့်ပါ လို့ ငါကပြောတော့ မင်းကဖြေတယ် မြင်တယ်လေမြင်တယ် မြင်နေသားဘဲ တဲ့ ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲသတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို မြင်တယ်လို့မှတ် မြင်သိစိတ် မှာတင်ရပ် နေရင် ဟောဒီ လောကီအရေးမှာ အလုပ်ဟာ မဖြစ်သေးဘူးသူငယ်ချင်း မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်၀န်းကျင်အသံ မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့ လောကဓံ မင်းဝေဖန် ဆန်းစစ်ကြည့်ပါ။ […]
Read More
International news
ကိုမင်းမော်ကွန်း နိုင်ငံခြား ရောက်သွားတာ ဘာဖြစ်တုန်းဗျ ရေပေါ်ဆီတွေက ဘာတွေ ထဖြစ်တာတုန်း
ကိုမင်းမော်ကွန်း နိုင်ငံခြား ရောက်သွားတာ ဘာဖြစ်တုန်းဗျ ရေပေါ်ဆီတွေက ဘာတွေ ထဖြစ်တာတုန်း NatSOe ကိုမင်းမော်ကွန်း နိုင်ငံခြား ရောက်သွားတာ ဘာဖြစ်တုန်းဗျ။မြေပြင်က လူတွေတောင် သူ ပိုလုပ်နိုင်တော့မှာမလို့ ဝမ်းသာနေကြတာကို ကြားက ရေပေါ်ဆီတွေက မဆီမဆိုင် ဘာတွေ ထဖြစ်တာတုန်း ? မသွားရလို့ နာကျည်းပေါ-က်ကွဲတာလား ? သူ မြေပြင်မှာရှိပြီး တို-က်ပွဲဝင်နေတယ်ဆိုရင် တစ်ယောက်စာဘဲ ရမယ်။ သူ လွတ်မြောက်ရာမှာရှိပြီး အသံထွက်ပေးနိုင်တယ်ဆိုရင် PDF တပ်ရင်း တစ်ရင်းစာဆိုလဲ ဟုတ်တယ်။ နှစ်ရင်းစာဆိုရင်လဲ ဟုတ်တယ်။ ပိုပြီး သက်ရောက်မှုရှိတယ်။ ကိုကျော် တို့လို Influencer တွေ နိုင်ငံခြားမှာ ရှိနေတာကို ဝမ်းသာတယ်။ မြေပြင် အတွက် အကျိုးရှိဖို့ မြေပြင်မှာ ရှိနေစရာမလိုဘူး။ Influencer တစ်ယောက် […]
Read More
Local News
မနေ့က YBSတစ်စီးလုံး အနုကြမ်းစီးခံရတဲ့ အဖြစ်ကိုပြောပြလာတဲ့ ကာယကံရှင်တစ်ဦး..(လူ၁၅ ဦးလောက်တပြိုင်နက် ကားပေါ်တက်လာပါတယ်)
မနေ့က YBSတစ်စီးလုံး အနုကြမ်းစီးခံရတဲ့ အဖြစ်ကိုပြောပြလာတဲ့ ကာယကံရှင်တစ်ဦး..(လူ၁၅ ဦးလောက်တပြိုင်နက် ကားပေါ်တက်လာပါတယ်) YBS 42 ကားတစ်စီး အနုကြ-မ်းစီးခံရ ယာဉ်ပေါ်ပါသူ ခရီးသည်ဆယ်ဦးခန့်၏ ရွှေငွေလက်ဝတ်ရတနာများ အကုန်ပါသွားကြောင်းသိရပါတယ်။ ရန်ကုန်၊ဇူ ၃၀ ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42(6p/6057)သည် မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးတွင် အနုကြ-မ်းစီးခံလိုက်ရကြောင်း သိရသည်။ ”နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ၁၅ ဦးလောက်တပြိုင်နက် ကားပေါ်တက်လာပါတယ်။ ကားစီးလာတဲ့ခရီးသည် ဦးရေက ဆယ်ယောက်တောင်မပြည့်ပါဘူးဗျ။ အဲ့မှာ အဲ့လူတွေ ၁၅ ယောက်လောက်တက်လာပြီး ကားသမားကို ဓားနဲ့ထောက်ထားတယ် ပြီးတော့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေဆီက ရွှေတွေငွေတွေ […]
Read More
Local News
ရခိုင်မှာ မိုးခေါင်လို့ စပါးပင်တွေသေပြီး တောင်သူတွေအခက်ကြုံ
ရခိုင်မှာ မိုးခေါင်လို့ စပါးပင်တွေသေပြီး တောင်သူတွေအခက်ကြုံ ရခိုင်ပြည်နယ်အတွင်း အခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ မိုးမရွာတော့တဲ့အတွက် စိုက်ပျိုးထားတဲ့စပါးခင်းတွေလည်း ပျက်စီးတဲ့အခြေအနေကိုရောက်နေသလို တောင်သူတွေအတွက် အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာက လယ်သမားတစ်ဦးက ပြောပါတယ်။ အခုနှစ် မိုးဦးကာလမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ဝါဆိုလပြည့်နေ့ကစလို့ မိုးလုံးဝမရွာတော့သလို အပူချိန်လွန်ကဲနေတာကြောင့် စိုက်ပျိုးထားတဲ့စပါးခင်းတွေမှာလည်း ရေတွေခန်းခြောက်ပြီး မြေလွှာတွေ ပက်ကြားအက်ကာ စပါးပင်တွေသေဆုံးတဲ့အခြေအနေထိ ဖြစ်နေကြတာဖြစ်ပါတယ်။ လက်ရှိစိုက်ပျိုးပြီးစီးထားကြတဲ့ စပါးခင်းတွေဟာ ပျိုးကြဲပြီးစိုက်ပျိုးထားတဲ့စပါးခင်းတွေဖြစ်ပြီး ပျိုးစိုက်တဲ့တောင်သူတွေအတွက် အခုအခါ မိုးခေါင်နေတာကြောင့် နေရာအများစုတို့မှာ ပျိုးကြဲစိုက်ပျိုးလို့မရကြသေးဘူးလို့ ပြောဆိုကြပါတယ်။ “မိုးမရွာတော့ ရေတွေလည်းခန်းလာတယ်။ မြေတွေကွဲပြီးတော့ လယ်ကွင်းတွေမှာရှိတဲ့ငါးတွေတောင် သေကုန်တယ်။ စပါးတွေလည်း မရတော့ဘူး။ တချို့လယ်သမားတွေဆို သုံးခါလေးခါလောက် ကြဲပြီးစိုက်ထားတာ၊ အခုတစ်ပင်မှမရှိတော့တဲ့အခြေအနေဖြစ်နေပြီ”လို့ အဲ့ဒီတောင်သူက ပြောပါတယ်။ တောင်ကျချောင်းတွေ၊ ရေချိုမြစ်ချောင်းတွေနဲ့နီးတဲ့နေရာတွေမှာ ရှိတဲ့လယ်တွေအတွက်ဆိုရင် အဲ့ဒီကရေတွေကို စက်တွေနဲ့တင်ပြီး […]
Read More
Local News
မင်းမော်ကွန်း နိုင်ငံခြားရောက်တာ အပြစ်ပြောတဲ့သူတွေကို ဒဲ့ပြန်ပြောလိုက်တဲ့ ပိုးဖြူသန့်
မင်းမော်ကွန်း နိုင်ငံခြားရောက်တာ အပြစ်ပြောတဲ့သူတွေကို ဒဲ့ပြန်ပြောလိုက်တဲ့ ပိုးဖြူသန့် မင်းမော်ကွန်း နိုင်ငံခြားရောက်တာ အပြစ်ပြောစရာ ဘာလို့ ရှိရမှာလဲ.. တော်လှန်ရေးအတွက် သူလည်း အများကြီး ဆော်ဩပေးခဲ့/ ပေးနေတာပဲ မဟုတ်လား.. စစ်တပ်က အထူးတလည် လိုက်ဖမ်းမခံရတာတောင် အချိန်မရွေး ဒုက္ခရောက်နိုင်တဲ့ တိုင်းပြည်မို့ နာမည်မကြီးတဲ့ သာမန်လူတွေတောင် နိုင်ငံခြား ထွက်ကြတာပဲ.. အဲ့သလို ထွက်ချင်တာ၊ ထွက်ကြတာ သဘာဝမို့ ဘယ်သူထွက်ထွက် အပြစ်မပြောပါဘူး.. ပြီးတော့ တော်လှန်ရေးမှာ နှုတ်ခမ်းနီတောင့်တွေက သစ်ပင်တွေမှာ သီးနေလို့ အခမဲ့ ခူးယူ သုံးလို့ ရနေတာမျိုးမှ မဟုတ်တာ.. ထောက်ပို့တွေဟာ လိုတာပဲ.. နိုင်ငံခြား ရောက်လည်း တော်လှန်ရေးကိုမှ မျက်နှာမလွှဲရင်၊ ဆက်ကူမှာဆိုရင် ထွက်ကြပဲ.. လူတွေဟာ ကိုယ့် ရွေးချယ်မှုနဲ့ ကိုယ်ပဲ.. အသေခံတိုက်ရဲသူတွေ […]
Read More
Local News
ဆဲစရာရှိ ဆဲသလို ထောက်ပို့တပ်သား ရပ်တည်သွားမယ် ဆိုတဲ့ မင်းမော်ကွန်း(ရုပ်သံ)
ဆဲစရာရှိ ဆဲသလို ထောက်ပို့တပ်သား ရပ်တည်သွားမယ် ဆိုတဲ့ မင်းမော်ကွန်း(ရုပ်သံ) “ဆဲစရာရှိတဲ့သူတွေကိုလည်း ပြတ်ပြတ်သားသား ဆဲသလို ဆန္ဒဖော်ထုတ်တဲ့ ဆန္ဒပြပွဲတွေမှာလည်းပါမယ်၊ Fundraiser တယောက်အနေနဲ့ ထောက်ပို့တပ်သားတယောက်အနေနဲ့လည်း ရပ်တည်သွားမှာဖြစ်ပါတယ်”လို့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းက DVB ကိုပြောကြားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ဇူလိုင် ၃၀ ရက်က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာပြုလုပ်ရာမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မဲလ်ဘုန်းမြို့လယ်ခေါင်မှာ ပြုလုပ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့အတူ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ ဒေသခံ လွှတ်တော်အမတ်တွေနဲ့ လူအင်အား ၃၀၀လောက် […]
Read More
Local News
ရဲသင်တန်းဆင်း ၆၀ လိုက်ပါသော ကားကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများနိုင်(ရုပ်/သံ)
ရဲသင်တန်းဆင်း ၆၀ လိုက်ပါသော ကားကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများနိုင်(ရုပ်/သံ) ရန်ကုန်၊ ဇူလိုင် ၃၀ စစ်ကိုင်းမြိုနယ် အမှတ်(၃)ရဲသင်တန်းကျောင်းမှ မုံရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင် စီဝင် ရဲသင်တန်းဆင်း ၆၀ ခန့်ပါ ကားတစ်စီးကို ယနေ့ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် မုံရွာ-မန္တလေး အဝေးပြေး လမ်းမကြီး တွင် ရေပိုးစားကန်နှင့် နတ်ရေကန်ကြား၌ မိမိတို့ MRA စစ်ကိုင်းခရိုင် တပ်ရင်း(၅) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း MRA ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ မိုင်းဆွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိသူများကို မုံရွာ နမခ စစ်‌ဆေးရုံသို့ အိမ်စီးကားများဖြင့် သယ်ဆောင်သွားခဲ့ပြီး သေဆုံးသူ ဦးရေ နှင့် ထိခိုက်သည့်လူဦးအ‌ရေအတွက်ကိုမူ […]
Read More