မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ယူကေ ဗီဇပြောင်း ကိုဗစ်ပိုး တောင်အာဖရိက
ဗီဇပြောင်း ကိုဗစ်ပိုး မတွေ့ရှိသေးပါ..
ဆေးသုတေသနဦးစီးဌာနမှ ဇန်နဝါရီ ဒုတိယပတ်အတွင်း စစ်ဆေးချက်အရ
ဂျော်ဒန်မှပြန်လာပြီးပိုးတွေ့သူ ၆၃ ဦးအနက်မှ ပိုးအကောင်ရေများသူ ၆ ဦး
ရန်ကုန်တိုင်းမှ ၃ ဦး ပဲခူးတိုင်းမှ ၂ ဦး စုစုပေါင်း ၁၁ ဦးကို ကိုဗစ်ပိုး မျိုးရိုးဗီဇစစ်ဆေးခဲ့ပါသည်..
အဆိုပါစစ်ဆေးချက်အရ ဂျော်ဒန်မှ ပြန်လာသူများတွင်
ပိုး၏မျိုးရိုးဗီဇသည် GR strain ဖြစ်ပြီး မျိုးနွယ်အရ B 1.1.312 Clade 20B ဖြစ်ပါသည်..
အဆိုပါမျိုးဗီဇသည် အဆိုပါနိုင်ငံများတွင် နဂိုရှိရင်းစွဲ မျိုးဗီဇဖြစ်ပါသည်..
မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့နေသော ပိုးမျိုးဗီဇသည် GH strain ဖြစ်ပါသည်..
မျိုးနွယ်စု B 1.36 Clade 20A ဖြစ်ပါသည်..
အချုပ်အားဖြင့်ဆိုရလျှင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားပျံ့နှံ့နေသောပိုးသည်
614G နှင့် Q57H တွဲနေသော GH strain သာဖြစ်ပါကြောင်း သိစေအပ်ပါသည်..
လက်ရှိအချိန်ထိ ပိုး၏ မျိုးရိုးဗီဇကို ၇ ခုသတ်မှတ်နိုင်ပါသည် အောက်တွင်ပုံနှင့်ပြထားပါသည်..
မူလပထမ L strain, ၂၀၂၀ အစပိုင်းတွင် S strain ပြောင်း,
နောက်ပိုင်းတွင် V နှင့် G အဖြစ်ပြောင်း, ထို့နောက် GR, GH နှင့် GV ဟုပြောင်း
နာမည်မပေးရသေးသော ပြောင်းလဲမှုများကို O strain ဟုခေါ်ပါသည်..
ထပ်ဖြည့်စွက်.. အချုပ်ပြောရလျှင် ဂျော်ဒန်နိုင်ငံသား ၆ ဦးတွင်သာ
ဂျော်ဒန်နိုင်ငံတွင် ဖြစ်ပွားနေသောပိုး GR strain B 1.1.312 တွေ့ရခြင်းဖြစ်ပါသည်..
ကျန် ရန်ကုန် ပဲခူး ဓာတ်ခွဲနမူနာ ၅ ခုတွင် နဂိုရှိရင်းစွဲ GH strain သာတွေ့ရပါသည်..
ပြည်ပကပြန်လာသူများတွင် ဂျော်ဒန်တွင်ဖြစ်ပွားပျံ့နှံ့နေသောပိုးတွေ့ရတာမဟုတ်ပါ..
ဂျော်ဒန်ကပြန်လာသူများတွင်သာ တွေ့ရခြင်းဖြစ်ပါသည်..
ပေါက်ကရ မဖြန့်ကြပါနှင့် အဓိပ္ပါယ်ခြင်း တခြားစီဖြစ်ပါကြောင်း (ဒေါက်တာခင်ခင်ကြီး)
Be the first to comment on "မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ယူကေ ဗီဇပြောင်း ကိုဗစ်ပိုး တောင်အာဖရိက….."