ရန်ကုန်တမြို့လုံးက စည်းကမ်းမဲ့ စက်ဘီးတွေကို ပြင်းပြင်းထန်ထန် ….
ရန်ကုန်မြို့တွင်း အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့စက်ဘီးစီးနင်းပါက
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် ၃၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စု
တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းအောင်က သတိပေးပြောကြားလိုက်ပါတယ်။
“စက်ဘီးစီး ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ စီးနင်းဖို့နဲ့
အနှေးယာဉ်မဝင်ရ လမ်းတွေမှာ စီးတာတွေ၊ လမ်းပြောင်းပြန် စီးတာတွေ၊ မီးနီဖြတ် စီးတာတွေ၊ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း ချိုးဖောက်တာတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ၎င်းကဆိုပါတယ်။
ကမာရွတ်မြို့နယ်အတွင်းရှိ ယာဉ်ကြောကျပ်တည်းသော နေရာဖြစ်သည့် လှည်းတန်းဈေးနှင့်
လှည်းတန်း လမ်းဆုံမီးပွိုင့်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ စက်ဘီးစီးနင်းရန်နှင့်
စည်းကမ်းချိုးဖောက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခြင်းများကို
၂၀၂၁ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ် အောက်တိုဘာ လဆန်းပိုင်းက ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်များ၊
လျှပ်စစ်ဆိုင်ကယ်များနှင့် ဘက်ထရီစက် ဘီးများ စီးနင်းခြင်းမပြုကြရန် အသိပညာပေးခဲ့ပြီးနောက် အောက်တိုဘာ
တတိယပအပတ်မှစတင်ပြီး ချလန်ဖြတ် အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စည်းကမ်းပျက်မော်တော်ယာဉ် ၂၆၂၆ စီး၊ ဆိုင်ကယ်နှင့်
လျှပ်စစ်ဆိုင်ကယ် အစီး ၈၀ အပါအဝင် စုစုပေါင်း ၂၇၀၆ စီးနှင့် ကရိန်းဆွဲအရေးယူမှု ၁၁၃ စီးတို့ကို အရေးယူဆောင် ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။
Zawgyi
ရန္ကုန္တၿမိဳ႕လုံးက စည္းကမ္းမဲ့ စက္ဘီးေတြကို ျပင္းျပင္းထန္ထန္ ….
ရန္ကုန္ၿမိဳ႕တြင္း အမ်ားျပည္သူသုံး လမ္းမႀကီးမ်ားတြင္ စည္းကမ္းမဲ့စက္ဘီးစီးနင္းပါက
ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အမွတ္ ၃၉ ယာဥ္ထိန္းရဲတပ္ဖြဲ႕စု
တပ္ဖြဲ႕စုမႉး ဒုတိယရဲမႉး ရဲထြန္းေအာင္က သတိေပးေျပာၾကားလိုက္ပါတယ္။
“စက္ဘီးစီး ျပည္သူေတြအေနနဲ႕ ခ်မွတ္ထားတဲ့ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းနဲ႕အညီ စီးနင္းဖို႔နဲ႕
အေႏွးယာဥ္မဝင္ရ လမ္းေတြမွာ စီးတာေတြ၊ လမ္းေျပာင္းျပန္ စီးတာေတြ၊ မီးနီျဖတ္ စီးတာေတြ၊ ယာဥ္စည္းကမ္း၊
လမ္းစည္းကမ္း ခ်ိဳးေဖာက္တာေတြကို ဥပေဒနဲ႕အညီ အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္”လို႔ ၎ကဆိုပါတယ္။
ကမာ႐ြတ္ၿမိဳ႕နယ္အတြင္းရွိ ယာဥ္ေၾကာက်ပ္တည္းေသာ ေနရာျဖစ္သည့္ လွည္းတန္းေဈးႏွင့္
လွည္းတန္း လမ္းဆုံမီးပြိုင့္တြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ အညီ စက္ဘီးစီးနင္းရန္ႏွင့္
စည္းကမ္းခ်ိဳးေဖာက္ပါက ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အသိပညာေပးေဆာင္႐ြက္ျခင္းမ်ားကို
၂၀၂၁ ခုႏွစ္ ဇန္နဝါရီ လဆန္းပိုင္းမွ စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရပါတယ္။
ၿပီးခဲ့သည့္ ၂၀၂ဝျပည့္ႏွစ္ ေအာက္တိုဘာ လဆန္းပိုင္းက ရန္ကုန္စည္ပင္နယ္နိမိတ္အတြင္း ဆိုင္ကယ္မ်ား၊
လွ်ပ္စစ္ဆိုင္ကယ္မ်ားႏွင့္ ဘက္ထရီစက္ ဘီးမ်ား စီးနင္းျခင္းမျပဳၾကရန္ အသိပညာေပးခဲ့ၿပီးေနာက္ ေအာက္တိုဘာ
တတိယပအပတ္မွစတင္ၿပီး ခ်လန္ျဖတ္ အေရးယူမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရပါတယ္။
၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ စည္းကမ္းပ်က္ေမာ္ေတာ္ယာဥ္ ၂၆၂၆ စီး၊ ဆိုင္ကယ္ႏွင့္
လွ်ပ္စစ္ဆိုင္ကယ္ အစီး ၈၀ အပါအဝင္ စုစုေပါင္း ၂၇၀၆ စီးႏွင့္ ကရိန္းဆြဲအေရးယူမႈ ၁၁၃ စီးတို႔ကို အေရးယူေဆာင္ ႐ြက္နိုင္ခဲ့ေၾကာင္း သိရပါတယ္။
Be the first to comment on "ရန်ကုန်တမြို့လုံးက စည်းကမ်းမဲ့ စက်ဘီးတွေကို ပြင်းပြင်းထန်ထန် …."