လိုအပ်ရင်ရှာမရဘူးဆိုတဲ့ ကလေး ပိစိလေး တွေရဲ့ မေမေ တွေ ဆောင်ထားပါရှင့်

လိုအပ်ရင်ရှာမရဘူးဆိုတဲ့ ကလေး ပိစိလေး တွေရဲ့ မေမေ တွေ ဆောင်ထားပါရှင့်

သူငယ်ကိုညာလက်ပေါ်မှာ ပက်လက်ထား ဗယ်ဘက်လက်က သူငယ်ဗိုက်ကိုဖိဟန် နတ်ရုပ်

၁။ သူငယ်မွေးဖွား၍ (၁)ရက်, (၁)လမှ (၁)နှစ်အတွင်း၌ နာမူကား ပဋိသန္ဓေကို စောင့် ရ သော ဒေဝမည် သော မာတြာဖမ်းစား၏။

ထိုဒေဝမည်သော မာတြာဖမ်းစား သော ကြောင့် နာဟန်ကား၊ ဝမ်းရောင်၏၊ ချမ်းအေးရှိ၏။ အငို များ၏။

ထိုအနာကိုလွတ်စေလိုမူ ခေါ်ပတောင်းတွင် ထမင်း (၅)ဆုပ် ၊ တံခွန်လေးတိုင်၊ ပန်းလေးပွင့် ထည့်၍ အရှေ့တောင်ထောင့် အရပ်သို့ မွေးဖွားသည့်အချိန်တွင်ပို့လေ ။

၂။ သူငယ်မွေးဖွား၍ နှစ်ရက်, နှစ်လ မှ နှစ်နှစ်အတွင်း၌ နာမူကား ပဋိသန္ဓေကိုစောင့်သော ဒေဝမည်သော မာကြာပင် ဖမ်းစား၏။ နာဟန်ကား တမှိန်မှိန်များ၏ ။

ကျောဝမ်းပူ၏။ ဝမ်းလည်းသွန်၏။ အော့အန်၏။ အစွဲ ချရသောနည်းကား ခေါပတောင်းတွင် ဘီလူးရုပ်လုပ်၍ ထမင်းငါးဆုပ် တံခွန်နှစ်တိုင် ၊ ဆီမီးနှစ်တိုင် ၊ ပန်းဖြူ ၊ ပန်းနီ ၊ မုန့်ခုနစ်ချပ် ၊ ၊ ကွမ်းတစ်ယာ၊ လက်ဖက် တစ်ထုပ်ထည့်၍ အနောက်မြောက်ထောင့်အရပ်သို့ မွေးဖွားသည့် အချိန်တွင် ပို့လေး။

၃။ သူငယ်မွေးဖွား၍ (၃) ရက်၊ (၃) လ၊ (၃) နှစ်အတွင်း၌ နာမူကား ပဋိသန္ဓေကိုစောင့်သော ဘီလူးဒေဝနတ်ဖမ်းစား၏။ အရှေ့သို့သွားရာတွင် ဖမ်းစားသည် ။

နာဟန်ကား ခေါင်းလေး၏။ ရင်ပြည့်၏။ ပျို့လည်းါ၏။ လက်တတုန်တုန်ရှိ၏။ ထိုအနာကို လွတ်စေလိုမှု ခေါပတောင်းတွင် ပန်းသုံးပွင့်၊ ထမင်းသုံးဆုပ် မုန့်ညက်ကို လူရုပ်လုပ် ၊ ၊ တံခွန် (၃)တိုင်ထည့်၍ မွေးဖွားသည့် အချိန်တွင် အရှေ့အရပ်သို့ပို့လေ။

၄။ သူငယ်မွေးဖွား၍ (၄ ) ရက် ၊ (၄) လ ၊ (၄) နှစ်အတွင်း၌ နာမူကား ပဋိသန္ဓေကိုစောင့်သော ဒေဝနာဂနတ် ဖမ်းစား၏။ အရှေ့တောင်ထောင့် သွားရာတွင် နာသည်။

နာဟန်ကား ကျောပူ၏ ။အော့အန်၏ ။ အေး၏ ။ ထိုအနာကို လွတ်လိုမူ ခေါပတောင်းတွင် ဘီလူးရုပ်လုပ်၍ ထည့် ငါးလေးတစ် ၊ ပန်းလေးပွင့် ။ မုန့်လေးချပ်၊ ၊ ထမင်းလေးဆုပ်ထည့်၍ မွေးဖွားသည့် အချိန်တွင် အရှေ့ တောင် ထောင့်အရပ်သို့ ပို့လေ။

၅။ သူငယ်မွေးဖွား၍ (၅) ရက်၊ (၅ ) လ ၊ (၅) နှစ်အတွင်း နာမူကား နာလိတနတ်ဖမ်းစား၏။ နာဟန်ကား ပူတဲ့ ချမ်းတုံရှိ၏။ မနေသာမထိုင်သာရှိ၏ ။

ခါးလည်းညောင်း၏။ ခြေလက်လေး၏ ထမင်းမစားလိုရှိ၏။ ထိုအနာကို လွတ်လိုမူ ခေါပတောင်းတွင် ထမင်းငါးဆုပ် ၊ မုန်းငါးချပ်၊ ငါးပြေမ ငါး ကောင် တစို့ထိုးကင်၊ ပန်းငါးပွင့်၊ ဆီမီးငါးတိုင်၊ တံခွန်ငါးတိုင်ထည့်၍ တောင်စူးစူးအရပ်သို့ မွေးဖွားသည့်အချိန်တွင် ပို့လေ ။

၆။ သူငယ်မွေးဖွား၍ (၆) ရက်၊ (၆) လ၊ (၆) နှစ်တွင် နာမူကား ပဋိသန္ဓေကိုစောင့်သော ကာလဒေဝနတ် ဖမ်းစား၏။ နာဟန်ကား ကိုယ်ပူ၏။ နှလုံးဆို့ ပျို့၏။ တသမ်းသမ်း တ ရှိ၏။ အရူးကဲ့သို့ ရှိ၏။

ငိုတုံရယ်တုံ ရှိ၏။ ထိုအနာကို လွတ်လိုမှု ခေါပတောင်းတွင် ထမင်းခြောက် ဆုပ် ၊ မုန့်ခြောက်ချပ် သစ်သီးခြောက်မည်၊ ပန်းကုံးမှာ ကိုယ်နှင့် တိုင်း၍ ထည့် ပေါက်ပေါက် ပန်းနံ့သာ ရေဖျန်း၍ထည့် အနောက်မြောက်အရပ်သို့ ပို့လေ။

Photo credit

Be the first to comment on "လိုအပ်ရင်ရှာမရဘူးဆိုတဲ့ ကလေး ပိစိလေး တွေရဲ့ မေမေ တွေ ဆောင်ထားပါရှင့်"

Leave a comment

Your email address will not be published.


*