နေပြည်တော်တွင် အရုပ်ထောင်ပြီးနှာခေါင်း စည်းတပ်ဖို့ သတိပေး

နေပြည်တော်တွင် အရုပ်ထောင်ပြီးနှာခေါင်း စည်းတပ်ဖို့ သတိပေး

ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၁

နှာခေါင်းစည်းတပ်ထားတဲ့မြန်မာ့ကျေး လက် ကလေးပုံစံ ရုပ်တုကြီးတခုကိုထောင်ပြီး လူတွေကို

နှာခေါင်းစည်းတပ်ကြဖို့ သတိပေးလှုံ့ဆော်တဲ့အစီအစဉ်တခုကို ဒီကနေ့ နေပြည်တော်မှာပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဒုတိယလှိုင်းပျံ့နှံ့လာပြီးတဲ့နောက်ပိုင်းမှာ လူတွေက ကိုဗစ်ရောဂါကာကွယ်ရေးမှာ အခြေခံကျဆုံးဖြစ်တဲ့ နှာခေါင်းစည်းတပ်ဖို့ကို

မေ့လျော့လာပြီး ဒီတိုင်း အပြင်ထွက်လာတဲ့လူတွေများလာတာကြောင့် သတိပေးတဲ့အနေနဲ့ အခုလိုအစီအစဉ်ကို ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

ဒီအစီအစဉ်ကို နေပြည်တော် ပျဉ်းမနားမြို့အခြေစိုက် မျှဝေသောလက်များ ပရဟိတအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး

အမြင့် ၁၈ ပေလောက်ရှိတဲ့ အဲဒီအရုပ်ကို မြန်မာ့ရိုးရာနှီးပညာနဲ့ ထုလုပ်၊ ဆေးခြယ်သထားဖြစ်ပြီး

ပျဉ်းမနားမြို့အထွက် ပျဉ်းမနား-တောင်ညိုလမ်းမှာစိုက်ထူထားတာလည်းဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားမှာ နေပြည် တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်အပါအဝင် ပရဟိတသမားတွေ၊

မြို့ခံတွေ၊ ဌာနဆိုင်ရာတွေတက်ရောက်ခဲ့ပြီး လမ်းသွားလမ်းလာတွေကိုလည်း နှာ ခေါင်းစည်းတပ်ဆင်ရေး

လှုံဆော်တဲ့အနေနဲ့ နှာခေါင်းစည်းဝေငှတာတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – သီဟလွင်/ဧရာဝတီ

Be the first to comment on "နေပြည်တော်တွင် အရုပ်ထောင်ပြီးနှာခေါင်း စည်းတပ်ဖို့ သတိပေး"

Leave a comment

Your email address will not be published.


*