ကိုဗစ်ကာကွယ်ဆေးအား တိုင်းနှင့်ပြည်နယ်များသို့ ယနေ့စတင်ဖြန့်ဝေမည်

ကိုဗစ်ကာကွယ်ဆေးအား တိုင်းနှင့်ပြည်နယ်များသို့ ယနေ့စတင်ဖြန့်ဝေမည်

အိန္ဒိယနိုင်ငံမှရောက်ရှိ လာသည့် ကိုဗစ်ကာကွယ်ဆေးကို ယနေ့(ဇန်နဝါရီ ၂၃ရက်) တွင် တိုင်းနှင့် ပြည်နယ်များသို့ တစ် ပြိုင်နက်တည်း ဖြန့်ဝေမည်ဖြစ် ကြောင်း

ရန်ကုန်တိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာနမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထွန်း မြင့်က ပြောသည်။

အဆိုပါရောက်ရှိလာသည့် ဆေးတစ်သန်းခွဲမှာ လူတစ်ဦး လျှင် နှစ်ကြိမ်ထိုးနှံရမည်ဖြစ်သော ကြောင့် လူဦးရေခုနစ်သိန်းခွဲစာ အတွက်ဖြစ်ကာ ယင်းဆေးများကို ကျိုက်ဝိုင်း ဘုရားလမ်းရှိ

ဗဟိုကာ ကွယ်ဆေးသိုလှောင်ရေး (Central cold chain room) ၌ ထားရှိ ပြီး ယင်းမှတစ် ဆင့် တိုင်းနှင့်ပြည် နယ်များသို့ ပြန်လည်ဖြန့်ဝေမည် ဖြစ်သည်။

လူတစ်ဦးလျှင် နှစ်ကြိမ်ထိုးနှံ ရသည့် ဆေးဖြစ်သည်။ ပထ မ တစ်ကြိမ်ထိုးနှံပြီးပါက နောက် ထပ် ၂၈ ရက်မြောက်နေ့တွင် ထပ်မံထိုးနှံရသော ကာကွယ် ဆေးဖြစ်သည်။

ရန်ကုန်တိုင်းတွင် ယခုလ မကုန်မီ အဆိုပါကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်နေပြီး ပထမဦးစားပေးအနေဖြင့် ပြည် သူ့

ကျန်းမာရေးကုသရေးအောက် ရှိ ကျန်းမာရေ းဝန်ထမ်းတစ် သောင်းကျော်နှင့် ဗဟိုအဆင့် ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်း တစ်သောင်းကျော်တို့ကို ထိုးနှံ ပေးမည်ဖြစ်ကြောင်း ဒေါက်တာ ထွန်းမြင့်က ပြောသည်။

ကိုဗစ် -၁၉ ကာကွယ်ရေး ထိန်းချုပ်ရေး ကုသရေးလုပ်ငန်းတွေမှာ ရှေ့ တန်းမှာပါဝင်ခဲ့တဲ့ ကျွန်တော်တို့ ရဲ့ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ပြီးတဲ့အခါကျလို့ရှိရင်တော့ ပြည် ထောင်စုအစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ် တွေ

နောက်ပြည်ထောင်စုလွှတ် တော်ကိုတက်ရောက်မယ့် ပြည် ထောင်စု လွှတ်တော်ကိုယ်စား လှယ်ကြီးတွေကိုလည်း ထိုးပေး သွားမှာပါပဲ။ နောက်တစ်ခုက တော့ ကိုဗစ်-၁၉ ကူးစက်လွယ် တဲ့အုပ်စုတွေ၊ နောက်သူတို့က ကူးစက်လို့ရှိရင်လည်း အသေအ ပျောက်များမယ့်အုပ်စုတွေပေါ့ လေ။

ဒါတွေကိုတော့ ကျွန်တော် တို့က ဦးစားပေးအစီအစဉ်အနေ နဲ့ ဒီလမကုန်ခင်မှာပဲ စထိုးသွား ဖို့ကျွန်တော်တို့ ပြင်ဆင်နေပါ တယ်’’

ယခုပေးအပ်သော ကာ ကွယ်ဆေးတစ် သန်း ခွဲမှာ မြန်မာ နိုင်ငံ၏ကိုဗစ်ကုသရေးလုပ်ငန်း များတွင် အိန္ဒိယမှ မြန်မာသို့ ပေး အပ်သော လက်ဆောင်ဖြစ် ကြောင်း ရန်ကုန်မြို့ အိန္ဒိယသံ ရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေ ဖြင့် ကာ ကွယ်ဆေးအလုံးသန်း ၃၀ (လူဦးရေ ၁၅ သန်းအတွက်)တိုက်ရိုက် ထပ်မံဝယ်ယူရန် နား လည်မှုစာ ချွန်လွှာတစ်ရပ် လက်မှတ်ထိုးပြီး ဖြစ်ကြောင်း အိန္ဒိယသံရုံးက ဆို သည်။

ယခုရောက်ရှိလာသည့် အိန္ဒိယနိုင်ငံထုတ် Covishield ကာကွယ်ဆေးသည် ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ဗြိ တိန်-ဆွီဒင် ဖက်စပ်ကုမ္ပဏီ AstraZeneca ဆေးကုမ္ပဏီတို့က ထုတ်လုပ်သည့်

ကာကွယ်ဆေးအ မျိုးအစားဖြစ်ပြီး ကိုဗစ်ရောဂါကူး စက်ခြင်းအား ကာကွယ်နိုင်သည့် အခြေအနေ ၇၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ပညာရှင်များက ပြော ကြားထားသည်။

ဆေးမှာ ပထမအကြိမ်ထိုးနှံ ပြီးလျှင် ၆၂ ရာခိုင်နှုန်းကာကွယ် နိုင်ပြီး နှစ်ကြိမ်စလုံးထိုးနှံပြီးလျှင် ၉၀ ရာခိုင်နှုန်းအထိကာကွယ်နိုင် သည်ဟု ဖော်ပြထားသည်။

Source 7day

Be the first to comment on "ကိုဗစ်ကာကွယ်ဆေးအား တိုင်းနှင့်ပြည်နယ်များသို့ ယနေ့စတင်ဖြန့်ဝေမည်"

Leave a comment

Your email address will not be published.


*