ဖေဖေက ရင်အပူခံပြီးသပိတ်ပါဝင်ခွင့်ပြုတယ် “ကျေးဇူးတင်ပါတယ် ဖေဖေတဲ့လား”

ဖေဖေက ရင်အပူခံပြီးသပိတ်ပါဝင်ခွင့်ပြုတယ် “ကျေးဇူးတင်ပါတယ် ဖေဖေတဲ့လား”

မိဘက ကြယ်စင်လို့ကင်ပွန်းတပ်ခဲ့တာ
ကိုယ့်ကိုကိုယ်အိန်ဂျယ်တဲ့လား

ထူးပါဘူးအေနှစ်ခုလုံးက ကောင်းကင်မှာနေရမှာပေါ့

ဖေဖေက ရင်အပူခံပြီးသပိတ်မှောက်ခွင့်ပြုတော့မျက်နှာစာအုပ်ပေါ်POSTတင်တယ်
တခွန်းတည်းပြောမယ်
“ကျေးဇူးတင်ပါတယ် ဖေဖေတဲ့လား”

နမိတ်တွေကြိုဖတ်လို့အသက်ရှင်ရရင် တောင်အကောင်းတိုင်းမဖြစ်နိုင်ရင်လိုတဲ့ သူ ယူပါ လှူသတဲ့လား

မောင်ဖိုးသား
(၃ရက် မတ်လ ၂၀၂၁ ကျဆုံးသူများအားလုံးအတွက်)

Be the first to comment on "ဖေဖေက ရင်အပူခံပြီးသပိတ်ပါဝင်ခွင့်ပြုတယ် “ကျေးဇူးတင်ပါတယ် ဖေဖေတဲ့လား”"

Leave a comment

Your email address will not be published.


*