နွေဦးတော်လှန်ရေး မျိုးဆက်သစ်များသို့ ဒေါက်တာဆာဆာ့ထံမှ စာတစ်စောင်

Generation Z မျိုးဆက်သစ်တွေအတွက် ဒေါက်တာဆာဆာက စာတစောင် ထုတ်ပြန်ထားပါတယ်။

❝ချစ်ရတဲ့ မြန်မာ့သူရဲကောင်းတွေနဲ့ ရဲဘော် ရဲဘက်တို့ခင်ဗျား။ ကျနော် ခင်ဗျားတို့ ဆီက စာတွေ၊ အစီရင်ခံစာတွေကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။

ဒါတွေကို ကမ္ဘာအနှံ့ ခေါင်းဆောင်တွေဆီ ပို့ဆောင်ပေးနိုင်ဖို့က ကျနော့်တာဝန်ပါ။ ကျနော်က ခင်ဗျားတို့ရဲ့ အသံပါ၊

ကျနော်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ခင်ဗျားတို့ကိုယ်စား ဆောင်ရွက်ပေးသွားမှာပါ၊ အဆုံးထိ ခင်ဗျားတို့နဲ့အတူ ရှိနေမယ်လို့လည်း ကျနော်ကတိပေးပါတယ်

ကာလရှည်ကြာ ရင်ဆိုင်တိုက်ပွဲဝင်နေကြသူတွေနဲ့အတူ လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်လည်း အသက်ပေးပါဝင်မှာဖြစ်ပြီး အကြမ်းဖက်အုပ်စုတွေအတွက်

သူတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေအတိုင်း ပြစ် ဒဏ်ကလွတ်စေမှာမဟုတ်ပဲ တရားဥပဒေအတိုင်း ခံစားရ စေရမှာပါ။❞

Be the first to comment on "နွေဦးတော်လှန်ရေး မျိုးဆက်သစ်များသို့ ဒေါက်တာဆာဆာ့ထံမှ စာတစ်စောင်"

Leave a comment

Your email address will not be published.


*