Local News

မင်္ဂလာဒုံထွေအုပ်ရုံးကို စက်သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ဗီဒီယိုတစ်ခု ပေါ်ထွက်လာ

မင်္ဂလာဒုံထွေအုပ်ရုံးကို စက်သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ဗီဒီယိုတစ်ခု ပေါ်ထွက်လာ

အောက်တွင်ရုပ်သံတင်ပေးထားသည်။

မင်္ဂလာဒုံထွေအုပ်ရုံး နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ်က စက်သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ဗီဒီယိုတစ်ခု ပေါ်ထွက်လာပါတယ်။

ဖြစ်စဉ်မှာတော့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်က မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာ အုပ်စုရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့

Terminal ဆီဆိုင်အကြားရှိ ဂိတ်စောင့်နေတဲ့ စစ်သားတွေကို တက္ကစီကားပေါ်မှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အစောင့်စစ်သား ၁ ဦးနဲ့

အရပ်သား သန့်ရှင်းရေးအကူ ဈေးသည် ၁ဦး သေဆုံးကာ အစောင့် စစ်သား ၁ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်တွင် နိုဝင်ဘာလ (၇) ရက်နေ့ တစ်ရက်တည်းမှာပဲ အပြင်းစား ပစ်ခတ်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး

အကြမ်းဖက် စစ်ကောင်စီတပ်သား (၄) ဦးနဲ့ အရပ်သား သန့်ရှင်းရေး အကူ ဈေးသည်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi







Video – obtained
Ref DVB

About the author

admin

Add Comment

Click here to post a comment