International news

International news

Project NAN HTIKE AUNG ရဲ့ Campaign Day 1 စတင်ပါပြီ

Project NAN HTIKE AUNG ရဲ့ Campaign Day 1 စတင်ပါပြီ။ Project NAN HTIKE AUNG ဆိုတာက မြို့ပြပျေက်ကျားစစ်ဆင်ရေး အရှိန်မြှင့်တင်ဖို့အတွက် ရန်ပုံငွေရှာဖွေရေး Project တစ်ခုဖြစ်ပါတယ်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဒေသကွပ်ကဲရေးအဖွဲ့နဲ့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး မြို့ပြပျောက်ကျားများကို ထောက်ပံ့ဖို့၊ စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တဲ့ Fundraising Project တစ်ခုဖြစ်ပါတယ်။ မြို့ပြပျောက်ကျားတွေဟာ ဖမ်းဆုပ်ဖို့ မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ကူညီဖို့လည်း လုံခြုံရေးအရ ခက်ခဲပါတယ်။ မြို့ပြပျောက်ကျားတွေအနေနဲ့လည်း အကူအညီတောင်းခံဖို့ ရယူဖို့ ခက်ခဲပါတယ်။ မြို့ပြပျောက်ကျားတွေကို ထိထိရောက်ရောက်ကူညီနိုင်မယ့် Project NAN HTIKE AUNG မှာ ပါဝင်ပေးကြပါဦး။ ၁၀ ရက်တာ ပြုလုပ်မယ့် Project ဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာကြောင့် […]

Read More
International news

မြန်မာနိုင်ငံရဲ့ အနီးအနား‌လေးကို ရောက်လာပြီဖြစ်တဲ့ မျောက်ကျောက်ရောဂါ

မြန်မာနိုင်ငံရဲ့ အနီးအနား‌လေးကို ရောက်လာပြီဖြစ်တဲ့ မျောက်ကျောက်ရောဂါ စင်ကာပူ၊ ဇွန်-၂၂-၂၀၂၂ မျိုးဆက်(VOM) စင်ကာပူနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက နိုင်ငံသို့လာရောက်ခဲ့တဲ့ ဗြိတိန်လေကြောင်းလိုင်းတခုမှ လေယာဉ်အမှုထမ်းတဦးမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေး၀န်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ ရောဂါတွေ့ရှိမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဇွန် ၂၁ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဇွန်လမှာ စင်ကာပူနိုင်ငံသို့ ၀င်ထွက်သွားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အရှေ့တောင်အာရှဒေသမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိခြင်းလည်းဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါဟာ မေလမှစပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေပြီး အတည်ပြုလူနာ ၂၁၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ အဲဒီရောဂါသည် ဥရောပမှာ ရောဂါဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းကျော်ကို တွေ့ရှိထားပေမယ့်လည်း မြောက်အမေရိက ၊ […]

Read More
International news

ဒီရက်ထဲ တွေးမိနေတဲ့ အတွေးအပိုင်းအစလေးတွေကို စိတ်မကောင်းစွာပြောလာတဲ့ပန်ဆယ်လို

ဒီရက်ထဲ တွေးမိနေတဲ့ အတွေးအပိုင်းအစလေးတွေကို စိတ်မကောင်းစွာပြောလာတဲ့ပန်ဆယ်လို ဒီရက်ထဲ တွေးမိနေတဲ့ အတွေးတစပါ။ မနှစ်က ဒီအချိန် အမေစုမွေးနေ့ပွဲ New York မှာ တက်ခဲ့တဲ့အချိန်က ကိုယ် အမေရိကားရောက်သွားလို့ တော်လှန်ရေးကိုသစ္စာဖောက်သူ၊ စစ်တပ်ရဲ့ဒလန်ဖြစ်နိုင်တယ် စသဖြင့် စွတ်စွဲချက်တွေ၊ စကားအတင်းဆိုမှုတွေ၊ အမြင်လွဲမှုတွေ အတော်များများ ရင်ဆိုင်ခဲ့ရတယ်။ အသက်ဘေးက လွတ်မြောက်လာလို့ ဝမ်းသာပေးကြသူတွေရှိသလို စစ်ခွေးတွေလက်မှာ မသေခဲ့တာပဲ တာဝန်မကျေတဲ့လူလိုလို ဆက်ဆံခံရတယ်။ ကိုယ့်ကို ဖိတ်ကြားသူတွေကိုကအစ တိုက်ခိုက်တာမျိုး မကောင်းပြောတာမျိုးတွေ ကြုံရတယ်။ မယုံဘူးဆိုသူတွေကလည်း တမျိုးတဖုံပေါ့။ ပြေးရကောင်းလားလို့ လှောင်ကြသူတွေ၊ သရော်ကြတဲ့ဒဏ်တွေကို လှိမ့်နေအောင် ခံခဲ့ရတယ်။ ကိုယ်ကတော့ အဲ့အချိန်ကတည်းက ထုံပေပေ ပါပဲ။ ကိုယ် ဘယ်လိုဖြတ်သန်းခဲ့ရလဲ ကိုယ့်ကိုယ်ကိုယ် သိခဲ့တာပဲ။ နာကြင်ကြေမွရလွန်းလို့ ထုံခဲနေတဲ့ ခံစားချက်မျိုးနဲ့ ဘာကိုမှ […]

Read More
International news

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင် အပါအဝင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့သူ များ

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင် အပါအဝင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့သူ များ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၇/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၅) ရက် ၁။ (၁၀-၆-၂၀၂၂) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်သမားများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ အသက် (၂၇) နှစ် အပါအဝင် CDM ကျောင်းအုပ် ဆရာကြီး ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်)၊ မသဲအိအိဝင်းနှင့် Northern – Yesagyo (N – YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ (၅) ဦးကို ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်၍ […]

Read More
International news

ယူကရိန်း က ထုတ်လိုက်တဲ့ သောက်ရင် မမှုးတဲ့ UN လို့ ပေးထားတဲ့ ဘီယာကို အများစုက သဘောကျနေ

ယူကရိန်း က ထုတ်လိုက်တဲ့ သောက်ရင် မမှုးတဲ့ UN လို့ ပေးထားတဲ့ ဘီယာကို အများစုက သဘောကျနေ ရုပ်မပေါက်သည့် UN ကို ဂုဏ်ပြုထုတ်ဝေသည့် ယူကရိန်းက UN ဘီယာ ၁၃/၆/၂၀၂၂ UN (Unfortunately Non Alcoholic) တံဆိပ်နဲ့ အယ်လ်ကိုဟောမပါတဲ့ ဘီယာအမျိုးအစားအသစ်ကို ယူကရိန်း ကုမ္ပဏီတခုက ထုတ်လုပ်လိုက်ပါတယ်။ အယ်လ်ကိုဟောမပါတဲ့ဘီယာတံဆိပ်ကို UN လို့ ပေးထားတဲ့အပေါ် ယူကရိန်းအပါအဝင် ဥရောပသတင်းတော်တော်များမှာ ဝေဖန်ချက်မျိုးစုံနဲ့ ရေးသားဖေါ်ပြနေကြပါတယ်။ သောက်ရင်မမှုးတဲ့ ဘီယာကို UN လို့ ပေးထားတာကို အများစုက သဘောကျနေတာပါ။ ယူကရိန်းသတင်းတွေကတော့ အယ်လ်ကိုဟောမပါတဲ့ UN ဘီယာကို သောက်ရင် မူးယစ်ရီဝေချင်တဲ့ မူလရည်ရွယ်ချက်ရမှာမဟုတ်သလို ငြိမ်းချမ်းရေး ဒီမိုကရေစီရေး လွတ်လပ်လုံခြုံရေးတွေအတွက် ဖွဲ့စည်းထားတဲ့ […]

Read More
International news

ပူတင် ဘော်ဒီဂတ်တွေဟာ ပူတင် အင်အင်း 💩 ကို ရွှေလိုတန်ဖိုးထားပြီး ဘာလို့ပြန်သယ်ရသလဲ

ပူတင် ဘော်ဒီဂတ်တွေဟာ ပူတင် အင်အင်း 💩 ကို ရွှေလိုတန်ဖိုးထားပြီး ဘာလို့ပြန်သယ်ရသလဲ ရုရှားသမ္မတပူတင်ရဲ့ဘော်ဒီဂတ်တွေဟာလစာအတော်ကောင်းပြီး FPS လို့ခေါ်တဲ့ (Russian president’s Federal Protection Service) ကနေစိတ်ကြိုက်ရွေးထုတ်ထားသူတွေဖြစ်ပါတယ်။ ပူတင်ရဲ့ဘော်ဒီဂတ်တွေဟာ ပူတင်ပါတဲ့အင်အင်း 💩 တွေကို သေသေချာချာမပျောက်ရှရအောင်ထုပ်ပိုးပြီး ရုရှားကိုပြန်သယ်ရတယ်လို့ဆိုပါတယ်။ နိုင်ငံခြားခရီးစဉ်တွေမှာ ပူတင်ဟာရိုးရိုးအိမ်သာမှာမတက်ပဲ ပူတင်အတွက် (porta-potty) သယ်လို့ရတဲ့ ယာယီအိမ်သာသပ်သပ်ယူသွားရတယ်လို့ဆိုပါတယ်။ ပူတင်ပါသမျှအင်အင်း 💩💩 တွေကို အိတ်တစ်လုံးနဲ့ထုပ်ပြီး စပါယ်ရှယ်လက်ဆွဲအိတ် briefcase 💼 ထဲထည့်ပြီး အိမ်ပြန်သယ်ရတယ်လို့ဆိုပါတယ်။ ပူတင်ကြွလာလို့ ဘေးတစ်ဖက်တစ်ချက်မှာ ကိုယ်ရံတော်ဘော်ဒီဂတ်တွေဟာ 💼 လက်ဆွဲအိတ်တွေကိုရှိုးနဲ့မိုးနဲ့သယ်လာတာကိုတွေ့ရင် ဒေါ်လာတွေ နျူးကလီယားကွန်ထရိုလာတွေသယ်လာတယ်မထင်ပါနဲ့။ တချို့အိတ်တွေဟာ ပူတင်ရဲ့ အင်းအင်း 💩 ထုပ်တွေဖြစ်ပါတယ်။ ဒီအကြောင်းကို ပြင်သစ်သတင်းမဂ္ဂဇင်း Paris Match ကပထမဦးဆုံးရေးသားခဲ့တာဖြစ်ပါတယ်။ […]

Read More
International news

​ကမ္ဘာကြီးရဲ့ မည်သည့်နေရာမဆို အင်တာနက် သုံးလို့ရတယ်ဆိုတဲ့ တယ်စလာဖုန်း ကောလဟာလ

​ကမ္ဘာကြီးရဲ့ မည်သည့်နေရာမဆို အင်တာနက် သုံးလို့ရတယ်ဆိုတဲ့ တယ်စလာဖုန်း ကောလဟာလ Ref တွေးပြီးမှယုံ နည်းပညာမြင့် လျှပ်စစ်ကားတွေထုတ်၊ အာကာသတခွင်မှာ ဒုံးပျံတွေလွှတ်နေတဲ့ သန်းကြွယ်သူဌေး အီလွန်မက်စ် ရဲ့ တယ်စလာ ကုမ္ပဏီကနေ Tesla Pi Smartphone တလုံးကို ထုတ်လုပ်လိုက်တယ်ဆိုတဲ့ ကောလဟလာ တခု လူမှုကွန်ရက်မှာ တဟုန်ထိုးပြန့်နှံ့နေပါတယ်။ သတင်းတုကို အများစုကတော့ ပြန်လည်ကူးယူဖော်ပြကြတာကို တွေ့နေရသလို Blue Mark ရထားတဲ့ ဖေ့ဘွတ်ခ်အကောင့် တချို့ကနေတောင် ဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ Tesla ကုမ္ပဏီရဲ့ Website မှာ သွားရောက်ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ရပါဘူး။ ဒီလိုပဲ ကုမ္ပဏီတည်ထောင်သူ Elon Musk ရဲ့ Twitter, Instagram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ […]

Read More