Local News

CB ဘဏ်ခွဲအချို့တွင် တိုကင် ယူစရာမလိုတော့ပဲ ငွေသားထုတ်ယူနိုင်ပြီဖြစ်

CB ဘဏ်ခွဲအချို့တွင် တိုကင် ယူစရာမလိုတော့ပဲ ငွေသားထုတ်ယူနိုင်ပြီဖြစ်

CB ဘဏ်ခွဲအချို့တို့မှာ တိုကင်ကြိုတင်ရယူရန်မလိုဘဲ ငွေသားထုတ်နိုင်ရန် စတင်ဝန်ဆောင်မှုပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဘဏ်ခွဲအားလုံးမဟုတ်ပဲ ဘဏ်ခွဲအချို့တို့မှာ စတင်ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ထုတ်ပြန်ချက်မှာ ”CB Bank Customer များအနေဖြင့် Old Account များမှငွေသားထုတ်ယူရာတွင်ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် တိုကင်ကြိုတင်ရယူရန်မလိုအပ်ဘဲ

ငွေသားထုတ်ယူနိုင်ရန်နယ်ဘဏ်ခွဲအချို့၌စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ဘဏ်ခွဲများ ဆက်လက်တိုးချဲ့ဆောင်ရွက်ပေးသွားပါမည်။

ထို့ကြောင့်ဖော်ပြပါဘဏ်ခွဲများတွင် Individual Account ဖွင့်လှစ်ထားသော လူကြီးမင်းတို့သည် အဆိုပါဘဏ်ခွဲများတွင် တိုကင်မလိုဘဲ သတ်မှတ်ပမာဏအတိုင်းလွယ်ကူစွာငွေထုတ်ယူနိုင်မည်ဖြစ်ပါသည်။

ထို့ပြင်အခြားဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူ၍ ငွေသားထုတ်ယူခြင်းကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးလျက် ရှိပါသည်” ဆိုပြီး ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ တိုကင်ယူရန်မလိုပဲ ငွေစတင်ထုတ်ယူနိုင်တဲ့ ဘဏ်ခွဲတွေကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်းဘဏ်ခွဲ၊ ဓနုဖြူဘဏ်ခွဲ၊

ကျုံပျော်ဘဏ်ခွဲ၊ ငသိုင်းချောင်းဘဏ်ခွဲ နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူဘဏ်ခွဲ၊ တောင်ကုတ်ဘဏ်ခွဲ၊ ဂွဘဏ်ခွဲ တို့မှာ ငွေသားထုတ်ယူနိုင်ပြီလို့ သိရပါတယ်။

Zawgyi










About the author

admin

Add Comment

Click here to post a comment