Local News

CDM များ၏လှုပ်ရှားမှုကို ဖော်ထုတ်နေသော Non-CDMများ၏လုပ်ရပ်များ ရပ်တန်းကရပ်ရန် မုံရွာညီနောင်မဟာမိတ်(၉)ဖွဲ့သတိပေး

CDM များ၏လှုပ်ရှားမှုကို ဖော်ထုတ်နေသော Non-CDMများ၏လုပ်ရပ်များ ရပ်တန်းကရပ်ရန် မုံရွာညီနောင်မဟာမိတ်(၉)ဖွဲ့သတိပေး

အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် လုပ်ကိုင်လိုခြင်းမရှိသည့် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များ၏ လှုပ်ရှားမှုများကို လိုက်လံဖော် ထုတ်နေသောလုပ်ရပ်များကို ရပ်တန်းကရပ်ရန် Non-CDM များအား မုံရွာအခြေစိုက် တော်လှန်ရေးညီနောင်မဟာမိတ်(၉)ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၃)ထုတ်ပြန် သတိပေးလိုက်သည်။

CDM လှုပ်ရှားမှုတွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ ပြည်သူတို့၏ လုံခြုံရေးကို Non-CDMများက စစ်တပ်ထံသတင်းပေးခြင်း၊ CDM ဆက်မလုပ်ဘဲ အာဏာသိမ်းစစ်တပ်အောက် အလုပ်ပြန်လုပ်ကြရန်

နည်းအမျိုးမျိုးဖြင့် ဖိအားပေးနေခြင်းစသည့် Non-CDM များ၏လုပ်ရပ်ကို ရပ်တန်းကမရပ်ဘဲ ဆက် လက်ပြုလုပ်နေပါက ပေးသင့်ပေးထိုက်သောပြစ်ဒဏ်များ ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးကာလအစောပိုင်းကနေ ယနေ့အချိန်ထိ CDM ဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ အမှုဖွင့်အရေးယူခြင်း၊ ခြိမ်း ခြောက်သတိပေးခြင်း စသည့်လုပ်ရပ်များကို Non-CDMများနှင့် ၎င်း၏လက်ပါးစေများထံမှတဆင့်အချက်လက်စုစောင်းခြင်းများပြုလုပ်ကာ ကျူးလွန်နေ ခြင်းဖြစ်သည်။

“CDM မလုပ်နိုင်တဲ့သူတွေနဲ့ အရမ်းကြီးအပြစ်ပြောဖို့ မလုပ်ချင်ပေမယ့် ကျွန်တော်တို့လို CDM သမားတွေကို အန္တရာယ်ဖြစ်အောင် မလုပ်သင့်ဘူးလို့ပဲပြောချင်တယ်။ အခုလိုမျိုး ပြည်သူ့ကာကွယ်ရေးတပ်တွေက အခုလိုမျိုး ကြေညာတဲ့အဆင့်အထိရောက်အောင် သတိပေးခံရတာမျိုးက သူတို့မဖြစ်သင့်ပါဘူး”ဟု အစိုးရဌာနဆိုင်ရာ တစ်ခုမှ CDM ပြုလုပ်ထားသူ အမျိုးသားတစ်ဦးက ပြောသည်။

အထက်ပါသတိပေးတားမြစ်ချက်ကို Monywa NightKing၊Monywa Heroer Group၊ မုံရွာသံမဏိတပ်ဖွဲ့၊PDF-South Monywa၊Monywa The Boys၊ACF Monywa၊Red Code Revolutionary၊Monywa Phoenix Warrior နှင့် Monywa Ninjaတို့မှ ပူးပေါင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Zawgyi

CDM မ်ား၏လႈပ္႐ွားမႈကို ေဖာ္ထုတ္ေနေသာ Non-CDMမ်ား၏လုပ္ရပ္မ်ား ရပ္တန္းကရပ္ရန္ မုံ႐ြာညီေနာင္မဟာမိတ္(၉)ဖြဲ႕သတိေပး

အာဏာသိမ္းစစ္ေကာင္စီ၏လက္ေအာက္တြင္ လုပ္ကိုင္လိုျခင္းမ႐ွိသည့္ ျပည္သူ႕အာဏာဖီဆန္ေရးလႈပ္႐ွားမႈ (CDM)မ်ား၏ လႈပ္႐ွားမႈမ်ားကို လိုက္လံေဖာ္ ထုတ္ေနေသာလုပ္ရပ္မ်ားကို ရပ္တန္းကရပ္ရန္ Non-CDM မ်ားအား မုံ႐ြာအေျခစိုက္ ေတာ္လွန္ေရးညီေနာင္မဟာမိတ္(၉)ဖြဲ႕က ယေန႔(ဇန္နဝါရီ ၁၃)ထုတ္ျပန္ သတိေပးလိုက္သည္။

CDM လႈပ္႐ွားမႈတြင္ပါဝင္ေသာ ဌာနဆိုင္ရာအသီးသီးမွ ျပည္သူတို႔၏ လုံျခဳံေရးကို Non-CDMမ်ားက စစ္တပ္ထံသတင္းေပးျခင္း၊ CDM ဆက္မလုပ္ဘဲ အာဏာသိမ္းစစ္တပ္ေအာက္ အလုပ္ျပန္လုပ္ၾကရန္

နည္းအမ်ိဳးမ်ိဳးျဖင့္ ဖိအားေပးေနျခင္းစသည့္ Non-CDM မ်ား၏လုပ္ရပ္ကို ရပ္တန္းကမရပ္ဘဲ ဆက္ လက္ျပဳလုပ္ေနပါက ေပးသင့္ေပးထိုက္ေသာျပစ္ဒဏ္မ်ား ေပးသြားမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ေတာ္လွန္ေရးကာလအေစာပိုင္းကေန ယေန႔အခ်ိန္ထိ CDM ဝန္ထမ္းမ်ားအား ဖမ္းဆီးျခင္း၊ ရာထူးမွ ထုတ္ပယ္ျခင္း၊ အမႈဖြင့္အေရးယူျခင္း၊ ၿခိမ္း ေျခာက္သတိေပးျခင္း စသည့္လုပ္ရပ္မ်ားကို Non-CDMမ်ားႏွင့္ ၎၏လက္ပါးေစမ်ားထံမွတဆင့္အခ်က္လက္စုေစာင္းျခင္းမ်ားျပဳလုပ္ကာ က်ဴးလြန္ေန ျခင္းျဖစ္သည္။

“CDM မလုပ္ႏိုင္တဲ့သူေတြနဲ႔ အရမ္းႀကီးအျပစ္ေျပာဖို႔ မလုပ္ခ်င္ေပမယ့္ ကြၽန္ေတာ္တို႔လို CDM သမားေတြကို အႏၲရာယ္ျဖစ္ေအာင္ မလုပ္သင့္ဘူးလို႔ပဲေျပာခ်င္တယ္။ အခုလိုမ်ိဳး ျပည္သူ႕ကာကြယ္ေရးတပ္ေတြက အခုလိုမ်ိဳး ေၾကညာတဲ့အဆင့္အထိေရာက္ေအာင္ သတိေပးခံရတာမ်ိဳးက သူတို႔မျဖစ္သင့္ပါဘူး”ဟု အစိုးရဌာနဆိုင္ရာ တစ္ခုမွ CDM ျပဳလုပ္ထားသူ အမ်ိဳးသားတစ္ဦးက ေျပာသည္။

အထက္ပါသတိေပးတားျမစ္ခ်က္ကို Monywa NightKing၊Monywa Heroer Group၊ မုံ႐ြာသံမဏိတပ္ဖြဲ႕၊PDF-South Monywa၊Monywa The Boys၊ACF Monywa၊Red Code Revolutionary၊Monywa Phoenix Warrior ႏွင့္ Monywa Ninjaတို႔မွ ပူးေပါင္ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.