Local News

CDM ရဲတပ်ဖွဲ့၀င် ၅၀၀ကျော်အား တစ်ဦးလျှင် ကျပ်လေးသောင်းစီ ထောက်ပံ့

CDM ရဲတပ်ဖွဲ့၀င် ၅၀၀ကျော်အား တစ်ဦးလျှင် ကျပ်လေးသောင်းစီ ထောက်ပံ့

CDM ရဲတပ်ဖွဲ့၀င် ၅၀၀ကျော်အား တစ်ဦးလျှင် ကျပ်လေးသောင်းစီ ကူညီထောက်ပံ့ခဲ့ကြောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီက ယမန်နေ့ (ဇန်နဝါရီ ၁ရက်)တွင် ထုတ်ပြန်သည်။

အချက်အလက်ပြည့်စုံမှန်ကန်စွာတင်ပြလာသည့်တပ်ဖွဲ့ဝင်များအနက် ပထမဆုံးတင်ပြထားရှိသည့် CDM ရဲတပ်ဖွဲ့ဝင်များကို ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ကူညီထောက်ပံ့ရေးအစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူကယ်ပြန်ဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်အစီအစဉ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းကျပ် ၁၈၆ သိန်းကို လွှဲပြောင်းပေး ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“အထောက်အပံ့ စရတာတော့ အနည်းအကျဥ်း အသုံးစရိတ်ရတာပါပဲ။ သူတို့လည်း သိမှာပါ မလောက်ငှဘူး ဆိုတာ။ဒါပေမယ့် တစ်ယောက်ချင်းစီတိုင်း ကြည့်ဖို့ကြတော့လည်း အဆင်မပြေဘူးလေ။ တော်လှန်ရေး ကာလမှာတော့ ဆင်းရဲဒုက္ခကို မျှော်မှန်းထားတယ်။ ဒီလမ်းကို ဆုံးဖြတ်ထားတာပဲ”ဟု CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ရပ်တည်ပြီး CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များနှင့်ပူးပေါင်းတိုက်ပွဲများတွင် ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းအပါအဝင် ဖမ်းဆီးခြင်း ခံရသည့်ရဲတပ်ဖွဲ့ဝင်များလည်း ရှိခဲ့သည်။

ထို့အပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက် နိုင်ငံ့ဝန်ထမ်းနှင့်အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုကို တနိုင်တပိုင်ထောက်ပံ့သူများကြောင့် ဇွန်လပိုင်းအထိ အဆင်ပြေခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အခက်အခဲများစွာဖြင့် ရပ်တည်နေရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ခဲ့စဉ်။ (ဓာတ်ပုံ − Supplied)

Zawgyi

CDM ရဲတပ္ဖြဲ႕၀င္ ၅၀၀ေက်ာ္အား တစ္ဦးလွ်င္ က်ပ္ေလးေသာင္းစီ ေထာက္ပံ့

CDM ရဲတပ္ဖြဲ႕၀င္ ၅၀၀ေက်ာ္အား တစ္ဦးလွ်င္ က်ပ္ေလးေသာင္းစီ ကူညီေထာက္ပံ့ခဲ့ေၾကာင္း CDM ျပည္သူ႕ရဲတပ္ဖြဲ႕ယာယီအုပ္ခ်ဳပ္ေရးေကာ္မတီက ယမန္ေန႔ (ဇန္နဝါရီ ၁ရက္)တြင္ ထုတ္ျပန္သည္။

အခ်က္အလက္ျပည့္စုံမွန္ကန္စြာတင္ျပလာသည့္တပ္ဖြဲ႕ဝင္မ်ားအနက္ ပထမဆုံးတင္ျပထား႐ွိသည့္ CDM ရဲတပ္ဖြဲ႕ဝင္မ်ားကို ေထာက္ပံ့ခဲ့ျခင္းျဖစ္သည္။

ကူညီေထာက္ပံ့ေရးအစီအစဥ္ကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)၏ လူကယ္ျပန္ဝန္ႀကီးဌာနႏွင့္ ျပည္သူ႕ရင္ခြင္အစီအစဥ္တို႔က ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္းက်ပ္ ၁၈၆ သိန္းကို လႊဲေျပာင္းေပး ခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ပါ႐ွိသည္။

“အေထာက္အပံ့ စရတာေတာ့ အနည္းအက်ဥ္း အသုံးစရိတ္ရတာပါပဲ။ သူတို႔လည္း သိမွာပါ မေလာက္ငွဘူး ဆိုတာ။ဒါေပမယ့္ တစ္ေယာက္ခ်င္းစီတိုင္း ၾကည့္ဖို႔ၾကေတာ့လည္း အဆင္မေျပဘူးေလ။ ေတာ္လွန္ေရး ကာလမွာေတာ့ ဆင္းရဲဒုကၡကို ေမွ်ာ္မွန္းထားတယ္။ ဒီလမ္းကို ဆုံးျဖတ္ထားတာပဲ”ဟု CDM ရဲတပ္ဖြဲ႕ဝင္တစ္ဦးက လူထုေႏြဦးသို႔ ေျပာသည္။

ေႏြဦးေတာ္လွန္ေရးတြင္ ျပည္သူ႕ဘက္မွ ရပ္တည္ၿပီး CDM ျပဳလုပ္ခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအနက္ ျပည္သူ႕ ကာကြယ္ေရးတပ္ဖြဲ႕ မ်ားႏွင့္ပူးေပါင္းတိုက္ပြဲမ်ားတြင္ က်ဆုံးျခင္း၊ ဒဏ္ရာရ႐ွိျခင္းအပါအဝင္ ဖမ္းဆီးျခင္း ခံရသည့္ရဲတပ္ဖြဲ႕ဝင္မ်ားလည္း ႐ွိခဲ့သည္။

ထို႔အျပင္ စစ္အာဏာ႐ွင္ေတာ္လွန္ေရးအတြက္ ႏိုင္ငံ့ဝန္ထမ္းႏွင့္အစိုးရဝန္ထမ္းမ်ား CDM လႈပ္႐ွားမႈကို တႏိုင္တပိုင္ေထာက္ပံ့သူမ်ားေၾကာင့္ ဇြန္လပိုင္းအထိ အဆင္ေျပခဲ့ေသာ္လည္း ယခုေနာက္ပိုင္းတြင္ အခက္အခဲမ်ားစြာျဖင့္ ရပ္တည္ေနရသည္။

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီ ၁၀ ရက္က ျပည္နယ္ရဲတပ္ဖြဲ႕ဝင္မ်ား ဆႏၵျပျပည္သူလူထုႏွင့္အတူ ပူးေပါင္းပါဝင္ခဲ့စဥ္။ (ဓာတ္ပုံ − Supplied)

About the author

admin

Add Comment

Click here to post a comment