Local News

CDM ဝန်ထမ်းများအား ဖိအားပေးအလုပ်ထုတ်နေသည့် CB ဘဏ် ဗုံးထောင် သတိပေးခံရ

CDM ဝန်ထမ်းများအား ဖိအားပေးအလုပ်ထုတ်နေသည့် CB ဘဏ် ဗုံးထောင် သတိပေးခံရ

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် ဝန်ထမ်းများအား ဖိအားပေး အလုပ်မှ ထုတ်ပယ်ခြင်း များပြုလုပ်နေသည့် ရန်ကုန်မြို့ရှိ CB ဘဏ်ကို သတိပေးသည့်အနေဖြင့် ယနေ့(ဒီဇင်ဘာ ၂၃ ရက်)က ဗုံးထောင်သတိပေးခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့(B.F.R.A.F)က သတင်းထုတ်ပြန်သည်။

“CB Bank ရှိတာဝန်ရှိ လူကြီးများအား သတိပေးသည့်အနေဖြင့် ယနေ့ ၂၃ရက်နေ့တွင် ကျွန်ုပ်တို့ B.F.R.A.F အဖွဲ့သည် သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center ရှိ CB Bank အားမိုင်း ထောင်ခဲ့ပါသည်။

သတိပေးခြင်းဖြစ်သည့်အတွက် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေရန် ဖောက်ခွဲမှုကိုတော့ မလုပ်ဆောင်ခဲ့ပါ”ဟု B.F.R.A.F အဖွဲ့က သတင်းထုတ်ပြန်သည်။

CB ဘဏ်အနေဖြင့် CDM ပြုလုပ်သည့် ဘဏ်ဝန်ထမ်းများကို အလုပ်ခွင်သို့ပြန်လည်ဝင်ရောက်ရန် ဖိအားပေးခြင်း ၊ ခွင့်မဲ့ပျက်ကွက်သည့်အကြောင်းပြချက်ဖြင့် အလုပ်မှထုတ်ပယ်ခြင်း ၊ အလုပ်မှထုတ်ပယ်ရာတွင်လည်း တရားဝင် စာဖြင့်မဟုတ်ဘဲ ဖုန်းဖြင့်သာပြောဆိုခြင်း ၊

ဝန်ထမ်းချေးငွေယူထားသူများကို ငွေအကြေပေးရန်နှင့်မပေးပါက တရားစွဲဆိုမည်ဆိုသည့် သတိပေးစာများပို့ခြင်း စသည့်တို့ကို ဖိအားပေးလုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကို အားပေးထောက်ခံ သည့်သဘော ဖြစ်နေသောကြောင့် သတိပေးခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေပါက

CB ဘဏ်ရှိ သက်ဆိုင်ရာ လူကြီးများကို နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့ဘက်မှ လုပ်စရာရှိသည်များဆက်လက်လုပ်ဆောင်မည်ဟု B.F.R.A.F အဖွဲ့က ထပ်မံထုတ်ပြန်သည်။

People’s Spring

Zawgyi

CDM ဝန္ထမ္းမ်ားအား ဖိအားေပးအလုပ္ထုတ္ေနသည့္ CB ဘဏ္ ဗုံးေထာင္ သတိေပးခံရ

ျပည္သူ႕အာဏာဖီဆန္ေရးလႈပ္႐ွားမႈ (CDM) ျပဳလုပ္သည့္ ဝန္ထမ္းမ်ားအား ဖိအားေပး အလုပ္မွ ထုတ္ပယ္ျခင္း မ်ားျပဳလုပ္ေနသည့္ ရန္ကုန္ၿမိဳ႕႐ွိ CB ဘဏ္ကို သတိေပးသည့္အေနျဖင့္ ယေန႔(ဒီဇင္ဘာ ၂၃ ရက္)က ဗုံးေထာင္သတိေပးခဲ့ေၾကာင္း ဗမာ့ေနာက္ဆုံးေတာ္လွန္ေရးလက္နက္ကိုင္အဖြဲ႕(B.F.R.A.F)က သတင္းထုတ္ျပန္သည္။

“CB Bank ႐ွိတာဝန္႐ွိ လူႀကီးမ်ားအား သတိေပးသည့္အေနျဖင့္ ယေန႔ ၂၃ရက္ေန႔တြင္ ကြၽႏ္ုပ္တို႔ B.F.R.A.F အဖြဲ႕သည္ သိမ္ျဖဴလမ္းႏွင့္ မဟာဗႏၶဳလလမ္းေထာင့္႐ွိ Union Financial Center ႐ွိ CB Bank အားမိုင္း ေထာင္ခဲ့ပါသည္။

သတိေပးျခင္းျဖစ္သည့္အတြက္ မည္သည့္ တစ္ဦးတစ္ေယာက္ကိုမွ် မထိခိုက္ေစရန္ ေဖာက္ခြဲမႈကိုေတာ့ မလုပ္ေဆာင္ခဲ့ပါ”ဟု B.F.R.A.F အဖြဲ႕က သတင္းထုတ္ျပန္သည္။

CB ဘဏ္အေနျဖင့္ CDM ျပဳလုပ္သည့္ ဘဏ္ဝန္ထမ္းမ်ားကို အလုပ္ခြင္သို႔ျပန္လည္ဝင္ေရာက္ရန္ ဖိအားေပးျခင္း ၊ ခြင့္မဲ့ပ်က္ကြက္သည့္အေၾကာင္းျပခ်က္ျဖင့္ အလုပ္မွထုတ္ပယ္ျခင္း ၊ အလုပ္မွထုတ္ပယ္ရာတြင္လည္း တရားဝင္ စာျဖင့္မဟုတ္ဘဲ ဖုန္းျဖင့္သာေျပာဆိုျခင္း ၊

ဝန္ထမ္းေခ်းေငြယူထားသူမ်ားကို ေငြအေၾကေပးရန္ႏွင့္မေပးပါက တရားစြဲဆိုမည္ဆိုသည့္ သတိေပးစာမ်ားပို႔ျခင္း စသည့္တို႔ကို ဖိအားေပးလုပ္ေဆာင္ေနသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းသည္ အာဏာသိမ္းစစ္ေကာင္စီ၏ လုပ္ရပ္မ်ားကို အားေပးေထာက္ခံ သည့္သေဘာ ျဖစ္ေနေသာေၾကာင့္ သတိေပးျခင္းျဖစ္ၿပီး ဆက္လက္လုပ္ေဆာင္ေနပါက

CB ဘဏ္႐ွိ သက္ဆိုင္ရာ လူႀကီးမ်ားကို နာမည္ပ်က္စာရင္းသြင္းကာ ၎တို႔ဘက္မွ လုပ္စရာ႐ွိသည္မ်ားဆက္လက္လုပ္ေဆာင္မည္ဟု B.F.R.A.F အဖြဲ႕က ထပ္မံထုတ္ျပန္သည္။

People’s Spring