Local News

‘Coup’ မပါရင် ‘Couple’ မဖြစ်ပါ

‘Coup’ မပါရင် ‘Couple’ မဖြစ်ပါ

၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။

၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဟွန်ဆန်ဟာ ၁၉၉၇ ခုနှစ်မှာ ရွေးကောက်ခံ ကမ္ဘောဒီးယားညွန့်ပေါင်းအစိုးရအဖွဲ့ဝင် အတိုက်အခံတွေကို နှိမ်နင်းပြီး စစ်တပ်အင်အားနဲ့ အာဏာသိမ်းယူခဲ့သူပါ။

နိုင်ငံရေးလေ့လာသူ အများစုကတော့ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခတွေကို အာဆီယံက ဝင်ရောက်ဖြေရှင်းရာမှာ ကမ္ဘောဒီးယားအာဏာရှင် အဖြစ် ၃၆ နှစ်ကြာအုပ်ချုပ်လာသူက ဦးဆောင်မယ့်အပေါ် မေးခွန်းထုတ်နေကြပါတယ်။

RFA ကာတွန်းဆရာ Rebel Pepper က သူ့အမြင်ကို အခုလို သရုပ်ဖော် ရေးဆွဲထားပါတယ်။

Zawgyi





About the author

admin

Add Comment

Click here to post a comment