
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ရှိ ၁၅ ပေ ပတ်လည် အကျဉ်းတိုက်တွင်…see more
ရန်ကုန်၊ ဇွန် ၂၄
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ ၁၅ ပေ ပတ် လည် အကျဉ်းတိုက်တွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း တည် နေရာ နှင့် တကွ တပ်ဘက် သတင်းရင်းမြစ်က သတင်းပေးပို့သည်။
မကြာသေးမီက သတင်းဌာနချို့တွင် ပြန့်နှံ့ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ထားရှိ သည်ဆိုသော အဆောက်အအုံမှာ မှန်ကန်ခြင်းမရှိဘဲ
ယင်း အဆောက် အအုံထက်ပင် သေး ငယ်သော အကျဉ်းတိုက်တွင်သာ ဖမ်းဆီး ချုပ်နှောင် ထား ခြင်း ဖြစ်ကြောင်း၊ တစ်ဦးတည်းနေထိုင်ရပြီး ထောင်စည်းကမ်း များ အတိုင်း သာ နေထိုင်ရကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသော နေရာမှာ နေပြည်တော်အချုပ်ထောင်၊ အမျိုးသမီး အဆောင်၏ တောင်ဘက် ကပ်လျက်ရှိသော မြေကွက်လပ်တွင် တည် ဆောက်ထားသော
ခန့်မှန်းအကျယ် ၁၀ပေ×၁၅ပေရှိ( ၁၅ ပေပတ်လည်) RC အမျိုးအစား အကျဉ်းတိုက်ငယ်ဖြစ်ကြောင်း၊ အဆိုပါ အကျဉ်းတိုက် ငယ် ကို လည်း ပတ်ပတ်လည် အုတ်ရိုးနှင့် ခြံစည်းရိုး ထပ်မံကာရန်ထားကြောင်း သိရှိရ သည်။
အဆိုပါ RC အမျိုးအစား အကျဉ်းတိုက်မှာ မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာနက အမြန်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြပ်ကြည့်ရှုန် အကျဉ်းဦးစီးဌာနမှ အမျိုး သမီး ဝန်ထမ်းတချို့ထားရှိထားပြီး
ကျန်းမာရေးအတွက်မူ ဒေါ်အောင်ဆန်း စုကြည် အတွက် သီးခြားဆရာဝန်ဖြင့် နေ့စဉ် ကျန်းမာရေးစစ်ဆေးကြောင်း သိရှိရသည်။
ဓာတ်ပုံ- နေပြည်တော် အချုပ်ထောင်ဝင်းအတွင်းရှိ အနီရောင်ဝိုင်းထားပြီး
အမှတ်အသားပြထားသော အကျဉ်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ ဖမ်းဆီးချုပ်နှောင်ထားသည်။