Local News

Dr. A Nyein ဆိုတဲ့ မီးအိမ်ရှင်လား မီးပုံလား မသိတော့ဘူး မလုပ်သင့်တဲ့ ဒေါက်တာ အငြိမ်း အရှုပ်တော်ပုံ

Dr. A Nyein ဆိုတဲ့ မီးအိမ်ရှင်လား မီးပုံလား မသိတော့ဘူး မလုပ်သင့်တဲ့ ဒေါက်တာ အငြိမ်း အရှုပ်တော်ပုံ

လွန်ခဲ့တဲ့ရက်အနည်းငယ်မှစပြီးဒေါက်တာအငြိမ်းကိုအလှူငွေနဲ့ပတ်သက်ပြီးလိ.မ်ညာခဲ့တယ်လို့စွပ်စွဲပြောဆိုတာတွေရှိလားခဲ့ပါတယ်။

ထိုစွပ်စွဲချက်တွေဟာ အလိမ်အညာသပ်သပ်သာ မဟုတ်ဘဲ အမှန်တွေဆိုတာ ပြည်သူတစ်ဦးကဖော်ထုတ်လာခဲ့ပါတယ်။

ထိုအလှူအငွေနဲ့ပတ်သတ်ပြီးတော့လည်း KNDF သည် ဒေါက်တာအငြိမ်းထံမှတစ်ဆင့် HealtheWorld အဖွဲ့ထံ ထောက်ပံ့ငွေများနှစ်ကြိမ်တိတိ လက်ခံခဲ့သည်ဖြစ်ကြောင်းကို KNDF မှလည်း ကြေငြာခဲ့ဖူးပါတယ်။

ထိုကြေငြာချက်တွေက အလိမ်အညာတွေဖြစ်တယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။

KNUတပ်မဟာ၂နဲ့ တပ်မဟာရက တပ်သားတွေလဲပြောတယ်။ အငြိမ်းလှူတယ်လို့ပြောခဲ့တာတွေ တကယ်မရဘူး။

အငြိမ်းကတော်လှန်ရေးမှာ အဖျက်သက်သက်ဝင်လာတာ။ အငြိမ်းက သူ့ကိုလှူတဲ့ထဲက ၂၀-၂၅%လောက်ပဲပြန်လှူခဲ့တာဖြစ်ပြီး ပြန်လှူတဲ့အထဲမှာCDFကိုလုံးဝမလှူဘူးလို့သိရပါတယ်။

ချင်းပြည်နယ်ကို ထိုးစစ်ဆင်ဖို့၉ရက်နေ့ကမှ ညွှန်ကြားချက်ထွက်တာဖြစ်ပြီး ၆ ရက်နေ့မှာပဲ အငြိမ်းက သူအပ်ထားတဲ့ ရွှေတုံးကို လူလွှတ်ယူခိုင်းတယ်။ ၁ဝရက်နေ့မှာမန္တလေးကနေ ကယားဘက်ကိုသွားတယ်လို့ကြားတယ်။

အငြိမ်းကဒလန်ပဲ။ HealtheWorld ဂရုထဲမှာရှိနေတဲ့သူတွေလဲ လိပ်ပြာလုံနိုင်ကြပါစေ” အငြိမ်းကို ငါစဖော်တော့ငါနဲ့ သိတဲ့စရဖက ချက်ချင်းလှမ်းပြောတယ်။ အခုလုပ်နေတာကို ဆက်လုပ်မယ်ဆို သတိထားပါ။

ဘယ်သူမှ သိပ်မသိတဲ့နေရာရွှေ့ပါပြောလို့ … အကောင့်ကျတယ်ဆိုပြီးနေရာရွှေ့တာ။

နောက်၂ရက်နေတော့ ငါ့ကိုအသည်းအသန်ရှာတဲ့ သတင်းကြားရတာပဲ။

နယ်အိမ်လဲစောင့်ကြည့်ခံရတာပဲ။ KBZPayအကောင့်တောင် Telegramမှာ ၃လကျော်ကတည်းက တင်ထားတာကို Factsto Thinkpageမှာ ပြန်တင်ပြီးနောက်ရက် freeze လုပ်ခံရတာပဲ။

NUG အတွင်းစည်းမရောက်အောင် တားနိုင်ခဲ့တာကိုပဲကျေနပ်မိ”လို့ပြောထားတာဖြစ်ပါတယ်။ ဒေါက်တာအငြိမ်းဟာ အလှူငွေနဲ့ပတ်သတ်ပြီးတော့လည်းတိကျတဲ့အဖြေကို ပြည်သူတွေကိုချပြနိုင်ချင်လည်းမရှိခဲ့ပါဘူး။

စာဖတ်သူပရိတ်သတ်များလည်း မီးအိမ်ရှင်မလေးအငြိမ်းဟာ နောက်ဆုံးတော့ ပြည်သူတွေကို သစ.္စာဖောက်ခဲ့ပြီးလားဆိုတာ ခုဆိုရင်သိလောက်ပြီးထင်ပါတယ်။

မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပြီး ဖတ်​ရှု့​ပေးကြတဲ့မြန်မာပြည်သူ/သားများအားလုံး စစ်အာဏာရှင်လက်အောက်က​နေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်း​ပေးလိုက်ရပါတယ်။

Credit SAI