Local News

DVB ၊ BBC ၊ VOA သတင်းများ မကြည့်ရန် စစ်ကောင်စီဝန်ကြီး တားမြစ်

DVB ၊ BBC ၊ VOA သတင်းများ မကြည့်ရန် စစ်ကောင်စီဝန်ကြီး တားမြစ်

စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင်ပြည်နယ်၊ ပူတာအို ခရီးစဉ်အတွင်း DVB၊ BBC နဲ့ VOA သတင်းတွေ မကြည့်ဖို့ ဒေသခံတွေကို တားမြစ်စည်းရုံးခဲ့တယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၃ ရက်က ရောက်ရှိလာတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သူ့ရဲ့ ပူတာအိုခရီးစဉ်မှာ နောင်မွန်၊ မချမ်းဘော့၊ ခေါင်လန်ဖူးနဲ့ ပန်နန်းဒင်မြို့တွေမှာ နေထိုင်တဲ့ ဒေသခံတွေကို ပြောခဲ့တာပါ။

စစ်ကောင်စီဝန်ကြီးဟာ တစ်မြို့ပြီး တမြို့လှည့်လည်သွားလာခဲ့ပြီး ရောက်တဲ့နေရာတိုင်းမှာ DVB၊ BBC၊ VOA၊ စတဲ့သတင်း ဌာန‌တွေဟာ သတင်းအမှောင်ချ ဝါဒဖြန့် သတင်းအမှားတွေကိုသာ ထုတ်လွှင့်‌နေလို့ မယုံကြည် ကြဖို့ အထူးမှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ပူတာအို၊ မချမ်းဘော့၊ မဂွေဇ၊ နောင်မွန်၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်တို့မှာရှိတဲ့ လမ်းတံတားတွေကို စစ်ဆေးပြီးတော့ ရပ်မိရပ်ဖတွေ ဌာနေပြည်သူ့စစ်တွေနဲ့ တွေ့ဆုံခဲ့ကာ ပြည်သူ့စစ်သင်တန်းသားတွေကိုလည်း အားပေးစကား ပြောခဲ့တယ်လို့‌ ၄၆ တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပူတာအိုမြို့ကို သွားဖို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ ရာသီဥတု အေးတာကို အကြောင်းပြပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာ ၂ ကြိမ်ရှိခဲ့ပြီး သူ့ကိုယ်စား နယ်လုံဝန်ကြီးကို စေလွှတ်ခဲ့တယ်လို့ သိရ ပါတယ်။

DVB

Zawgyi

DVB ၊ BBC ၊ VOA သတင္းမ်ား မၾကည့္ရန္ စစ္ေကာင္စီဝန္ႀကီး တားျမစ္

စစ္ေကာင္စီရဲ႕ နယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ကခ်င္ျပည္နယ္၊ ပူတာအို ခရီးစဥ္အတြင္း DVB၊ BBC နဲ႕ VOA သတင္းေတြ မၾကည့္ဖို႔ ေဒသခံေတြကို တားျမစ္စည္း႐ုံးခဲ့တယ္လို႔ ပူတာအို ေဒသခံတစ္ဦးက ေျပာပါတယ္။

ေအာက္တိုဘာ ၃ ရက္က ေရာက္ရွိလာတဲ့ ဒုဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က သူ႕ရဲ႕ ပူတာအိုခရီးစဥ္မွာ ေနာင္မြန္၊ မခ်မ္းေဘာ့၊ ေခါင္လန္ဖူးနဲ႕ ပန္နန္းဒင္ၿမိဳ႕ေတြမွာ ေနထိုင္တဲ့ ေဒသခံေတြကို ေျပာခဲ့တာပါ။

စစ္ေကာင္စီဝန္ႀကီးဟာ တစ္ၿမိဳ႕ၿပီး တၿမိဳ႕လွည့္လည္သြားလာခဲ့ၿပီး ေရာက္တဲ့ေနရာတိုင္းမွာ DVB၊ BBC၊ VOA၊ စတဲ့သတင္း ဌာနေတြဟာ သတင္းအေမွာင္ခ် ဝါဒျဖန႔္ သတင္းအမွားေတြကိုသာ ထုတ္လႊင့္ေနလို႔ မယုံၾကည္ ၾကဖို႔ အထူးမွာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ပူတာအို၊ မခ်မ္းေဘာ့၊ မေဂြဇ၊ ေနာင္မြန္၊ ေခါင္လန္ဖူး၊ ပန္နန္းဒင္တို႔မွာရွိတဲ့ လမ္းတံတားေတြကို စစ္ေဆးၿပီးေတာ့ ရပ္မိရပ္ဖေတြ ဌာေနျပည္သူ႕စစ္ေတြနဲ႕ ေတြ႕ဆုံခဲ့ကာ ျပည္သူ႕စစ္သင္တန္းသားေတြကိုလည္း အားေပးစကား ေျပာခဲ့တယ္လို႔ ၄၆ တပ္ရင္းနဲ႕ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

ပူတာအိုၿမိဳ႕ကို သြားဖို႔ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ဟာ အႀကိမ္ႀကိမ္ ႀကိဳးပမ္းခဲ့ေပမဲ့ ရာသီဥတု ေအးတာကို အေၾကာင္းျပၿပီး ခရီးစဥ္ကို ဖ်က္သိမ္းခဲ့တာ ၂ ႀကိမ္ရွိခဲ့ၿပီး သူ႕ကိုယ္စား နယ္လုံဝန္ႀကီးကို ေစလႊတ္ခဲ့တယ္လို႔ သိရ ပါတယ္။

DVB