Local News

Facebook က “Embrace The Metaverse” လို့ဘာလို့ပြောင်းမှာလဲ (Metaverseဆိုတာဘာလဲ)

Facebook က “Embrace The Metaverse” လို့ဘာလို့ပြောင်းမှာလဲ (Metaverseဆိုတာဘာလဲ)

Mark Zuckerberg ဟာ မကြာခင်မှာပဲ Facebook ကို
“Embrace The Metaverse” လို့ နာမည်ပြောင်းတော့မှာဖြစ်ပါတယ်…

ဒီလောက်လူသုံးများတဲ့ No.1 Social Media ဖြစ်နေတာ ဘာလို့နာမည်ထပြောင်းလဲမေးစရာရှိပေမယ့်၊ Facebook ကို Metaverse တစ်ခုအသွင်ပြောင်းဖို့က Zuckerberg ရဲ့ အကြာကြီးမက်ခဲ့တဲ့ အိမ်မက်တစ်ခုဖြစ်ပါတယ်…

ကမ္ဘာပေါ်မှာ နည်းပညာတွေဟာ ပေါ်လာလိုက်ပျောက်သွားလိုက်အမြဲဖြစ်နေကျမို့ Survival of the Fittest ပါပဲ။ နည်းပညာအသစ် ကမ္ဘာအသစ်နောက်ကို အမြန်လိုက်ပြောင်းလဲနိုင်သူသာ ရှင်သန်ကျန်ခဲ့မှာပါ။ Friendster တို့ MySpace တို့ခေတ်ကိုမှီလိုက်သူတွေ သိပါတယ်။

Metaverse ဆိုတာကတော့ Maximalist version of Facebook ပါ။ တစ်နည်းပြောရရင်တော့ Virtual World တစ်ခုပေါ့။ ထပ်ရှင်းအောင် မြင်အောင်ပြောရရင် “Ready Player One” ရုပ်ရှင်ထဲက OASIS ကမ္ဘာကြီးပါပဲ။ အဲ့ရုပ်ရှင်ထဲကလိုပဲ OASIS ထဲမှာ Player တစ်ယောက်ဟာ လုပ်ချင်တာမှန်သမျှအကုန်လုပ်နိုင် ဖြစ်နိုင်ပါတယ်။

(ရုပ်ရှင်ထဲမှာတော့ Game ဆော့တာကိုပဲဦးစားပေးမြင်ရပေမယ့် တကယ့် OASIS ဟာ Complete Metaverse တစ်ခုပါ)

လက်ရှိအခြေအနေမှာတော့ Facebook Metaverse ဟာ 3D မဟုတ်သေးဘဲ 2D ပဲရှိဦးမှာပေါ့။ ဒါပေမယ့်လည်း အားလုံးသိတဲ့အတိုင်း Zuckerberg ဟာ 3D VR Headset တွေကို အားစိုက်ထုတ်နေတာ ခုအတော်ခရီးရောက်နေပါပြီ။ ဒါကြောင့် သူ့ 3D Metaverse Vision ဟာ သိပ်ကိုရှင်းပါတယ်။

ဒါဆိုခု Facebook က Metaverse ဖြစ်နေပြီလားဆိုတော့ မဖြစ်သေးပါဘူး၊ ဖြစ်လာဖို့ပြင်ဆင်နေတာပါ။ ဒါကြောင့်လည်း နာမည်ကို “Embrace the Metaverse” လို့ပေးတာဖြစ်နိုင်ပါတယ်။

Facebook ဟာ လက်ရှိမှာ Metaverse မဖြစ်သေးပေမယ့် Mega-App or Mega-Platform တစ်ခုတော့ဖြစ်နေပါပြီ။ Mega-App ဆိုတာက အခြား Apps တွေသုံးစရာမလိုတော့ဘဲ App တစ်ခုတည်းမှာ အလုပ်အတော်များများလုပ်နိုင်တာကိုဆိုလိုတာပါ။

ခုဆို Link တွေဖွင့်ဖို့ Browser မလိုတော့ဘဲ Facebook အတွင်းမှာဖွင့်နိုင်တာ၊ Chat, Video Call တွေအတွက် Messenger, အလုပ်အတွက် WhatsApp, ဈေးရောင်းဖို့ Marketplace, ဆိုင်ဖွင့်ဖို့ Page, Gaming အတွက် Facebook Gaming, Community တွေအတွက် Group စတာတွေက Metaverse တစ်ခုအတွက် အခြေခံအဆောက်အအုံတွေပါပဲ။

Complete Metaverse တစ်ခုဟာ မိုးလင်းအိပ်ယာထတာကနေ မိုးချုပ်အိပ်ယာဝင်တာထိ ထိုင်ရာကမထ လုပ်ငန်းမှန်သမျှ Metaverse ထဲမှာပဲ အကုန်လုပ်နိုင်တဲ့အထိ Real Life Synchronization ရှိရမယ်၊ Fully Functioning Economy & Currency ရှိရမယ်၊

နောက်ပြီးအရေးအကြီးဆုံးက Cross Platform Interoperability လို့ခေါ်တဲ့ Data, Information, Items, Assets တွေကို Platform မျိုးစုံကနေ လွှဲပြောင်းနိုင်ရမယ်။ ဥပမာ… Fortnite ထဲက Avatar Skin ကို Valorant ထဲမှာသုံးလို့ရသလိုမျိုး၊ Real Life က EDM ပွဲကိုမသွားတော့ဘဲ ကိုယ့်အိပ်ခန်းထဲမှာပဲ VR Headset တပ်ပြီးကဲဖို့ အပြင်ကဝယ်ထားတဲ့ Ticket ကို Metaverse မှာပြန်သုံးလို့ရသလိုမျိုးပေါ့။

ကုန်ကုန်ပြောရရင် Corporate Staff တစ်ယောက် အလုပ်သွားစရာမလိုတော့ဘဲ Metaverse ထဲမှာပဲ ရုံးတက်အလုပ်ထိုင်လုပ်နိုင်တဲ့အထိဖြစ်ပါတယ်။

ဒါဟာတွေးကြည့်ရင်တော့ အတော်ရှုပ်ထွေးပြီး အဝေးကြီးဆက်သွားရမဲ့ ခရီးတစ်ခုပါ။ ဒါပေမယ့် Zuckerberg က တကယ်ကြီးကို Metaverse တစ်ခုဆောက်ဖို့ ပြင်နေတယ်ဆိုတာ အသေအချာမို့၊ ကျနော်တို့ရဲ့ Future Internet Social Life ဟာ သိပ်ရင်ခုန်ဖို့ကောင်းပါတယ်။

နိုင်ငံအသီးသီးက အစိုးရတွေကလည်း Metaverse တစ်ခုဖြစ်လာပြီး အရာရာထိန်းမနိုင်သိမ်းမရတွေဖြစ်ကုန်မှာကြောက်လို့ Facebook ကို အဖက်ဖက်က ဖိအားပေးနေဦးမှာပါ။

Credit YeKyaw