ICJ က စစ်ကောင်စီကို ဆင့်ခေါ် တရားရင်ဆိုင်စေခြင်းကို ဇော်မင်းထွန်းက အစိုးရ အဖြစ် အသိအမှတ်ပြုဟု ဇွတ်အတင်း…see more

ICJ က စစ်ကောင်စီကို ဆင့်ခေါ် တရားရင်ဆိုင်စေခြင်းကို ဇော်မင်းထွန်းက အစိုးရ အဖြစ် အသိအမှတ်ပြုဟု ဇွတ်အတင်း…see more

အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံး ICJ က မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲမှု အတွက် တရားရင်ဆိုင်ရန် အကြမ်း ဖက်စစ်ကောင်စီကို ဆင့်ခေါ်တရားရင်ဆိုင်စေခြင်းသည် အစိုးရ အဖြစ် အသိအမှတ် ပြုခြင်းမဟုတ်ကြောင်း

တရားဝင် အသိပေး ကြေညာထုတ်ပြန်ပြောဆိုခဲ့သော်လည်း စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ICJ အနေဖြင့် ၎င်းတို့ကို အစိုးရအဖြစ် အသိ အမှတ် ပြုသည်ဟု ဇွတ်အတင်းပြောဆိုလျက်ရှိသည်။

ICJ က အကြမ်းဖက်စစ်ကောင်စီ၏ အမှုနှင့်သက် ဆိုင်သော ကန့်ကွက်ချက် ၄ ချက်ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် လုံး၀ ပယ်ချပြီး ဆက်လက် တရားရင်ဆိုင်ရန် အမိန့်ချမှုအပေါ် တုံ့ပြန်ပြောဆိုစဉ် စစ်​ကောင်စီ ပြောခွင့်ရ ဇော်မဲထွန်းက ICJ က ၎င်းတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုသည်ဟု ထပ်တလဲလဲပြောဆိုနေခြင်းဖြစ်သည်။

“ICJ အ နေနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ကိုယ်စားလှယ်တွေကို လက်ခံ ဆောင်ရွက်ခဲ့ခြင်းဟာ တရားဥပဒေအရ မြန်မာ နိုင်ငံအစိုးရရဲ့ ရပ်တည်ချက်ကို အသိ အမှတ် ပြုတယ်လို့ ယူဆပါတယ်” ဟု စစ်ကောင်စီ ဇော်မင်းထွန်းက ပြောဆိုသည်။

သို့ရာတွင် စစ်ကောင်စီဘက်မှ ကိုကိုလှိုင်ဦးဆောင်သော အဖွဲ့ ICJ ရုံး တရားရုံးတွင် စတင် တရားရင်ဆိုင်သော ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ICJ ဥက္ကဋ္ဌ တရားသူကြီး Donoghue က အမှု လာရောက် တရားရင်ဆိုင်ရန် ဆင့်ခေါ်ခြင်းသည် အစိုးရ အဖြစ် အသိအမှတ်ပြုမှုနှင့် မဆိုင်ကြောင်း၊ အမှုလာရောက် ရင်ဆိုင်များသူကို အစိုးရအဖြစ် တရားဝင် အသိ အမှတ်ပြုခြင်းမဟုတ်ကြောင်း တရားရုံး ပြန်လည် စတင်သည့် အဖွင့် မိန့်ခွန်း တွင် ထည့်သွင်းပြောဆိုခဲ့သည်။

“တရားရုံးအစီအစဉ်တွေကို မပြောခင်မှာ လေးလေးနက်နက်ပြောချင်တာကတော့ တရားရုံးရှေ့မှာ လာရောက်အမှု ရင်ဆိုင် တင်ပြကြတာက နိုင်ငံတွေဖြစ်ပါတယ်။ အစိုးရတွေ မဟုတ်ပါဘူး။ တရားရုံးရဲ့ တရားစီရင်မှုနဲ့ အမိန့်တွေက အမှုနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေအပေါ်မှာ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ICJ တရားရုံး ဥက္ကဋ္ဌ တရားသူကြီး Donoghue က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တရားရုံး ပြန်လည် စတင်ချိန်တွင် ပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းသည် ICJ အမှု ရင်ဆိုင်မှု အပေါ် ကြံဖန် လိမ်လည် ဝါဒဖြန့်သည့်အနေဖြင့် ၎င်းတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုသည်ဟု ပြောဆိုနေခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂက အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ ၏ သံတမန်မှာ NUG ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဖြစ်ကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေးညွန်ပေါင်းအဖွဲ့မှ တွဲဖက်တည်ထောင်သူ ရိုနေဆန်းလွင်က ပြောသည်။

“အာဏာသိမ်းထားတဲ့ စစ်အုပ်စုကို ကုလသမဂ္ဂက အသိအမှတ်မပြုသလို၊ နိုင်ငံအားလုံးနီးပါးက အသိအမှတ်မပြုတဲ့အတွက် ICJ က ဘယ်သူတွေကို ကိုယ်စားလှယ်အဖြစ် ခေါ်မလဲဆိုတာ ကျွန်တော်တို့အားလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့တယ်။ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သူသာလျှင် မြန်မာနိုင်ငံရဲ့ အေးဂျင့် ဖြစ်ကြောင်း၊ ကနဦးကန့်ကွက်တာကိုလည်း ရုတ်သိမ်းကြောင်း၊ တရားရုံးစီရင်တာကို လက်ခံဖို့ အသင့်ရှိကြောင်း တရားရုံးကို အကြောင်းကြားခဲ့ပေမယ့်လည်း တရားရုံးက လုပ်ရိုးလုပ်စဥ်အတိုင်း နယ်သာလန်မှာ မြန်မာသံရုံးမရှိတဲ့အတွက် ဘယ်လ်ဂျီယံမှာရှိတဲ့ မြန်မာသံရုံးက တဆင့် တရားရုံးတက်ဖို့ ဆင့်ခေါ်ခဲ့တယ်။

ဘယ်လ်ဂျီယံမှာရှိတဲ့ တရားရုံးက စစ်အုပ်စုရဲ့ အမိန့်ကို နာခံနေတဲ့အတွက် ဆင့်ခေါ်စာက စစ်အုပ်စုရှိတဲ့ နေပြည်တော်ရောက်ပြီး၊ အဲဒီကနေ စစ်အုပ်စုခန့် အေးဂျင့်သစ် ကိုကိုလှိုင်တို့ အုပ်စု သည်ဟိတ်က ICJ တရားရုံးကို ရောက်လာတယ်။ တရားသူကြီးအဖွဲ့က စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေမှန်း သိတာကြောင့် ယခင်ကြားနာပွဲတွေမှာ မပြောခဲ့တာတစ်ခုကို ထည့်သွင်းပြီး ရှင်းလင်းခဲ့တယ်။ အဲဒါကတော့ အမှုနဲ့သက်ဆိုင်ပြီး အငြင်းပွားကြမယ့် အုပ်စုများက နိုင်ငံတွေသာဖြစ်ပြီး၊ အစိုးရတွေမဟုတ်တဲ့ အကြောင်းပါ။

ဒါမျိုးကို အရင်ကြားနာပွဲတွေမှာ ထည့်သွင်းပြောခဲ့တာ မရှိဘူး။ အဲဒီတုန်းက သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဘယ်အစိုးရက ဘယ်သူတွေတက်တယ်ဆိုတဲ့ စာရင်းမှာ “မြန်မာအစိုးရကို ကိုယ်စားပြုသူများ” လို့ သုံးနှုန်းခဲ့ပေမယ့် အခုဆုံးဖြတ်ချက်ချတဲ့အခါမှာတော့ “မြန်မာနိုင်ငံကို ကိုယ်စားပြုသူများ” သာ သုံးနှုန်းထားတယ်။ ဒီတစ်ကြိမ်မှာ “အစိုးရ” ဆိုတာကို မသုံးနှုန်းတော့ဘူး။ တရားရုံးက “အစိုးရ” ဆိုတဲ့အသုံးအနှုန်းအပေါ် အတော်လေးကို သတိထားလာတာ တွေ့ရတယ်။

ဒီအမှုမှာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ သံရုံးကနေတဆင့်သွားတာကြောင့် စစ်အုပ်စု တရားရုံးတက်ခွင့်ရတယ်။ ဒါပေမယ့် တရားရုံးက အစိုးရအဖြစ် အသိအမှတ်မပြုကြောင်းကို တစ်နည်းတစ်ဖုံ သွယ်ဝိုက်ပြီး အသိပေးထားတယ်။ သေချာအောင် အခုတစ်ကြိမ်မှာ အသုံးအနှုန်းကိုပါ ပြင်ပလိုက်တယ်။ စစ်အုပ်စုဘက်မှာလည်း အကြံဉာဏ်ပေးသူတွေ အများကြီးရှိပါတယ်။ သူတို့လည်း သိပါတယ်။ ICJ လို ကုလသမဂ္ဂတရားရုံး – ကမ္ဘာ့တရားရုံးက သူတို့ကို “အစိုးရ” အဖြစ် အသိအမှတ်ပြုတယ်ဆိုပြီး လိမ်ညာ ဝါဒဖြန့်နေခြင်းသာ ဖြစ်ပါတယ်”ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန်ပေါင်းအဖွဲ့မှ တွဲဖက်တည်ထောင်သူ ရိုနေဆန်းလွင်က ပြောဆိုသည်။

Khit Thit

Leave a Reply

Your email address will not be published.