Local News

“ICJ မြန်မာအမှု ဗြိတိန်ပါဝင်ဖို့ Burma Campaign UK တောင်းဆို”

“ICJ မြန်မာအမှု ဗြိတိန်ပါဝင်ဖို့ Burma Campaign UK တောင်းဆို”

အပြည်ပြည်ဆိုင်ရာ တရားရုံးမှာတင်ထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ကြောင်း ကြေ ညာဖို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကို Burma Campaign UK အဖွဲ့ဝင်များက တောင်းဆိုလိုက်ကြပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Liz Truss ဆီကို အဖွဲ့ဝင် ၆၆၀ က ဒီကနေ့ စာ ပေးပို့လိုက်ကြတာပါ။

ယခင် နိုင်ငံခြားရေး ဝန်ကြီး Dominic Raabကတော့ အဲဒီလို ပူးပေါင်းဖို့ ငြင်းဆိုခဲ့ပါတယ်။

အဲဒီ အချက်အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ကောင်စီကို တင်ဖို့ အတွက် လုံခြုံရေး ကောင်စီမှာ ဗြိတိန်နိုင်ငံက ကမကထပြု အဆိုတင်သွင်းဖို့လည်း တိုက်တွန်းထားပါသေးတယ်။

ဒီ အဆိုအပေါ် ရုရှား၊ တရုတ်တို့က ဗီတိုအာဏာသုံးနိုင် ‌ပေမဲ့ စစ်တပ်ဟာ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံရမယ်ဆိုတာကို မူအားဖြင့် ပြသရာရောက်မယ်လို့ Burma Campaign UK အဖွဲ့က ယူဆပါတယ်။ဒီလိုတောင်းဆိုခဲ့တာ ကိုလည်း ‌ဗြိတိန်အစိုးရ က ငြင်းဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ အပေါ်မှတ်တမ်းတင်နိုင်ရေးအတွက် ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေကို ရံပုံငွေ ထောက်ပံ့ဖို့လည်း Burma Campaign UK အဖွဲ့ က တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို သီးခြား လွတ်လပ်စွာ စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂအဖွဲ့ IIMM နဲ့ Myanmar Witness အဖွဲ့တွေကိုတော့ ဗြိတိန် အစိုးရက ရံပုံငွေ ထောက်ပံ့ပေမဲ့ ဒေသခံ လူ့အခွင့် အရေး အဖွဲ့တွေကိုတော့ ထောက်ပံ့တာ နည်းပါးလွန်းလှပါတယ်။

Zawgyi

“ICJ ျမန္မာအမႈ ၿဗိတိန္ပါဝင္ဖို႔ Burma Campaign UK ေတာင္းဆို”

အျပည္ျပည္ဆိုင္ရာ တရား႐ုံးမွာတင္ထားတဲ့ ႐ိုဟင္ဂ်ာ လူမ်ိဳးတုံး သတ္ျဖတ္မႈမွာ ပူးေပါင္းပါဝင္ေၾကာင္း ေၾက ညာဖို႔ ၿဗိတိန္ ႏိုင္ငံျခားေရး ဝန္ႀကီးကို Burma Campaign UK အဖြဲ႕ဝင္မ်ားက ေတာင္းဆိုလိုက္ၾကပါတယ္။

ႏိုင္ငံျခားေရး ဝန္ႀကီး Liz Truss ဆီကို အဖြဲ႕ဝင္ ၆၆၀ က ဒီကေန႔ စာ ေပးပို႔လိုက္ၾကတာပါ။

ယခင္ ႏိုင္ငံျခားေရး ဝန္ႀကီး Dominic Raabကေတာ့ အဲဒီလို ပူးေပါင္းဖို႔ ျငင္းဆိုခဲ့ပါတယ္။

အဲဒီ အခ်က္အျပင္ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈခုံ႐ုံး ICC မွာ စစ္ေကာင္စီကို တင္ဖို႔ အတြက္ လုံျခဳံေရး ေကာင္စီမွာ ၿဗိတိန္ႏိုင္ငံက ကမကထျပဳ အဆိုတင္သြင္းဖို႔လည္း တိုက္တြန္းထားပါေသးတယ္။

ဒီ အဆိုအေပၚ ႐ု႐ွား၊ တ႐ုတ္တို႔က ဗီတိုအာဏာသုံးႏိုင္ ‌ေပမဲ့ စစ္တပ္ဟာ သူ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြအတြက္ တာဝန္ခံရမယ္ဆိုတာကို မူအားျဖင့္ ျပသရာေရာက္မယ္လို႔ Burma Campaign UK အဖြဲ႕က ယူဆပါတယ္။ဒီလိုေတာင္းဆိုခဲ့တာ ကိုလည္း ‌ၿဗိတိန္အစိုးရ က ျငင္းဆိုခဲ့ဖူးပါတယ္။

ဒါ့အျပင္ လူ႕အခြင့္အေရး ခ်ိဳးေဖာက္ေနတာေတြ အေပၚမွတ္တမ္းတင္ႏိုင္ေရးအတြက္ ေဒသခံ လူ႕အခြင့္အေရး လႈပ္႐ွားမႈ အဖြဲ႕အစည္းေတြကို ရံပုံေငြ ေထာက္ပံ့ဖို႔လည္း Burma Campaign UK အဖြဲ႕ က တိုက္တြန္းလိုက္ပါတယ္။

လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈ အေထာက္အထားေတြကို သီးျခား လြတ္လပ္စြာ စုံစမ္းစစ္ေဆးေနတဲ့ ကုလသမဂၢအဖြဲ႕ IIMM နဲ႔ Myanmar Witness အဖြဲ႕ေတြကိုေတာ့ ၿဗိတိန္ အစိုးရက ရံပုံေငြ ေထာက္ပံ့ေပမဲ့ ေဒသခံ လူ႕အခြင့္ အေရး အဖြဲ႕ေတြကိုေတာ့ ေထာက္ပံ့တာ နည္းပါးလြန္းလွပါတယ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.