Local News

“KNDF နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြော”

“KNDF နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြော”

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ အမျိုး သားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ စစ်ဆင်ရေးနဲ့ နိုင်ငံရေးကိစ္စတွေမှာ စဉ်ဆက်မပြတ် ပူး ပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

KNDF ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP)လက်အောက်ခံ ကရင်နီတပ်မတော် (KA) နဲ့ အတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော် လှန်ရေးမှာ တပ်ဦးကနေ တွန်းလှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တဲ့အပြင်၊

စနစ်ကျတဲ့ ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာတဲ့ မူဝါဒတွေနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ ကြီးကြပ်မှု အောက်မှာ ရပ်တည်နေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။

ဒါ့အပြင် KNDF ဟာ ဒေသအတွင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့ကြောင့် KNDF ကို ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) က အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း အဲ့ဒီကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး KNDF အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

Photo- ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။

Zawgyi

“KNDF နဲ႔ စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီးေျပာ”

ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) နဲ႔ အမ်ိဳး သားညီၫြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနတို႔ဟာ စစ္ဆင္ေရးနဲ႔ ႏိုင္ငံေရးကိစၥေတြမွာ စဥ္ဆက္မျပတ္ ပူး ေပါင္းေဆာင္႐ြက္ေနတယ္လို႔ NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ဒီဇင္ဘာ ၁၃ ရက္ ညပိုင္းမွာ ထုတ္ျပန္ေျပာၾကားလိုက္ပါတယ္။

KNDF ဟာ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ ( KNPP)လက္ေအာက္ခံ ကရင္နီတပ္မေတာ္ (KA) နဲ႔ အတူလက္တြဲၿပီး စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္ေတာ္ လွန္ေရးမွာ တပ္ဦးကေန တြန္းလွန္တိုက္ခိုက္ေနတဲ့ တပ္ဖြဲ႕ျဖစ္တဲ့အျပင္၊

စနစ္က်တဲ့ ဖြဲ႕စည္းပုံ၊ စစ္ဦးစီးမႈ၊ ခိုင္မာတဲ့ မူဝါဒေတြနဲ႔ ကရင္နီျပည္အတိုင္ပင္ခံေကာင္စီ (KSCC)ရဲ႕ ႀကီးၾကပ္မႈ ေအာက္မွာ ရပ္တည္ေနတယ္လို႔လည္း ဦးရည္မြန္က ေျပာပါတယ္။

ဒါ့အျပင္ KNDF ဟာ ေဒသအတြင္း ျပည္သူ႕ကာကြယ္ ေရးတပ္မေတာ္(PDF)တပ္ရင္းတပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး စစ္အာဏာ႐ွင္စနစ္ ခ်ဳပ္ၿငိမ္းေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ေပၚေပါက္ေရးအတြက္ တိုက္ပြဲဝင္ေနတဲ့ အဖြဲ႕အစည္းျဖစ္တယ္လို႔လည္း NUG ကာကြယ္ေရးဝန္ႀကီးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒါ့ေၾကာင့္ KNDF ကို ကာကြယ္ေရးဝန္ႀကီးဌာန (အမ်ိဳးသားညီၫြတ္ေရးအစိုးရ) က အသိအမွတ္ျပဳ၊ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းျဖစ္ေၾကာင္း အဲ့ဒီေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

စစ္ေရးႏိုင္ငံေရး ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ NUG ကာကြယ္ေရးဝန္ႀကီးရဲ႕ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး KNDF အဖြဲ႕က တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆိုတာေတာ့ မ႐ွိေသးပါဘူး။

Photo- ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) တပ္ဖြဲ႕ဝင္တခ်ိဳ႕အား ေတြ႕ရစဥ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.